အသက်(၁၈)နှစ်မှ(၂၆)နှစ်အတွင်းကျွန်တော့်ရဲ့ ငွေရှာနည်း ငွေစုနည်းငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ်ငွေစုရတာဟာပညာပါပဲမိမိငွေကိုသူများလက်ထဲဘယ်တော့မှမထားပါနဲ့ချမ်းသာချင်ရင်စုဗူးနဲ့စုပါသောကရောက်ချင်ရင်

စုမဲစုပါစားသမျှချီးဖြစ်တယ်ဆိုတာမမေ့ပါနဲ့လူတန်းစေ့မနေနိုင်ခင်လူတန်းစေ့မစားချင်ပါနဲ့အဟာရဖြစ်အောင်ကျန်းမာအောင်ပဲစားပါထမင်းနှပ်မှန်အောင်စားရဖို့ ကြိုးစားနေတဲ့အချိန်အကောင်းဆုံးအလှကုန်တွေသုံးဖို့မစဉ်းစားပါနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လူတစ်ယောက်အသက်ရှင်ဖို့အရေးကြီးဆုံးလိုအပ်ချက်ထဲမှာစားဝတ်နေရေးပဲပါပါတယ်မအောင်မြင်ခင်မလှချင်ပါနဲ့အုံးအောင်မြင်လာရင်လှလာပါလိမ့်မယ်မယုံရင်ယနေ့အောင်မြင်လာသူတွေရဲ့အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ

အိပ်တယ်ဆိုတာ တေခြင်းတစ်မျိုးပါပဲအသက်(၆၀)မှာတေသွားရင်သင်တကယ်အသက်ရှင်တာအသက်၄၀ပဲရှိပါတယ်သင့်အသက်ရှင်အချိန်ရဲ့၃ပုံ၁ပုံဟာအိပ်ယာထဲမှာကုန်ဆုံးသွားတယ်ဆိုတာသတိထားမိပြီလားသူများမနေနိုင်သလို

နေနိုင်ချင်ရင်သူများမစားရသလိုစားရချင်ရင်သူများအိပ်နေတဲ့အချိန်သင်အိပ်နေသမျှတော့သူများနဲ့ တန်းတူပဲဖြစ်နေအုံးမှာပါပဲသူများဖောက်တဲ့လမ်းကိုမလျှောက်ပါနဲ့ကိုယ်လမ်းကိုဖောက်ပြီးကိုယ်လမ်းကိုလျှောက်ပါဒါဆိုဘယ်တော့မှ

ဘေးမရောက်ဘူးဆိုတာမှတ်ထားပါကိုယ်ဖောက်ထားတဲ့လမ်းကိုသူများလျှောက်တဲ့ခါရန်မလုပ်ပါနဲ့အရှက်မခွဲပါနဲ့ဒါဟာဂုဏ်ယူစရာဆိုတာသိထားပါစိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါစိတ်ထားဆိုတာမြင့်မှမြတ်တာပါဘာပဲလုပ်လုပ်

အဆင်ပြေချင်ရင်စေတနာလေးထားပြီးလုပ်အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှသင်ဘယ်တော့မှမကြီးပွါးဘူးဆိုတာစိတ်ချထောင်မြင်ရင်ရာစွန့်ရမယ်သေးငယ်တဲ့လိုအင်ဆန္ဒတွေကြောင့်ကြီးမားတဲ့ရည်မှန်းချက်တွေကိုအပျက်စီး

မခံပါနဲ့အသေးဖွဲ့ကိစ္စလေးတွေအဆင်မပြေတာကြောင့်စိတ်သောကအရောက်မခံနဲ့ အချိန်ကုန်မခံနဲ့စွန့်လွှတ်သင့်တာ ရဲရဲကြီးစွန့်လွှတ်တတ်ပါစေအိမ်မပိုင်သေးဘဲကားဝယ်မစီးပါနဲ့ကားကဘာနဲ့သွားသွားလိုရာခရီးရောက်ရင်ပြီးတာပါပဲ

လူဇိမ်မခံနိုင်သေးခင်ဖင်စိမ်မခံချင်ပါနဲ့နေစရာရှိရင်စားဖို့ပူစရာမလိုဘူးလူမသေငွေမရှားပါကိုယ်ပိုင်ကားမစီးနိုင်သေးခင်IPhone ဝယ်မကိုင်ချင်ပါနဲ့IPhone ၄လုံးဆိုကားတစ်စီးဝယ်လို့ရပြီနော်I phoneမကိုင်နိုင်တာရှက်စရာမဟုတ်

သလိုIPhone ကဘဝတွက်မဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ဘူးလေရတနာမစုဆောင်းနိုင်ခင်မှာBranded တွေကိုမကိုင်ချင်ပါနဲ့ရတနာဆိုတာရှိတန်ဆာမရှိဝမ်းဆာအချိန်မရွေးငွေဖော်ရလွယ်တယ်ဆိုတာမမေ့ပါနဲ့မိဘကိုလက်ဝတ်

ရတနာမဆင်မြန်းနိုင်သေးခင်ကိုယ်တိုင် မဝတ်ဆင်ပါနဲ့သိပ်ကိုရှက်စရာကောင်းပါတယ်လူအထင်ကြီး ခံရဖို့အပင်ပန်းခံမကြိုးစားပါနဲ့ကိုယ့်မရှိရင်ဘယ်သူမှဆန်တစ်လုံးလာမပေးပါဘူးလူတွေလေးစားအားကျပြီးအတုယူလာတဲ့အထိ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကြိုးစားပြလိုက်စမ်းပါလက်ညှိုးထိုးတာသူ့အလုပ်လက်မထောင်နိုင်အောင်ကြိုးစားရမှာကိုယ့်အလုပ်သင့်မှာအချိန်များကြီးရှိပါသေးတယ်နောက်ဆုံးအချိန်ထိကြိုးစားပိုင်ခွင့်ရှိတယ်မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာဒီအချိန်ပါပဲချက်ချင်း ပြောင်းလဲလိုက်ပါ