မီတာသွားဆောင်တဲ့သူတွေလတ်တလာကြုံတွေ့နေရတဲ့ဒုက္ခကတော့အတော်ကြီးမားပါတယ်မီတာခသွားဆောင်တဲ့ငွေတွေကိုမီတာရုံးကယူထားလိုက်ပြီးကြွေးကျန်စာရွက်တွေထပ်ရောက်လာတဲ့ပြဿနာဖြစ်ပါတယ်တောင်ဥက္ကလာ
မှာမီတာသွားဆောင်သူတဦးတင်ထားတဲ့အဖြစ်အပျက်ကိုအောက်မှာဖော်ပြ လိုက်ပါတယ်နိုဝင်ဘာလ၁၅ရက်နေ့ကမီတာခကျသင့်ငွေကျပ်၄၂၂၂၀၀ကျော်ကို တောင်ဥက္ကလာပမီတာရုံးသို့သွားဆောင်ရာဂိတ်ပေါက်တွင်အတွင်းသို့
ဝင်မရဟုတားမြစ်ပြီးဂိတ်ပေါက်တွင်တာဝန်ရှိသူဟုပြောပြီးမီတာစာရွက်နှင့်ကျသင့်ငွေကိုရုံးတွင်းသို့ယူသွားပါသည်ငွေသွင်းပြီးကြောင်းကိုပုံပါအတိုင်းလက်မှတ်ထိုးဆောင်ရွက်ပေးပါသည်ထိုဆောင်ထားသောလများအတွက်ကြွေးကျန်
ဟုဆိုကာမီတာစာရွက်ထပ်လာ၍သွားရောက်ရှင်းလင်းပါသည်တာဝန်ရှိသူမည်သူကမှရှင်းလင်းပေးခြင်းမရှိပါမီတာဆောင်ရာတွင်ဂရုပြုနိုင်ပါရန်တင်လိုက်ရပါတယ်အထက်ပါဖြစ်စဉ်အရမီတာခငွေများကိုလက်ခံသူနဲ့မီတာ
စာရွက်ထုတ်သူတို့အကြားချိတ်ဆက်မှုလွဲချော်နေသည်မှာအထင်အရှားဖြစ်ပါတယ်အဲဒါဆိုအခုဆောင်နေတဲ့မီတာခတွေကရောတကယ်ဆောင်နေတာဟုတ်ရဲ့လားဆိုတဲ့မေးခွန်းပေါ်လာပါတယ်ရုံးရှေ့ကလူကယူသွားပြီးလက်ရေးနဲ့
ရေးပေးလိုက်တဲ့စာရွက်ကအကျုံးဝင်ရဲ့လားအရင်လိုလက်ခံဖြတ်ပိုင်းနဲ့မလုပ်တော့ဘူးလားဆောင်ပြီးကာမှဘာလို့အကြွေးကျန်ဆိုပြီးထပ်ရောက်လာတာလဲမဖြေရှင်းနိုင်တဲ့မေးခွန်းများစွာကျန်ရှိနေပါတယ်ဒီမေးခွန်းတွေကိုဘယ်သူ
ဖြေကြမှာလဲတာဝန်ယူမှုရော၊တာဝန်ခံမှုရောဘယ်သူတွေလုပ်ကြမှာလဲလောလောဆယ်တော့ပြည်သူတွေရဲ့ပိုက်ဆံကတော့စာရင်းမရှိအင်းမရှိတဲ့မီတာခကောက်တဲ့သူတွေလက်ထဲမှာရေစုန်မျောတဲ့အဖြစ်ကိုရောက်နေပါပြီ