အကျိုးပေးမြန်သောပံ့သကူတန်ဆောင်မုန်းလပြည့်ည၁၂နာရီမှာပံ့သကူပစ်ပါကိုယ်တတ်နိုင်သည့်ပမာဏလေးကိုစေတနာများစွာဖြင့်ပံ့သကူပစ်ပါရရှိလာမည့်အကျိုးကိုမမျှော်ကိုးပဲပစ်ပါနောင်ဘဝရမည့်ကုသိုလ်ယခုရမည့်

ကုသိုလ်အသာထားကြပ်တည်းနေကြတဲ့အချိန်မှာကိုယ့်ပံ့သကူလေးကြောင့်ရတဲ့သူပျော်သွားရင်ကိုယ်ပီတိဖြစ်ရတာကချက်ခြင်းလက်ငင်းရတဲ့အကျိုးကျေးဇူးပါငွေဖြစ်စေဆန်အိပ်သေးသေးလေးဖြစ်စေပံ့သကူပစ်ပါသည်လို့

စာလေးရေးပြီးပံ့သကူပစ်နိုင်ပါတယ်ရတဲ့သူလည်းလွတ်လွပ်စွာပျော်ရကိုယ်သည်လည်းပုဂ္ဂိုလ်စွဲမရှိပဲဖြူစင်စွာလှူရလို့ဘယ်လောက်ပီတိဖြစ်ရသလဲဗျာကိုယ်လှူမယ့် ပစ္စည်းကို၁။အိတ်နဲ့ထည့်မည်ဆိုလျှင်ကြွပ်ကြွပ်အိတ်အကြည်သုံးပါ

ဥပမာဆန်တို့သကြားတို့ဆပ်ပြာမှုန့်စသဖြင့်၂။ပိုက်ဆံဆိုလျှင်တော့အိတ်မလိုပါဘူးစက္ကူပေါ်မှာပံ့သကူပစ်သည်လို့ရေးပြီးပိုက်ဆံမှာသရေကွင်းနဲ့လိပ်ပြီးချည်ထားလိုက်ပေါ့။းအထူးအရေးကြီးတာကပံ့သကူပစ်ပါသည်ဆိုတဲ့

စာလေးကပ်ထားပေးရမယ်ဒါမှရတဲ့သူတွေလည်းဘေးကင်းပြီးသောကကင်းစွာ ရယူနိုင်ကြမှာပါရယူလို့ဖြစ်တဲ့ပျော်ရွှင်ခြင်းထက်ပေးကမ်းလို့ရတဲ့ပျော်ရွှင်မှုကပိုပြီးပျော်ရွှင်ရပါတယ်လေမေတ္တာများစွာဖြင့်