ခြေဖဝါးတွေဟာခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကိုတော့သယ်ပိုးထားရတာကြောင့်ပင်ပမ်းလွယ်ပျက်စီးလွယ်တတ်ပါတယ်။ခြေဖဝါးတွေခြောက်သွေ့အက်ကွဲလာတဲ့အခါမျိုးတွေ

မှာဆိုရင်တော့အလှအပအတွက်သာမကတခါတလေမှာအရမ်းခြောက်သွေအက်ကွဲလွန်းရင်နာကျင်မှုကိုပါခံစားရတတ်ပါတယ်။အေးမြတဲ့ဆောင်းရာသီတွေမှာအဖြစ်များ

တတ်တဲ့ခြေဖနောင့်ကွဲတာတွေငွေမကုန်ပဲနေအိမ်ကမီးဖို
ချောင်တွေမှာအသင့်ရနိုင်တဲ့သဘာ၀ပစ္စည်းလေးတွေအ
သုံးပြုပြီးကုသနိုင်ပါတယ်အသားမာတတ်အက်ကွဲနေတဲ့

ခြေဖနောင့်ကိုကုစားပေးဖို့အတွက်နို့(နွားနို့)လိုအပ်ပါတယ်။နွားနို့နွေးနွေးလေးနှစ်ခွက်သို့တတ်နိုင်ရင်လေးခွက်လောက်ကိုယူပြီးခြေထောက်စိမ်မယ့်ဇလုံတစ်ခုခုထဲကိုထည့်ပါပြီးရင်

တော့မုန့်ဖုတ်တဲ့ဆော်ဒါကိုရောထည့်ပါပြီးရင်တော့ခြေ
ထောက်ကိုနို့ရေထဲမှာမိနစ်အနည်းငယ်ကြာအောင်စိမ်ပါစိမ်ပြီးရင်တော့ခြေထောက်ကိုရေနွေးနွေးလေးနဲ့ဆေးချပေးပါ

တဘက်နဲ့ရေစင်အောင်သုတ်ပြီးအဆီ
(moisturizer)တစ်ခုခုကိုလိမ်းပေးပါ။ဒီနည်းကိုတစ်ပတ်မှာတစ်ကြိမ်၊နှစ်ကြိမ်လောက်ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့်

ခြေဖနောင့်ကွဲတာတွေကိုသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ခြေထောက်ကိုချေးချွတ်ချင်သူတွေအနေနဲ့လည်းဒီနည်းလမးကိုအသုံးပြုနိုင်ပါတယ်credit