ဆံပင်ကျွတ်ပြီးအဖျားရှူးလာတာကိုပြန်လည်ပြုပြင်ပေးမယ့်အလွယ်ဆုံးပေါင်းတင်နည်း(၄)မျိုးပျိုမေတို့ဆံပင်အရှည်ထားတဲ့အခါဆံပင်ကျွတ်တာရယ်၊အဖျားတွေခြောက်ပြီးကွဲတာတွေရယ်ကြောင့်ကိုယ်လိုချင်တဲ့အရှည်လည်းရောက်ရောဆံပင်

အဖျားရှူးပြီးပါးပါးလေးဖြစ်နေတတ်ပါတယ်ဒီလိုမဖြစ်ရအောင်ဆံပင်အဖျားလေးတွေကိုမကြာခဏတိပေးဖို့လိုပြီးအခုဖော်ပြမယ့်ပေါင်းတင်နည်းလေးတွေကိုလည်းပုံမှန်လုပ်ပေးသွားဖို့လိုပါတယ်(၁)စတော်ဘယ်ရီအနည်းငယ်နဲ့ကြက်ဥအနှစ်

တစ်လုံးတို့ကိုရောမွှေပြီးရလာတဲ့အနှစ်ကိုဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပြီမိနစ်၂၀ကြာရင်ရေနွေးနွေးလေးနဲ့ဆေးပြန်ချေပးလိုက်ပါတစ်ပတ်တစ်ခါလောက်ပုံမှန်လုပ်ပေးရုံပါပဲ၂ကြက်ဆူဆီတစ်ဇွန်း၊သံလွင်ဆီတစ်ဇွန်း၊ပျားရည်တစ်ဇွန်တို့ကိုရောမွှေပြီး

တစ်ခေါင်းလုံးအနှံ့လိမ်းပေးကာနာရီဝက်လောက်ထားပြီခေါင်းလျှော်ပေးပါတစ်ပတ်နှစ်ခါလောက်ပုံမှန်လုပ်ပေးသွားရင်တခြားဆံပင်ပေါင်းဆေးတွေသုံးဖို့တောင်မလိုတော့ပါဘူး(၃)ဒိန်ချဉ်အသန့်တစ်ဇွန်းပန်းသီးရှာလကာရည်တစ်ဇွန်းပျားရည်

တစ်ဇွန်းတို့ကိုရောမွှေပြီးဆံပင်အရင်းကနေအဖျားအထိလိမ်းပေးပါတဘက်နဲ့ပေါင်းထားပြီး၁၅မိနစ်ကြာရင်ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးရင်ဆံပင်ကျွတ်ပြီးပါးတာအဖျားရှူးတာတွေမဖြစ်တော့အောင်

တားဆီးပေးနိုင်ပါတယ်ငှက်ပျောသီး၊အုန်းဆီငှက်ပျောသီးမှည့်တစ်လုံးအုန်းဆီတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီးတစ်ခေါင်းလုံးအနှံ့လိမ်းကာ၅မိနစ်ကြာရင်ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ၄ရက်တစ်ကြိမ်လောက်လုပ်ပေးရင်ဆံပင်ကျွတ်တာပါးတာတွေလုံးဝမရှိတော့ဘဲဆံပင်ထူထူလှလှလေးကိုရပါလိမ့်မယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com







တားဆီးပေးနိုင်ပါတယ်(၄)ငှက်ပျောသီး၊အုန်းဆီငှက်ပျောသီးမှည့်တစ်လုံး၊အုန်းဆီတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီးတစ်ခေါင်းလုံးအနှံ့လိမ်းကာ၅မိနစ်ကြာရင်ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ၎ရက်တစ်ကြိမ်လောက်လုပ်ပေးရင်ဆံပင်ကျွတ်တာပါးတာတွေလုံးဝမရှိတော့ဘဲဆံပင်ထူထူ လှလှလေးကိုရပါလိမ့်မယ်