ခရစ်နှစ်2021ခုနှစ် ကြာသပတေးသားသမီးများ တစ်နှစ်စာဗေဒင်​ကြာသပတေးသားသမီးများယခုနှစ်တွင်ကြာသပတေး သားသမီးများသည် မိမိ၏ အတွေ့အကြုံများအပေါ်မူတည်ပီးလုပ်ငန်းများတွင်အခွင့်အရေး

ကောင်းများရရှိပြီး အောင်မြင်မှူများ ဆွတ်ခူးရရှိမည်သို့သော် အများသူငှာ အပေါ် အားကိုးမရသောကာလဖြစ်မည်စက်သုံးဆီ ရောင်းဝယ်ခြင်း ဖျော်ရည်ယမကာများ ကွန်ပျူတာနှင့်ဆက်သွယ်ရေးပစည်းများ

ရွှေထည် ငွေထည် ကျောက်မျက် ရတနာတူးဖော်ရောင်းဝယ်ခြင်းများ ကောင်းမည် (16-1-2021) မှစ၍ (15-6-2021) အထိအရာရာတွင် သတိနှင့်ဆောင်ရွက်ပါငွေကြေးကိစများ စာချုပ်စာတမ်း ကိစများနှင့် တပါးသူအား

အာမခံခြင်းနှင့် လက်မှတ်ရေးထိုးပေးခြင်းများ ကိူအထူးဂရုစိုက်ပေးပါ။တပါးသူ၏ အနှောင့်အယှက်ကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်၏လူစုလူဝေးနှင့် ပွဲလမ်းသဘင် အပျော်အပါးများ စိတ်ဝင်စားမှုကို ရှောင်သင့်သည်

ရေကြောင်းခရီးသွားလာခြင်းများဂရုစိုက်ပါ။လုပ်ငန်းကိစများအတွက်တနလ်ာသောကြာသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးရမည်။အချစ်ရေးတွင် တပါးသူများ ဝင်ရောက်ပီး ချစ်သူနှစ်ဦးကြား

စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။အိမ်ထောင်ရှင်များ အပျော်အပါးလိုက်စားခြင်း ကြောင့်ပြသနာများ ဖြေရှင်းရမည်သား သမီးများအတွက် သတင်းကောင်းကြားရတတ်သည်ပညာရေးတွင် အောင်မြင်မှုပန်းတိုင်

ဆွတ်ခူးနိုင်မည်လုပ်ငန်းခွင် စာမေးပွဲများဖြေဆိုခြင်းကောင်း၏ကျန်းမာရေးတွင်နှလုံးအားနည်းခြင်း၊ခနာကိုယ် နေရာ အနှံအပြား ကိုက်ခဲခြင်းထိခိုက်ဒဏ်ရာရခြင်းနှင့်ခေါင်းမူးဝေဒနါများခံစားရတတ်၏ကြာသပတေး

သားသမီးများသည် ဂုဏ်သိက္ခာနှင့် ပြည့်စုံပြီး အပျော်အပါးလိုက်စားခြင်းကြောင့်ပင် အပျော်အပါးနှစ်သက်မှုကြောင့် ဘေးအန္တရာယ် တွေ့တတ်၏ကံကောင်းစေသောဂဏန်းမှာ (1-7-2-5)အကျိုးပေးအရောင်မှာအနီ

ရောင် အဝါရောင်တို့ဖြစ်ပါတယ်။ပြုလုပ်ရမည့်ယတြာမှာမိမိမွေးနံနေ့တွင်ကြေးဖလားဖြင့်ရေတော်(19)ခွက်ကပ်လှူပေးပါအဘိုးအဘွား အကြီးအကဲ ပုဂိုလ်များကို ကောက်ညှင်းပေါင်း ငချိပ်ပေါင်းများ လှူဒါန်းပေးပါ။

အောင်သပြေညွှန့် လက်ဖက်ညွှန့် မေမြို့ပန်း အားလုံးပေါင်း(19)ညွှန့်တို့ကိုရွှေအိုးဖြင့်ဘုရားပူဇော်ပေးပါ။အရှေ့ မြောက်အရပ်သည် ကြာသပတေး သား သမီးများအတွက် ဘုမ္မိအရပ်ဖြစ်သောကြောင့် ထိုအရပ်သို့ သွားခြင်းမျိုးရှောင်ပါ။Credit ဆရာမင်းဈာန်ဟိန်း 09425834772