ကျွန်တော့်ကားပျက်သွားလို့ကားပြင်ဖို့ဝပ်ရှော့ကိုပို့ထားလိုက်ရတယ်ဒါကြောင့် မြို့ပတ်ရထားစီးပြီးအလုပ်သွားဖို့အိမ်နဲ့သိပ္မေဝးတဲ့ဘူတာရုံကိုလမ်းလျှောက် သွားလိုက်တယ်ဘူတာရောက်တော့ရထားလာဖို့စောင့်နေတုန်းဘူတာရုံ
ပလက်ဖေါင်းပေါ်မှာခွက်လေးတစ်လုံးရှေ့ချပြီးငုတ်တုပ်လေးထိုင်နေတဲ့အသက်၅၀ အရွယ်လူကြီးတစ်ယောက်ကိုသတိထားမိလိုက်ပါတယ်သူဟာအဝတ်အစားနွမ်းနွမ်းပါးပါးကိုဝတ်ထားတယ်သူ့မျက်နှာမှာထမင်းအလွန်ဆာနေပုံပေါ်နေတယ်
ဒါပေမဲ့သူ့ရုပ်ရည်ဟာသန့်ပြန့်လို့သူတောင်းစားတစ်ယောက်မဟုတ်လောက်ဘူးလို့ကျွန်တော်တွက်မိတယ်ကျွန်တော်လည်းသူ့ကိုသနားတာနဲ့ဘူတာရုံဘေးကထမင်းတစ်ထုတ်ဝယ်ပြီးသူ့ဆီသွားပေးလိုက်တယ်ဒီအချိန်မှာရထားဝင်လာလို့သူ့ကို
စကားမပြောနိုင်ဘဲလက်ထဲကထမင်းထုတ်ကိုပေးပြီးရထားပေါ်အမြန်တက်လိုက်တယ်ကျွန်တော်လှမ်းကြည့်လိုက်တော့သူဟာကျွန်တော့်ကိုအလွန်ကျေးဇူးတင်တဲ့ မျက်နှာနဲ့လှမ်းကြည့်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်သူ့အကြောင်းကို
စဉ်းစားရင်းညကတော်တော်နဲ့အိပ်မရဘူးဒီလူဟာသူတောင်းစားမဟုတ်နိုင်ဘူးသူ့ရုပ်ရည်ကြည့်ရတာအရင်ကချမ်းသာခဲ့တဲ့လူတစ်ယောက်ဖြစ်နိုင်တယ်သူအခုဘာကြောင့်တောင်းစားနေရတာလဲဆိုတာကိုသိချင်နေတယ်နောက်နေ့မှာကျွန်တော်ဟာ
ပုံမှန်အလုပ်သွားချိန်ထက်စောပြီးအိမ်ကထွက်ခဲ့တယ်အရင်နေ့ကတွေ့ခဲ့တဲ့အဲဒီလူကြီးနဲ့စကားပြောချင်လို့ပါသူ့ကိုအရင်နေရာမှာပဲခွက်တစ်လုံးရှေ့ချပြီးထိုင်နေ တာကိုတွေ့ရပြန်တယ်ကျွန်တော်အရင်ရက်ကလိုပဲထမင်းတစ်ထုတ်အမြန်ဝယ်ပြီး
သူ့ဆီသွားလိုက်တယ်သူ့ကိုထမင်းထုတ်ပေးရင်းကျွန်တော်သိချင်တာကိုမေးမြန်းကြည့်လိုက်တယ်ဦးလေးကိုကြည့်ရတာအရင်ကချမ်းသာခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ကျွန်တော်ထင်ပါတယ်အဲဒါမှန်ရဲ့လာခင်ဗျမှန်တယ်ဟင်ဒါဆိုအခုဘာဖြစ်လို့
ဆင်းရဲသွားရတာလဲဗျဦးလေးဟာရွိတဲ့ပစ္စည်းတွေကိုလောင်းကစားလုပ်ပြီးကုန်သွားလို့လားစီးပွားရေးလုပ်တာရှုံးသွားလို့လားသားသမီးတွေနှိပ်စက်လိုက်လို့လားမင်းပြောတာတွေတစ်ခုမဟုတ်ပါဘူးကွယ်ဒါဆိုဦးလေးဘာဖြစ်လို့ဒီဘဝ
ရောက်နေခဲ့ရတာလဲဗျငါလူတွေကိုစိတ်ချမ်းသာစေချင်လို့ဒီဘဝေရာက်ရတာပါဗျာ၊လူတွေကိုစိတ်ချမ်းသာစေချင်လို့ဒီဘဝရောက်လာရတယ်ဟုတ်လားကျွန်တော် နားမလည်လို့ရှင်းပြပေးပါလားလူကြီးကဆွေးမြေ့တဲ့လေသံနဲ့ခုလိုရှင်းပြပါတယ် ငါဟာအရင်က
အတော်လေးချမ်းသာခဲ့တယ်အိမ်ထောင်မရွိလူပျိုကြီးတစ်ယောက်ပါငါ့မှာကောင်းတဲ့အကျင့်လို့ပြောရမလားမကောင်းတဲ့အကျင့်လို့ပြောရမလားမသိဘူးငါဟာငွေကြေးအခက်အခဲဖြစ်နေတဲ့လူတွေငါ့ဆီလာပြီးအကူအညီတောင်းရင်
ငါဘယ်တော့မှမငြင်းဘူးသူတို့လိုသလောက်ပိုက်ဆံတွေပေးပြီးကူညီတယ်ငါဟာ အမြဲကူညီတတ်တယ်ဆိုတာကြားတော့အကူအညီတောင်းသူတွေလည်းအတော်များလာတယ်ငါပိုက်ဆံပေးလိုက်လို့သူတို့ပျော်သွားတာကိုမြင်ရင်ငါလည်းစိတ်ချမ်းသာတယ်
ဒါပေမဲ့ငါ့ပိုက်ဆံတွေကလည်းအပေးပဲရှိပြီးအရမရှိတော့နောက်ဆုံးကုန်သွားတာပေါ့ကွာငါလည်းပိုက်ဆံမရှိတော့ရွိတဲ့ပစ္စည်းတွေနဲ့အိမ်ရောင်းပြီးစားသောက်ရတယ်နောက်ဆုံးစားစရာမရှိတော့ခုလိုလမ်းဘေးရောက်လာတာပေါ့ကွာဦးလေး
ခုလိုဖြစ်တဲ့အတွက်နောင်တမရဘူးလားမရပါဘူးဒါပေမဲ့စိတ်မကောင်းဖြစ်မိတာတစ္ခုရွိတယ္ဘာကိုစိတ်မကောင်းဖြစ်တာလဲဦးလေးအေးကွာ၊ငါလူတွေကိုသနားလို့ငါ့ကိုယ်မှာဝတ္ထားတဲ့အင်္ကျီကိုချွတ်ပြီးပေးလိုက်တယ်ငါလိုအပ်နေတဲ့အချိန်မှ
အင်္ကျီလက်လေးတစ်ဖက်ကိုတောင်မပေးကြဘူးကွာငါ့အတွေ့အကြုံကနေမင်းကိုအကြံတစ်ခုပေးမယ်ကွာမင်းအိမ်ဆောက်ပြီးနေစရာမရှိသူတွေကိုလာနေခိုင်းလိုက်ပါဒါပေမဲ့မင်းအိမ်ဆောက်နေတုန်းမှာအုတ်ခဲတွေလာတောင်းရင်မပေးလိုက်ပါနဲ့
ဘာကြောင့်လဲဆိုတော့မင်းမှာအုတ်ခဲမရှိတော့လို့အိမ်မဆောက်နိုင်ရင်မင်းမှာနေစရာမရှိဖြစ်သွားမယ်ကျွန်တော်လည်းရထားဝင်လာလို့ရထားပေါ်အမြန်ပြေးတက်လိုက်တယ်လူကြီးရဲ့စကားကိုနားထဲမွာကြားယောင်ရင်းခုလိုစဉ်းစားနေမိတယ်
ဟုတ်ပါတယ်အကူအညီလိုအပ်နေသူတွေကိုကူညီတယ်ဆိုတာအလွန်မွန်မြတ်တဲ့ အလုပ်ပါ။ဒါပေမဲ့ကူညီရင်းကူညီရင်းနဲ့မိမိကိုယ်တိုင်မွဲသွားရင်လည်းမဟုတ်သေးပါဘူးဒါကြောင့်ကူညီရင်းနဲ့မမွဲအောင်မိမိကိုယ်ကိုပြည့်စုံတဲ့ကြီးပွားချမ်းသာသူ
တစ်ယောက်အရင်ဖြစ်အောင်လုပ်သင့်တယ်အခုဘီလ်ဂိတ်၊မာ့ခ်ဇူကာဘတ်တို့လို့ ကမ်ဘာမှာအချမ်းသာဆုံးဘီလ်ံနာသူဌေးကြီးတွေဖြစ်လာပြီးဒေါ်လာဘီလျံနာပေါင်းများစွာကိုလှူတန်းပေးနေသလိုပေါ့ဒီလိုမွမဟုတ်ဘဲဝေသန္တရာမင်းကြီးလို ဆင်ဖြူတော်ပါမချန်စည်းစိမ်ပြုတ်လှူတန်းနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ