ချစ်သူကို ကိုက်တတ်တဲ့ ကောင်မလေးတွေရဲ့ စိတ်နေစိတ်ထားများကိုက်တတ်တဲ့ ကောင်မလေးတွေက သဘောကျစရာ ကောင်းပါတယ်။ ကိုက်တတ်တာက သူတို့ရဲ့ အကျင့် ဖြစ်ပြီး ဒီအကျင့်က ချစ်သူကို အသည်းယားစေတတ်ပါတယ်။
ဒီလို ကိုက်တတ်တဲ့ ကောင်မလေးတွေက ဒီလို သဘောသဘာဝလေးတွေတော့ ရှိပါတယ်ရိုးရှင်းတယ်သူတို့တွေက ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းတတ်ကြပါတယ်။ စိတ်လည်း ရိုးရှင်းကြပါတယ်။ သူတို့တွေက ချစ်ဖို့ သိပ်ကောင်းတတ်သလို ချစ်သူအပေါ် ဆိုးနွဲ့တတ်ကြပါတယ်။
စိတ်ထား နူးညံ့တယ်သူတို့တွေကတော့ စိတ်ထား အင်မတန် နူးညံ့တတ်သူတွေ ဖြစ်ပါတယ်။ သနားတတ်တဲ့ စိတ် ရှိသလို ကူညီတတ်သူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေနဲ့ ချစ်သူ ဖြစ်တဲ့သူကတော့ ဘယ်တော့မှ စိတ်မချမ်းမသာ ဖြစ်ရမှာ မဟုတ်ပါဘူး။
အရမ်း ချစ်တတ်တယ်သူတို့လေးတွေက ချစ်သူကို သိပ်ချစ်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ချစ်ကြောင်း သိပ် ထုတ်မပြောတတ်ပေမယ့် သူတို့က ချစ်သူကို သိပ်ကို ချွဲတတ်ပါတယ်။ အသဲယားလာရင်လည်း ကိုက်နေတတ်ပါတယ်။ ဒါက သူ့ရဲ့ ချစ်သူကို ချစ်ကြောင်း ဖော်ပြတဲ့ နည်းတစ်ခုပါပဲ။
အဖိုးတန်လေးတွေသူတို့လေးတွေကို ချစ်သူတော်ထားရတဲ့သူတွေကတော့ သိပ်ကို ကံကောင်းကြသူတွေပါပဲ။ ချစ်ဖို့ကောင်းတယ်။ နွဲ့ဆိုးဆိုးတယ်။ အရမ်းလည်း ချစ်ပေးတတ်သလို စိတ်ထားလေးလည်း ကောင်းနေတော့ ချစ်သူ ဖြစ်ရတာ တကယ့်ကို ပျော်ရွှင်စရာပါပဲ။
ကလေးဆန်တယ်ကိုကိုတွေ အတွက်တော့ ဒီကောင်မလေးတွေက အသင့်တော်ဆုံးပါပဲ။ ကိုကိုရေ ဆို မလှုပ်နိုင်ဖြစ်လောက်အောင် ချစ်မိသွားမှာကတော့ အဲ့ဒီ ကောင်မလေးကြောင့်ပါပဲ။ သူတို့လေးတွေရဲ့ ကလေးဆန်တဲ့ ပုံလေးတွေကြောင့် အမြဲ ရင်ခုန်စရာ ဖြစ်နေမှာပါနော်။Credit Aunty May