ဖေဖော်ဝါရီလ(၁၅)ရက်မှစ၍ မြန်မာပြည်တိုင်းနှင့်ပြည်နယ်(၅)ခုမှာမိုးကြီးမည်ဖေဖော်ဝါရီ၁၅ရက်နေ့ကနေ၁၈ရက်အတွင်းရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်၅ခုတွင်မိုးထစ်ချုန်းရွာသွန်းမယ်လို့မိုးလေဝသနှင့်ဇလဗေဒ

ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်ဘင်္ဂလားပင်လယ်အော်မှ လေပွေ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊အရှေ့ဘက်မှ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ဖေဖော်ဝါရီလ၁၅ရက်နေ့မှ၁၈ရက်နေ့အတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်

အရှေ့ပိုင်း) နှင့်ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမိုးကြီးနိုင်တယ်လို့ ဆိုပါတယ်ယင်းအပြင်တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။အဆိုပါဒေသများ

တွင်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါတယ်လို့ဆိုပါတယ်