ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့lycopeneဓါတ်ဟာအရေပြားအတွက်အထူးပင်ကောင်းမွန်မှုရှိပါတယ်ဒါကြာင့်အသားအရေလှချင်ရင်ခရမ်းချဉ်သီးများများစားပါလို့ပြောကြတာ ဖြစ်ပါတယ်ခရမ်းချဉ်သီးဟာအရေပြားအတွင်းရော

အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဝက်ခြံဆားဝက်ခြံတွေကိုအထူးပျောက်ကင်းစေနိုင်ပြီးချွေးပေါက်ကျယ်တွေကိုလည်းကျဉ်းစေနိုင်စွမ်းရှိပါတယ်မျက်နှာအသားအရေကိုလည်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပိုပြီး ဖြူလာစေပါတယ်ခရမ်းချဉ်သီးနဲ့အရေပြားဆိုင်ရာ ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲကြည့်ရအောင်၁။မျက်နှာအသားအရေကြည်လင်ဖြူ ဖွေးဖို့အတွက်ခရမ်းချဉ်သီး နှင့်သကြားပထမဦးစွာသကြား

လက်ဖက်ရည်၂ဇွန်းကိုခွက်တစ်ခုထဲထည့်ထားပါထို့နောက်ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီးအသုံးပြုမယ့်တစ်ခြမ်းကိုသကြားခွက်ထဲ၂မိနစ်ခန့် နှစ်ထည့်ထားပါပြီးသွားလျှင်တော့မျက်နှာအနှံ့ပွတ်ပေးပါဒီလိုလုပ်ပေး

ခြင်းအားဖြင့်မျက်နှာပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီးမျက်နှာကို ပိုမိုဖြူဖွေးစေကာဆားဝက်ခြံဝက်ခြံတွေကိုသိသာစွာ ပျောက်ကင်းစေပါတယ်၂။နေလောင်ဒဏ်အတွက်ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်အကြောင်းအမျိုးမျိုးကြောင့်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အရေပြားမှာ နေလောင်ရာတွေနဲ့အသားအရေညိုမဲညစ်နေသူများသုံးသင့်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့်ခရမ်းချဉ်သီးတစ်လုံးကိုကြိတ်စက်သို့Blender ဖြင့်ခပ်ပျစ်ပျစ်လေးရအောင်ကြိတ်ပေးပါ

ထို့နောက် နေလောင်မှုတွေဖြစ်နေသောအရေပြားနေရာသို့သုတ်လိမ်းပေးပြီးအနည်းဆုံး၁၅မိနစ်ခန့်ကြာအောင်ထားလိုက်ပါပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါတစ်ပါတ်၃ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးပါ

၃။အဆီပြန်ခြင်းအတွက်ခရမ်းချဉ်သီးနှင့်သခွားသီးသင်ဟာအဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်ဆိုရင်တော့ဒီနည်းလမ်းကလုံးဝအထောက်အကူပြုမှာပါသခွားသီးနှင့် ခရမ်းချဉ်သီးကိုအရည်သီးသန့်ညှစ်ပြီးလက်ဖက်ရည်ဇွန်း

၂ဇွန်းခန့်ဆီဆတူရောစပ်ပြီးမျက်နှာပေါ်သို့ညှင်သာစွာသုတ်လိမ်းပေးပါ၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါတစ်ပါတ်လျှင်အနည်းဆုံး၂ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့်မျက်နှာအဆီပြန်ခြင်းကိုသိသိသာသာ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လျော့ကျသွားမှာ ဖြစ်ပါတယ်၎။ချွေးပေါက်ကျယ်ခြင်းအတွက်ခရမ်းချဉ်သီးနှင့်သံပုယိုသီးချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့်ဖုန်မှုန့်တွေအရေပြားထဲဝင်ပြီးဆားဝက်ခြံ နှင့်ဝက်ခြံတွေကိုပိုပြီး ဖြစ်ပွားစေပါတယ်ခခရမ်းချဉ်သီး

နှင့်သံပုယိုသီးကို အရည်ညှစ်ပြီးလက်ဖက်ရည်ဇွန်း၂ဇွန်းစီ ရောစပ်လိုက်ပါထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကိုအဓိကထားလိမ်းပေးပါ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင်ရေအေးဖြင့်ဆးကြော

ပေးပါ။ကျေနပ်တဲ့ရလဒ်ရတဲ့အထိတစ်ပါတ်၃ကြိမ်ခန့်ပုံမှန် ပြုလုပ်ပေးပါ၅။ဝက်ခြံတွေအတွက်ခရမ်းချဉ်သီမျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ သန့်ရှင်းလတ်ဆတ်တဲ့

ခရမ်းချဉ်သီးတစ်လုံးကိုယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါတစ်ခြမ်းကိုယူပြီးမျက်နှာအနှံ့ ပွတ်လိုက်ပါဝက်ခြံရှိတဲ့နေရာကိုအဓိကထားပွတ်လိမ်းပေးပါ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင်ထားပြီးလျှင် ရေဖြင့်ဆေးကြောလိုက်ပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

တစ်ပါတ်၃ကြိမ် ပြုလုပ်ပေးရမှာပါခရမ်းချဉ်သီးမှာပါဝင်တဲ့ဗီတာမင်အေ နှင့် စီဟာဝက်ခြံတွေကိုထိရောက်စွာကုသပေးနိုင်ပါတယ်ဝက်ခြံမရှိသူများလည်းဒီနည်းလမ်းလေးကိုလုပ်ပေးမယ်ဆိုရင်ဝက်ခြံဆားဝက်ခြံ ဖြစ်ခြင်းမှ

ကြိုတင်ကာကွယ်ရာရောက်သလိုမျက်နှာအသားအရေကိုလည်းကြည်လင်ဝင်းပစေနိုင်ပါတယ်မှတ်ချက်အထက်ဖော်ပြပါနည်းလမ်းတွေကိုအသုံးမပြုခင်မှာမျက်နှာသစ်ထားဖို့တော့လိုပါမယ်