ချမ်းသာအောင်ပိုက်ဆံစုနည်း ဘယ်လိုစုရမလဲမယ် ဗျူဟာလိုပါတယ်ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ

ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ

ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။၁။ သုံးပြီးမှ မစုလေနဲ့လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်

တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်

ချန်ထားသင့်ပါတယ်။၂။ တံဆိပ်စွဲ မထားလေနဲ့။ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက

ပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို သုံးသင့်တဲ့သဘောပါဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက်အစားအသောက်ကောင်းတဲ့ဆိုင်မှာ

ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်၃။အသေးအဖွဲလေးတွေကိုဂရုစိုက်ပါအအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင်

“ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင်ချက်ချင်းမဝယ်သေးပါနဲ့ဦး။နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်

ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။၅။ အင်တာနက် လျော့သုံးပါ

ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင် ၆။ လိုအပ်တာလား လိုချင်တာလား။လူတွေဟာ ကိုယ့်အတွက် တကယ်

မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။နောက်ဆုံးအရေးကြီးတာ

က ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ဘဝဟာ အနှစ်သာရပြည့်ဝနေတာပေါ့။ ကဲသူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးလိုက်ဦးနော်။#Credit