ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့အမျိုးသမီးတိုင်းလိုက်နာသင့်တဲ့အချက် (၁၀)ချက်ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးဖို့ဆိုတာသိပ်ကိုအရေးကြီးတဲ့အချက် ဖြစ်ပါတယ်လူပေါင်းစုံရှိတဲ့ လောကကြီးမှာကိုယ့်ကိုယ်ကိုလောက်

ကိုယ့်ကိုချစ်မယ့်သူထပ်ရှိဖို့ဆိုတာမသေချာပါဘူးကိုယ့်ရဲ့အစစအရာရာကိုကိုယ်ကမှမချစ်ရင်တခြားသူချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင်ဒါကအဓိပ္ပာယ်မရှိတဲ့အချက်ပါပဲကိုယ့်ကိုယ်ကိုတန်ဖိုးထားတယ်၊ကိုယ့်ကိုယ်ကိုချစ်တယ်

ဆိုရင်တော့အခုဖော်ပြမယ့်အချက်တွေကမဖြစ်မနေလိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်၁ကျန်းမာရေးကိုဂရုစိုက်ပါကျန်းမာရေးမကောင်းရင်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဘာပဲ ဖြစ်ချင်ဖြစ်ချင်ကျန်းမာရေးကောင်းဖို့ကနံပါတ်(၁)မို့

ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင်ကျန်းမာရေးကောင်းအောင် နေဖို့အစားအသောက် ဆင်ခြင်ဖို့၊ကျန်းမာရေးပိုကောင်းစေမယ့်အစားအသောက်တွေကိုစားသောက်ဖို့နဲ့တခြားသောကိုယ်လက်လှုပ်ရှားမှုတွေလည်းလုပ်သင့်ပါတယ်။

(၂)လှလှပပလေး နေထိုင်ပါလူတစ်ယောက်ရဲ့အသွင်အပြင်ကသူ့ရဲ့ဘဝကို အများကြီးသက်ရောက်ပါတယ်အလုပ်အတွက် ဖြစ်စေ၊ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် ဖြစ်စေကိုယ့်ကဘယ်လိုလူလဲဆိုတာကိုဖြစ်စေ ေဖာ်ပြပေးနိုင်တာမို့

လှတပတလေးနေထိုင်ဖို့ကအရေးကြီးပါတယ်လှနေတဲ့ကိုယ်ကကိုယ့်အတွက်စိတ်ခွန်အားလည်း ဖြစ်စေပါတယ်(၃)မိသားစုကိုဂရုစိုက်ပေးပါမိသားစုကငယ်တဲ့အချိန်နဲ့အချိန်မလွန်ခင်မှာပဲဂရုစိုက်ခွင့်ရတာပါသွေးသားတော်စပ်တဲ့

တစ်ခုတည်းသောမိသားစုကိုဂရုစိုက်ပေးတဲ့အခါသင်လည်းစိတ်ကျေနပ်မှုနဲ့အတူ ပျော်ရွှင်လာပါလိမ့်မယ်အထူးသဖြင့်ကိုယ့်ကိုကလေးဘဝတည်းကဂရုတစိုက် မွေးမြူခဲ့တဲ့မိဘတွေကိုပိုပြီးဂရုစိုက်ပေးသင့်ပါတယ်နော်၎)ငွေရှာပါ

ကိုယ့်ဘဝကိုတခြားတယောက်အပေါ်မှာမှီတည်ထားရတယ်ဆိုတာမကောင်းပါဘူးကိုယ်ကဘယ်သူမှမရှိရင်တောင်ကိုယ့်အရည်အချင်းနဲ့ကိုယ် ငွေရှာနိုင်တယ်စားဝတ်နေရေးအတွက်တစ်ယောက်ယောက်ကိုမှီခိုစရာမလို

ဘူးဆိုတာဂုဏ်ယူစရာ ဖြစ်ပြီးသူများမျက်နှာမကြည့်ရမယ့်အချက်လည်းဖြစ်ပါတယ်(၅)ဗဟုသုတတွေဖြည့်ပါလောကမှာဖြစ်လာမယ့်အခြေအနေတွေကကိုယ်မမျှော်လင့်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ကလောကနဲ့

ပတ်သတ်တဲ့ဗဟုသုတတွေလည်းအမြဲ ဖြည့်သင့်ပါတယ်။လောကမှာရှိတဲ့မကောင်းတဲ့သူတွေအကြောင်းလက်ရှိ ခေတ်စားနေတဲ့အရာတွေအကြောင်းအပြင်ကိုယ့်အရည်အချင်းနဲ့ပတ်သတ်တဲ့ဗဟုသုတတွေကကိုယ့်ကိုအထောက်အကူ

ဖြစ်စေမှာပါ(၆)ကိုယ့်ကိုယ်ကိုပျော်အောင်နေပါဘဝဆိုတာရှင်သန်ရချိန်ကခဏလေးပါဒီအချိန်ခဏမှာကိုယ့်ကိုယ်ကို ပျော်ရတဲ့အချိန်တွေများအောင်ဂရုစိုက်ပေးသင့်ပါတယ်တခြားသူတွေကြောင့်ကိုယ့်အပျော်တွေပျက်သုဉ်းရ

တာမျိုးမဖြစ်ပါစေနဲ့ ပျော်ရွှင်ခြင်းကကိုယ့်ကိုယ်ကိုချစ်တဲ့သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်(၇)ကိုယ့်ကိုယ်ကိုလည်းဂုဏ်ပြုပါရှင်သန်ခဲ့တဲ့တစ်လျှောက်လုံးမှာကိုယ်တိုင်ရဲ့ ပြုလုပ်ခဲ့တဲ့အရာတွေကိုလည်း ကျေးဇူးတင်သင့်ပါတယ်

ကျန်းမာနေတာမျိုးအရည်အချင်းရှိနေတာမျိုးအသားအရေကိုဂရုစိုက်ပေးနိုင်တာမျိုး စတဲ့အချက်တွေအတွက်လည်းကိုယ့်ကိုယ်ကိုချီးကျူးဂုဏ်ပြုသင့်ပါတယ်၈ဝါသနာပါတာလုပ်ပါစိတ်ပင်ပန်းစရာတွေ၊အလုပ်တာဝန်တွေနဲ့

တစ်သက်လုံးရှင်သန်နေခဲ့တဲ့အတောအတွင်းမှာကိုယ့်ကိုယ်ကိုအနားပေးဖို့လည်းလိုအပ်ပါတယ်ဒီအတွက်ကိုယ်ဝါသနာပါတာလေးတွေလုပ်ရင်းအနားပေးနိုင်ပါတယ်သိုးမွှေးထိုးတာမျိုးအဝတ်ချုပ်တာမျိုးစတဲ့ဝါသနာလေးတွေကို

အချိန်ပေးနိုင်ပြီဆိုရင်တော့ကိုယ့်ကိုယ်ကိုချစ်တာ သေချာသလောက်ပါပဲ(၉)ငွေစုပါဘဝဆိုတာခန့်မှန်းလို့မရပါဘူကိုယ့်အတွက်တခြားသူတစ်ယောက်ရှိမလားဆိုတာလည်းမသေချာပါဘူးဒါကြောင့်ကိုယ့်အတွက်ကိုယ့်ကိုယ်ကိုပဲအားကိုးပါ

ငွေရှာနိုင်တဲ့အချိန်မှာချွေတာသုံးပြီးငွေစုဖို့ပြုလုပ်ပါငွေစုတာကသင့်အတွက်တချိန်မဟုတ်တချိန်မှာအထောက်အကူ ဖြစ်စေမယ့်အချက် ဖြစ်ပါတယ်(၁၀)စိတ်အေးချမ်းအောင် ပြုလုပ်ပါအကြည်ဓာတ်ရှိရာကိုအကြည်ဓာတ်တွေလာတယ်

ဆိုသလိုကိုယ့်မှာ ကောင်းတဲ့အရာတွေပိုပြီး ဖြစ်လာစေဖို့အတွက်ကိုယ့်ရဲ့ စိတ်တွေက အေးချမ်းမှုတွေရှိနေဖို့လိုအပ်ပါတယ်မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ၊ သိမ်းထားဖို့မလိုတဲ့ပူလောင်မှုတွေကိုလွှတ်ချပြီးကိုယ့်စိတ်ကို အေးချမ်းဖို့လည်း ပြုလုပ်ပေးသင့်ပါတယ်