ချစ်သူမရှိဘဲ တစ်ယောက်တည်း အနေကြာလာလို့ အထီးကျန်လာရင် ဤစာကိုဖတ်ပါသင်ဟာ ချစ်သူ ရည်းစားမရှိလို့ ဘဝကြီးက အထီးကျန်ဆန်ပြီး စိတ်ဓာတ်တွေကျနေပြီဆိုရင် ဒီစာလေးကို ဖတ်ကိုဖတ်လိုက်ပါ။

Single ဖြစ်ခြင်းကြောင့် အထီးကျန်ဆန်နေလို့ မလုပ်သင့် တာတွေ မလုပ်မိအောင်၊ ဒီဘဝလေးကို အကျိုးရှိအောင် အသုံးချ တတ်အောင်၊ တစ်ယောက်တည်းဖြစ်နေတုန်း လုပ်သင့်တဲ့အရာလေးတွေကို မျှဝေပေးလိုက်ပါတယ်

(၁)မလောပါနဲ့ရည်းစား တစ်ယောက်နဲ့ပြတ်ပြီး နောက်ထပ် ရည်းစား တစ်ယောက် ရကိုရရမယ်၊ ငါ ဒီအသက်အရွယ်ပဲ ရောက်နေပြီ ရည်းစားရကို ရရမယ် ဆိုပြီး လိုက်မရှာပါနဲ့။တကယ်ရေစက်ပါရင်

တစ်ယောက်အနား တစ်ယောက် အတင်းမလုပ်ယူဘဲ ရောက်လာမှာပါ။ခပ်လောလောနဲ့ ရည်းစားလိုက် ရှာကာမှ wrong people တွေနဲ့တွေ့ပြီး အဆင်မပြေကာ ကိုယ်ပဲ စိတ်ထိခိုက်နေ ပါဦးမယ် All good things take time ပါပဲ။

(၂) တစ်ဖက်သားကို တွန်းအားမပေးပါနဲ့အချစ်ဆိုတဲ့ အရာဟာ လုပ်ယူလို့ မရပါဘူး။ ဒါကြောင့် လူတစ်ယောက်ကိုယ့်ကို စိတ်ဝင်စားလာအောင်၊ ကြိုက်လာအောင်၊ ဂရုတွေစိုက် လာအောင်

ဆိုတာ သူစိတ်မပါဘဲနဲ့ ကိုယ့်ဖက်က ဘယ်လိုမှ တစ်ဖက်သက် ကြိုးစားလို့ မရပါဘူးကိုယ့်ဖက်က တွန်းအားပေးပြီး ခံစားချက်တွေကို ဖော်ထုတ်ပြ လိုက်တော့မှသာ ကိုယ်ဟာ သူ့အတွက် တန်ဖိုးမဲ့ သွားတတ် ပါတယ်။

(၃)အကျိုးရှိရှိအသုံးချပါရည်းစားရှိနေတုန်း ကဆိုရင် တစ်နေ့တစ်နေ့ ဒီရည်းစား တစ်ယောက်တည်းနဲ့ပဲ အချိန်ကုန်မှန်းမသိ ကုန်နေ တတ်တော့ အခုလို တစ်ယောက်တည်း အေးအေးဆေးဆေးဖြစ်နေ တဲ့အခါမျိုးမှာ single ဘဝကို လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးချ လိုက်ပါ။

ဥပမာ မိသားစုကို အချိန်ပေးတာ၊ မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး၊ အရင်တုန်းက သူချုပ်ချယ်လို့ မဝတ်ခဲ့ရတဲ့ အဝတ်အစား လှလှလေးတွေ ဝတ်မယ်၊ရည်းစားနဲ့ ဖုန်းပြောမယ့် အချိန်တွေကို ကိုယ်တိုးတက်ဖို့အတွက် တစ်ခုခု သင်ယူတာမျိုးပေါ့။ ယူတတ်ရင် အကျိုးရှိ စရာတွေ ချည်းပါပဲ။

(၄) အမှီအခိုကင်းကောင်လေ့ကျင့်ပါတစ်ယောက်တည်း single ဘဝနဲ့ ဖြတ်သန်းနေတဲ့ အခါမျိုးမှာ ဘယ်သူမဆို အထီးကျန်ဆန်မှာချည်းပါပဲ။ ဒါဟာ သဘာဝပါ။တီးထိုးတိုင်ပင်ဖော် မရှိဘူး၊ ကြည်နူးစရာလူသားတစ်ယောက် မရှိတော့ဘူး၊ အေးအတူပူအမျှ အကြံတွေပေး စိတ်အားငယ်တဲ့ အခါအားပေးမယ့် အဖော်လည် မရှိတော့ဘူး။

ဒါပေမဲ့ တစ်ယောက်တည်းဖြစ်တော့ရော ဘာဖြစ်သလဲ။တစ်ယောက်တည်း လျှောက်သွား ကြည့်မယ်၊ solo trip တွေလည်း ထွက်၊ ကော်ဖီဆိုင်တွေလည်း စာအုပ်တစ်အုပ် ကိုင်ပြီး ထွက်ထိုင် ကြည့်ပါ။ကိုယ်ပျော်ရွှင်ဖို့အတွက် တခြား လူတစ်ယောက် အပေါ် မမှီခို ပါနဲ့။ မတည်မြဲ နိုင်ပါဘူး။

(၅)Single ဘဝရဲ့တန်ဖိုးကိုသိပါစေရည်းစားဆိုတာ တစ်ချိန်တော့လည်း ရမှာပါပဲ။ ရည်းစားလည်း အရင်တုန်းက ထားဖူးနေတာပဲဆိုတော့ တခါတလေလောက် single ဖြစ်ခြင်းရဲ့ အနှစ်သာရတွေကို ခံစားကြည့်လိုက်ရအောင်လား။pennyခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here