ခုနှစ်ရက်အတွင်းဆံပင်၁လက်မကနေ၂လက်မထိပိုရှည်လာစေမယ့်သဘာဝနည်းလမ်းဆံပင်အရှည်နှေးလို့စိတ်ညစ်နေကြပြီလားပျိုမေတို့ရေဆံပင်အရှည်မြန်အောင်ဆံပင်ထိန်းသိမ်းရ

တာလည်းစိန်ခေါ်မှုတစ်ခုပါပဲဒါကြောင့်ဒီတစ်ခေါက်မှာတော့ တစ်ပတ်အတွင်းသိသိသာသာဆံပင်ရှည်လာစေဖို့သဘာဝအတိုင်းထိန်းသိမ်းနည်းတွေကိုဖော်ပြပေးလိုက်ပါတယ်

၁။နေ့တိုင်းခေါင်းမလျှော်ပါနဲ့ရှန်ပူမှာပါတဲ့ကလိုရင်းကဆံသားခြောက်သွေ့စေပါတယ်ဒါကြောင့်ဆံပင်အရှည်မြန်ချင်ရင်နေ့တိုင်းခေါင်းမလျှော်သင့်ပါဘူး

၂။ရေများများသောက်ပေးပါရေသောက်ပေးတာကဆံကေသာအတွက်တင်မကဘဲလက်သည်းခြေသည်းအရေပြားနဲ့ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်

၃။ဦးရေပြားသွေးစီးဆင်းမှုကောင်းဖို့ နှိပ်နယ်ပေးပါဦးရေပြားကိုပုံမှန်နှိပ်နယ်ပေးတာကသွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံသားကိုတောက်ပကာအရှည်ပိုမြန်စေပါတယ်

၄။ဗီတာမင်ဘီ၊သဘောၤသီးနဲ့ ငှက်ပျောသီးစားပေးပါဘီတာမင်ဓာတ်မှန်မှန်ကန်ကန်စားသုံးပေးတာကလည်းသင့်ဆံသားအတွက်အထောက်အကူဖြစ်ပါတယ်

၅။ခေါင်းလျှော်တဲ့အချိန်ရေပူနဲ့မလျှော်ပါနဲ့ရေပူနဲ့ခေါင်းလျော်တာကဆံသားပျက်စီးစေပါတယ်တကယ်လို့ရေအနွေးသုံးချင်ရင်တော့ရှန်ပူမသုံးခင်သုံးနိုင်ပါတယ်ရှန်ပူဆေးချဖို့ကိုတော့ ရေအေးသုံးပေးရပါမယ်ဒီနည်းလမ်းတွေကတော့သဘာဝနည်းနဲ့ ဆံပင်အရှည်မြန်စေတဲ့နည်းလမ်းတွေဖြစ်ပါတယ်