ခန္ဓာကိုယ်ပေါ်ကအဖုအကျိတ်တွေအတွက်အိမ်တွင်းဖြစ်ဆေးနည်းလက်တွေ့ကြုံမှဆေးမြီးတိုကိုယုံမိသည်။ အဖုအကျိတ်ဖြစ်၍သိပ္ပံဆေးဝါးဖြင့်ကုသရန်ခက်ခဲနေသူများအားထိလည်းထိရောက်ငွေကုန်ကြေးကျနည်းပါး
လှသည့်မြန်မာတိုင်းရင်းဆေးမြီးတိုနည်းလေးအားဝေငှပေးခဲ့ပါသည်ဘေးထွက်ဆိုးကြိုးများလည်းမရှိပါသောကြောင့်စိတ်ချယုံကြည်စွာသုံးနိုင်ပါသည်။နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှအဖုအကျိတ်အတွက်
မန်ကျည်း၊ထုံး၊ပျားကိုသုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။ရေးသူ(ဦးဇော်ဝင်းကုန်းဇောင်းတိုက်နယ်ဆေးရုံ)။ ဆေးနည်း(၁)ထုံး(ကွမ်းစားထုံး)။(၂)မန်ကျည်းမှည့်(အစေ့မပါ)။(၃)ပျားရည်စစ်။ထိုသုံးမျိုးကိုအဖုအကျိတ်
ပမာဏပေါ်မူတည်ပြီးဆတူရော၍လက်ဖဝါးပေါ်တွင်နာနာပွတ်ပြီးနယ်ပေးပါ။လက်ဖဝါးပေါ်တင်ကာနယ်ထားသောထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာရောစပ်သွားသောဆေးကိုအဖုအကြိတ်ပေါ်တင်ရန်ဖြစ်ပါသည်။
အဖုအကျိတ်ပေါ်ဆေးတင်သောအခါပူသောအရသာနှင့်အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည်။ပြန်ပြီးမခွာရပါ။တစ်နေ့လျှင်ထိုဆေးကို(၃) ကြိမ်မျှတင်ပေးနိုင်ပါသည်။အဖုအကျိတ်ဖြစ်ကာစဆိုပါလျှင်ဆေးတင်လိုက်ပါ
က(၃/၄)ရက်အတွင်းသက်သာပျောက်ကင်းပါသည်။အဖုအကျိတ်ရင့်ပြီးကိုက်ခဲနေလျှင်လည်းဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။ လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေCredit