“ခရမ်းချဉ်သီးယို”

ဒီခရမ်းချဉ်သီးယိုကို ထိုးနည်းပြောပြပေးမယ်ဆိုတဲ့ကတိအတိုင်းယိုထိုးနည်းကိုတင်ပေးလိုက်ပြီနော်….

လုပ်နည်းကိုတင်ပေးချင်လို့ အိမ်မှာ
ခုပြထားတဲ့ တစ်ပန်းကန်လုံးအသေးစာတစ်လုံးပဲထိုးပါတယ်
အဲ့ဒါတောင်မှ ခရမ်းချဉ်သီးက ၆၀ဆယ်သားရှိပါတယ်…
ခု လိုင်ပြထားတဲ့ပုံစံမျိုး အရောင်မျိုး အရသာမျိုးလိုချင်ရင်
ပေးထားတဲ့အချိုးအတိုင်းလုပ်နည်းအတိုင်းသေချာလိုက်လုပ်မယ်ဆိုရပါတယ်နော်…

ပါဝင်ပစ္စည်း…

ခရမ်းချဉ်သီး၆၀သား…..
သကြား၁၅ကျပ်သား
ဆား ကော်ဖီဇွန်းတဇွန်း..
ကွမ်းစားထုံး..အနည်းငယ်..တို့လိုအပ်ပါတယ်…

ယိုထိုးနည်း…

ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး ပြီး ထိပ်ကနေ အောက်ကိုမပြတ်စေရ လေးစိတ်စိတ်ပါ…

ပြီးရင် ထုံးကိုရေဖျော်ပြီးထိုခရမ်းချဉ်သီးတွေကို
လေးနာရီလောက်
ထုံးရေစိမ်ပေးထားရပါ့မယ်…အချိန်စေ့လျှင်ထုံတွေစင်အောင်ရေများများနှင့်ပြောင်စင်အောင်ပြန်ဆေးပေးပါ..

ထို့နောက်
ကျိုမည့်အိုးထဲသို့ထည့်.သကြားကိုရေကော်ဖီတစ်ခွက်စာနှင့်
ဖျော်ရည်အမိုက်သဲစစ်၍အိုးထဲသို့ထည့်ပေးပါ .ဆားထည့်ပါ
မီးဖွင့်၍ရေခမ်းသည်ထိကျိုပေးပါ..ဇွန်းနှင့်မမွှေပါနှင့် အိုးကပ်ခါနီးလျှင် အိုးကိုမ၍အသာလူပ်ပေးပါ..မတူးစေပါနှင့်
တူးနံစွဲသွားလျှင် ယိုအနံ့တွင်မမွှေးတော့ပါ..စိတ်ရှည်ရှည်နှင့်
အိုးကိုအသာလူပ်၍လူပ်၍သာလှည့်ပေးပါ..

.ရေခမ်းလျှင်
နေလှန်းမည့်ဗန်းထဲသို့တစ်လုံးခြင်းစီအသာဆယ်ယူ၍
ဖြန်ပီးနေကျက်ကျက်ပူပူအောက်မှာ၅ရက်လောက်လှန်းပေးရပါတယ်..၃ရက်မြောက်လောက်တွင် ပုံစံပြန်ပြန့်ကြီးဖြစ်နေသောခရမ်းချဉ်သီးတွေကို ခုပုံမှာပြထားသည့်အတိုင်းလက်နှင့်အသာအယာလိုက်စုပေးပါ..အထက်အောက်လှန်ပေးပါ

၅ရက်လောက်ဆိုရင်ပုံပါအတိုင်းသကြားလည်းပွင့် ခြောက်လည်းခြောက် အရောင်လည်းလှ.နှင့်အရမ်းအရသာရှိတဲ့ခရမ်းချဉ်သီးယိုကို
ရပါပြီ.လုံးဝကို ခရမ်းချဉ်သီးအစိမ်းနံလည်းမနံပါဘူး..အရသာကချိုချဉ်လေးပါနော်…ဝါသနာပါတဲ့အိမ်ရှင်မတွေလည်းခုလိုမျိုး.တခါတည်းအများကြီးမလုပ်ပဲညနည်းနည်းချင်းစီစမ်းသပ်ပြီးလုပ်ကြည်ု့ကြပေါ့နော် .အပျင်းလည်းပြေ..ပညာလည်းရ.ပျော်ဖို့လည်းကောင်းပါတယ်..အားလုံးကိုကျေးဇူးတင်ပါတယ်..

LEAVE A REPLY

Please enter your comment!
Please enter your name here