ကၽြန္မရင္ထဲဆက္ထုံးေတြမ်ားလာတဲ့အခါအမွားတစ္ခုကိုခြင့္လႊတ္လိုက္ရင္ေတာင္အရင္လိုျပန္ၿပီးယုံၾကည္လို႔မရေတာ့ဘူးဆိုတာသိတယ္မလားႀကိဳးေလးတစ္ေခ်ာင္းပ်က္သြားၿပီးမွျပန္ၿပီးဆက္ထားသလိုပါပဲဘယ္ေလာက္ပဲခိုင္ပါတယ္ေျပာေျပာဆက္ထုံးေလးေတာ့ရွိသင့္သေလာက္ရွိပါတယ္

ႀကိဳးတစ္ေခ်ာင္းရဲ႕ဆက္ထုံးကဘာမွမေျပာျပေပမယ့္ရင္ဘတ္ထဲကျဖစ္တဲ့ဆက္ထုံးေလးကတစ္သက္လုံး အဖုအထစ္ေတြအျဖစ္က်န္ရွိေနတတ္တယ္ယုံၾကည္ခ်င္ေပမယ့္ယုံၾကည့္လို႔မရေတာ့တာမ်ိဳးဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစာအရင္လို႔စိတ္ျပန္ၿပီးထားလို႔မရသလိုမ်ိဳးေပါ့တိုက္ဆိုင္တာေတြရွိလာတဲ့အခါတိုင္းမွာလဲျပန္ၿပီးအဲ့ဒီရင္ဘတ္ထဲက

အဖုအထစ္ေလးေတြကတစ္ဆစ္ဆစ္နဲ႔ ျပန္ၿပီးနာရပါတယ္ ။အမွားတစ္ခုကို လြယ္လြယ္ေလး ခြင့္လႊတ္လိုက္ဖို႔လြယ္ေပမယ့္ အဲ့ဒီအမွားကို ေမ့ပစ္လိုက္ဖို႔က် ခက္ခဲတတ္တယ္ေလ ကိုယ္တစ္ေယာက္တည္းမွမဟုတ္ပါဘူးဒါ လူတိုင္းနီးပါး ျဖစ္ေလ့ျဖစ္ထရွိၾကတာမ်ိဳးပါ အဖုအထစ္ေတြမ်ားလာတာနဲ႔အမွ် ဆက္ဆံရတာ အဆင္မေျပေတာ့ဘူး

အရင္လိုျပန္ၿပီးယုံၾကည္ဖို႔ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစားယုံၾကည္လို႔မရခဲ့ဘူးဒါကြၽန္မအျပစ္ရယ္လို႔လဲမဟုတ္ပါဘူးကြၽန္မအေပၚမေထာက္မထားပဲမွားခဲ့တာေတြေၾကာင့္ယုံၾကည္ခ်င္တာေတာင္ယုံၾကည္ဖို႔မလြယ္ေတာ့ဘူးဒါေၾကာင့္လူတစ္ေယာက္ကိုခ်စ္ရင္ဒဏ္ရာေတြခဏခဏမေပးနဲ႔အမွားေတြခဏခဏမလုပ္နဲ႔

ရင္ဘတ္ထဲမွာဆက္ထုံးေတြမ်ားသြားတဲ့အခါအရင္လိုျပန္ျဖစ္ခ်င္လို႔လဲအရင္အတိုင္းဘယ္နည္းနဲ႔မွျပန္မျဖစ္ႏိုင္ေတာ့ဘူးဆက္ထုံးႀကိဳးတစ္ေခ်ာင္းမွာေတာင္ဆက္ထုံးေတြပါလာရင္မခိုင္ႏိုင္ဘူးလို႔ထင္တတ္ၾကတာမ်ိဳးေလကြၽန္မရင္ထဲမွာလဲဆက္ထုံးေတြမ်ားလာတဲ့အခါဘယ္လိုအင္အားမ်ိဳးနဲ႔ ဆက္ၿပီးယုံၾကည္ဝံ့ပါ့မလဲ ။ခရက္တစ္ရွင္ယြန္း

ကျွန်မရင်ထဲဆက်ထုံးတွေများလာတဲ့အခါအမှားတစ်ခုကိုခွင့်လွှတ်လိုက်ရင်တောင်အရင်လိုပြန်ပြီးယုံကြည်လို့မရတော့ဘူးဆိုတာသိတယ်မလားကြိုးလေးတစ်ချောင်းပျက်သွားပြီးမှပြန်ပြီးဆက်ထားသလိုပါပဲဘယ်လောက်ပဲခိုင်ပါတယ်ပြောပြောဆက်ထုံးလေးတော့ရှိသင့်သလောက်ရှိပါတယ်

ကြိုးတစ်ချောင်းရဲ့ဆက်ထုံးကဘာမှမပြောပြပေမယ့်ရင်ဘတ်ထဲကဖြစ်တဲ့ဆက်ထုံးလေးကတစ်သက်လုံး အဖုအထစ်တွေအဖြစ်ကျန်ရှိနေတတ်တယ်ယုံကြည်ချင်ပေမယ့်ယုံကြည့်လို့မရတော့တာမျိုးဘယ်လောက်ပဲကြိုးစားကြိုးစာအရင်လို့စိတ်ပြန်ပြီးထားလို့မရသလိုမျိုးပေါ့တိုက်ဆိုင်တာတွေရှိလာတဲ့အခါတိုင်းမှာလဲပြန်ပြီးအဲ့ဒီရင်ဘတ်ထဲက

အဖုအထစ်လေးတွေကတစ်ဆစ်ဆစ်နဲ့ ပြန်ပြီးနာရပါတယ် ။အမှားတစ်ခုကို လွယ်လွယ်လေး ခွင့်လွှတ်လိုက်ဖို့လွယ်ပေမယ့် အဲ့ဒီအမှားကို မေ့ပစ်လိုက်ဖို့ကျ ခက်ခဲတတ်တယ်လေ ကိုယ်တစ်ယောက်တည်းမှမဟုတ်ပါဘူးဒါ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိကြတာမျိုးပါ အဖုအထစ်တွေများလာတာနဲ့အမျှ ဆက်ဆံရတာ အဆင်မပြေတော့ဘူ

အရင်လိုပြန်ပြီးယုံကြည်ဖို့ဘယ်လောက်ပဲကြိုးစားကြိုးစားယုံကြည်လို့မရခဲ့ဘူးဒါကျွန်မအပြစ်ရယ်လို့လဲမဟုတ်ပါဘူးကျွန်မအပေါ်မထောက်မထားပဲမှားခဲ့တာတွေကြောင့်ယုံကြည်ချင်တာတောင်ယုံကြည်ဖို့မလွယ်တော့ဘူးဒါကြောင့်လူတစ်ယောက်ကိုချစ်ရင်ဒဏ်ရာတွေခဏခဏမပေးနဲ့အမှားတွေခဏခဏမလုပ်နဲ့

ရင်ဘတ်ထဲမှာဆက်ထုံးတွေများသွားတဲ့အခါအရင်လိုပြန်ဖြစ်ချင်လို့လဲအရင်အတိုင်းဘယ်နည်းနဲ့မှပြန်မဖြစ်နိုင်တော့ဘူးဆက်ထုံးကြိုးတစ်ချောင်းမှာတောင်ဆက်ထုံးတွေပါလာရင်မခိုင်နိုင်ဘူးလို့ထင်တတ်ကြတာမျိုးလေကျွန်မရင်ထဲမှာလဲဆက်ထုံးတွေများလာတဲ့အခါဘယ်လိုအင်အားမျိုးနဲ့ ဆက်ပြီးယုံကြည်ဝံ့ပါ့မလဲ ။ခရက်တစ်ရှင်ယွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here