လက်ဖက်သုပ်ကောင်းကောင်းလေးစားချင်တဲ့သူတွေအတွက်လက်ဖက်သုပ်နည်းအဆင့်ဆင့်လေးပါလိုအပ်တဲ့ပစ္စည်းတွေကလက်ဖက်နှစ်ပြန်ကြော်ခရမ်းချဉ်သီးဂေါ်ဖီငရုတ်သီးစိမ်းကြက်သွန်ဖြူသံပုရာသီးပုဇွန်ခြောက်ပထမဆုံးခရမ်းချဉ်သီး

ဂေါ်ဖီနဲ့ငရုတ်သီးစိမ်းတို့ကိုရေနဲ့စင်အောင်ဆေးပါခရမ်းချဉ်သီးကိုအစေ့ထုတ်ပြီးပါးပါးလေးညှပ်ပါဂေါ်ဖီပါးပါးလေးလှီးပါလက်ဖက်နဲ့နှစ်ပြန်ကြော်ကိုပန်းကန်ထဲစားလိုသလောက်အသင့်ထည့်ပါဆီအနည်းငယ်ထည့်ငံပြာရည်ထည့်ပြီးအချဉ်

ကြိုက်တဲ့သူတွေအတွက်သံပုရာသီးကိုညှစ်ထည့်ပြီးရင်တော့သမအောင်နယ်လို့ရပါပြီအစပ်ကြိုက်တဲ့သူတွေအတွက်ငရုတ်သီးစိမ်းကိုညှပ်ထည့်ပြီးသုပ်စားနိုင်ပါတယ်လက်ဖက်ချဉ်စပ်ရောလက်ဖက်အစိမ့်ရောရှိတာမို့ကြိုက်နှစ်သက်ရာကို၀ယ်ယူနိုင်ပါတယ်နော်


