ခေါင်းပေါ်ကဖြူဖြူဖွေးဖွေး ဗောက်တွေကိုသဘာဝအတိုင်းဖယ်ရှားနိုင်မယ့်နည်းလမ်းများဗောက်ဆိုတာကအသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမမရွေးဖြစ်ပေါ်နိုင်ပါတယ်ဒီလိုမျိုးဗောက်ထလာပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဦးရေပြားခြောက်

လာမယ်၊ဆံပင်တွေကျွတ်လာမယ်၊အဆိုးဆုံးကတော့မိမိကိုယ်ကိုယုံကြည်မှု ကျဆင်းလာမှာဖြစ်တယ်အဲ့ဒါကြောင့် ဗောက်ပျောက်အောင်သဘာဝနည်းလမ်းနဲ့ဘယ်လိုလုပ်မလဲဆိုတာဆက်ဖတ်ကြည့်ရအောင်နော်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၁။ ဗောက်နဲ့ပတ်သက်ရင်တော့ လက်ဖက်အဆီကအသင့်တော်ဆုံးပါပဲ။ဘယ်လိုအသုံးပြုရမလဲဆိုတော့၂၀၀မီလီလီတာ ခေါင်းလျှော်ရည်ဘူးထဲကိုလက်ဖက်အဆီ (၈)စက်ကနေ(၁၀)စက်အထိထည့်ပေးမယ်ပြီးရင်ပုံမှန်အတိုင်း

ခေါင်းလျှော်ပေးလိုက်ရုံပါပဲခေါင်းလျှော်နေတဲ့အချိန်မှာလက်ဖက်ဆီအာနိသင်ရှိအောင်လို့ဦးရေပြားပေါ်မှာကြာကြာထားပေးဖို့တော့လိုမယ် နော်။နောက်တစ်နည်းကတော့အုန်းဆီထဲကိုလက်ဖက်ဆီထည့်တာပါအုန်းဆီပုလင်းထဲ

ကိုလက်ဖက်ဆီ(၁၅)စက်လောက်ထည့်ပေးမယ်ပြီးရင် ခေါင်းပေါ်လိမ်းပြီး နှိပ်နယ်ပေးပါညဘက်လိမ်းထားပေးပြီးမနက်ကျရင် ခေါင်းလျှော်လိုက်ရုံပါပဲ၂။ပန်းသီးရှာလကာရည်ပြုလုပ်ပုံကတော့ပန်းသီးရှာလကာရည်ကို ရေနဲ့အချိုးတူရောလိုက်ပါ။ ခေါင်းလျှော်ပြီးလို့ဆံပင်မခြောက်သေးခင်

မှာပဲခုနကရောထားတဲ့အရည်ကိုသုတ်လိမ်းနှိပ်နယ်ပေးပြီး(၁၅)မိနစ်ကြာမှ ရေပြန်ဆေးရပါမယ်ပန်းသီရှာလကာရည်မှာပါဝင်တဲအက်စစ်ဓာတ်ဟာ ဗောက်ကြောင့်ဖြစ်တဲ့ယားယံခြင်း၊ဦးရေပြားခြောက်သွေ့ခြင်းအတွက်အသုံးတည့်ပါတယ်

၃။အုန်းဆီသင့်ဆံပင်အထူအပါးအတိုအရှည်ပေါ်မူတည်ပြီးအုန်းဆီပမာဏအနည်းငယ်ကိုအပူပေးပါပြီးရင်ဦးရေပြားနဲ့ဆံပင်ပေါ်ကိုငါးမိနစ်ခန့်သုတ်လိမ်းနှိပ်နယ်ပေးပါ။ညဘက်မှာလိမ်းထားပြီးတော့မနက်ကျရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

၎။ပျားရည်ပျားရည်မှာပါဝင်တဲ့ဗီတာမင်A၊B၊C၊D၊Eနဲ့B-Complexကဦးရေပြားခြောက်သွေ့ခြင်းမှကာကွယ်ပေးပြီး ဆံပင်ကိုအစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုတော့ဆံပင်ကိုအရင်ရေဆေး

ချလိုက်ပါပြီးရင်ပျားရည်ကိုးဆယ်ရာခိုင်နှုန်းနဲ့ ရေဆယ်ရာခိုင်နှုန်းရောပြီးဦးရေပြား ထဲစိမ့်ဝင်အောင်သုတ်လိမ်းပေးပါပြီးရင်နာရီအနည်းငယ်ကြာအောင်ထား ထားပါပြီးတော့မှ ရေဆေးချလိုက်ရမှာပါ။

၅။အရည်အသွေးကောင်းတဲ့မုန့်ဖုတ်ဆိုဒါကိုသင်သုံးနေကျခေါင်းလျှော်ရည်နဲ့ ရောပြီးပုံမှန်လျှော်နေကြအတိုင်းလျှော်လိုက်ပါဒါမှမဟုတ်မုန့်ဖုတ်ဆိုဒါကိုပန်းသီးရှာလကာရည်နဲ့အတူရောနှောလိုက်ပါပြီးရင်ဦးရေပြားပေါ်သုတ်လိမ်းပြီးမှ ရေဆေးချလိုက်ပါ

နောက်တစ်နည်းကတော့မုန့်ဖုတ်ဆိုဒါနဲ့ နှင်းဆီအဆီကို ရောနှောပြီးဦးရေပြားကိုသုတ်လိမ်းပြီး နှစ်မိနစ်၊သုံးမိနစ်ခန့်ထားပြီးမှရေအေးလေးနဲ့ဆေးချလိုက်ပါ။ သတိထားရမဲ့အချက်ကတော့မုန့်ဖုတ်ဆိုဒါသီးသန့်ချည်းတိုက်ရိုက်အသုံးမပြုမိဖို့ပါပဲ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

၆။တမာရွက်တမာရွက်အနည်းငယ်ကိုမိနစ်အနည်းငယ်ခန့်ဆူပွက်အောင်တည်ပါ။ပြီးရင် ရလာတဲ့တမာရည်ကိုဆံပင်ပေါ်သုတ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါဒါပေမဲ့တမာအဆီအနှစ်တွေကိုတော့အသုံးမပြုရဘူးနော်၊ဦးရေပြားကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်လို့ပါ။

၇။သံပရိုသီးလတ်လတ်ဆတ်ဆတ်ညစ်ထားတဲ့သံပရိုသီးအရည်ကိုဦးရေပြားပေါ်သုတ်လိမ်းပေးပါ။၃၅မိနစ်ကနေမိနစ်၄၀အထိပြီးမှ ရေဆေးချလိုက်ပါသံပုရိုရည်နဲ့ပျားရည်၊ဒါမှမဟုတ် သံပရိုရည်နဲ့ ရေ ရောပြီးတော့လည်းအသုံးပြုနိုင်ပါတယ်