ဆံပင်တွေခဏခဏကျွတ်နေရင်ဒီပေါင်းတင်နည်းလေးကိုလုပ်ကြည့်လိုက်ပါဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်စရာမလိုတော့ပါဘူးဒီပေါင်းတင်နည်းလေးကသင့်ဆံပင်ကျွတ်တာကိုသက်သာစေတဲ့အပြင်ဆံပင်ကိုလည်းထူလာ

စေပါတယ်ဆံပင်ပါးတဲ့သူတွေလည်းသုံးပေးနိုင်ပါတယ်ပေါင်းတင်နည်းလေးကလည်းမခက်ပါဘူးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုသာသုံးပေးရမှာပါလိုအပ်တဲ့ပစ္စည်းတွေကတော့ကြက်သွန်နီနဲ့ပျားရည်ပါကြက်သွန်နီကဆံပင်ကိုပိုပြီးထူစေပြီးဆံပင်ကျွတ်

သက်သာစေပါတယ်ဆံပင်အရှည်မြန်စေအတွက်ဆံပင်အုံထူချင်တဲ့သူတွေလုပ်ပေးလို့ရပါတယ်ကြက်သွန်နီတစ်လုံးယူပြီးဓားနဲ့ပါးပါးလှီးပါမွှေစက်ထဲထည့်ပြီးဖြစ်စေ၊ထောင်းပြီးဖြစ်စေညက်သွားအောင်လုပ်ပါပြီးရင်ပန်းကန်လုံးထဲထည့်ပြီး

အရည်တွေကိုစစ်ထုတ်ပေးပါပျားရည်စားပွဲတင်ဇွန်း၂ဇွန်းကိုထည့်ပါ။ခဏနေရင် လာဗင်ဒါအဆီလေးအနည်းငယ်ထည့်ပေးပါအုန်းဆီစစ်စစ်အဆီဆိုရင်လည်းရပါတယ်။အကုန်လုံးကိုရောမွှေပြီးရင်သုံးလို့ရပါပြီဘယ်လိုသုံးရမလဲဆိုတော့

အရည်တွေကိုဆံပင်အနှံ့ပွတ်လိမ်းပေးပါ။လိမ်းပြီးရင်ခေါင်းကိုတစ်ခုခုနဲ့စွပ်ထားပါနာရီဝက်ဖြစ်စေ၊တစ်ညလုံးဖြစ်စေထားနိုင်ပါတယ်နာရီဝက်ကြာပြီးရင်ရေနဲ့သန့်စင်အောင်ဆေးချပါနောက်တစ်နေ့မှာခေါင်းလျှော်ရည်နဲ့လျှော်ပေးလို့ရပါပြီတစ်လကို ၂ခါပုံမှန်လုပ်ပေးရင်ဆံပင်ကျွတ်သက်သာပြီးအရင်ကထက်ဆံပင်အုံထူလာတာကိုမြင်တွေ့ရမှာပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com




