ခွေးကိုကျွေးတာတောင်ကဿပဘုရားရှင်လက်ထပ်ကရဟန်းတစ်ပါးဟာဆွမ်းစားပြီးပြန်ကြွလာတဲ့အချိန်လမ်းမှာဆာလောင်နေတဲ့ခွေးမကြီးတကောင်ကိုတွေ့တော့အစာကျွေးချင်

ခဲ့တယ်ဒါပေမဲ့သူ့မှာလည်းဘာမှကျွေးစရာမကျန်တော့ဘူးသူလည်းကြံရာမရတာနဲ့ပါးစပ်ထဲလက်ထိုးထည့်ပြီးအံကျွေးခဲ့တယ်ပြီးတော့နိဗ္ဗာန်ဆုတောင်းခဲ့တယ်အဲဒီကုသိုလ်ကြောင့်

ဒီဘဝမှာရဟန်းဘဝကိုရှိခဲ့ပြီးထိုကုသိုလ်ကြောင့်ရောက်လေရာအရပ်မှာဆွမ်းကွမ်းပြည့်စုံခဲ့ပြီးတခြားရဟန်းတော်တွေဟာဆွမ်းအခတ်အခဲရှိရင်သူ့ကိုပါပင့်ပြီးသူ့ရဲ့ကုသိုလ်ကံကိုမှီကာ

ဆွမ်းကိစ္စဖြေရှင်းကြရတယ်တစ်နေ့မှာဘုရားရှင်ဆီကိုသံဃာအများနဲ့ဖူးမြင်ဖို့ကြွလာခဲ့တယ်။ဘုရားရှင်ဆီမှာတရားနာတော့ခွေးကိုအံကျွေးခဲ့တုန်းကဆုတောင်းကြောင့်အရဟ

တ္တဖိုလ်ရကာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခဲ့တယ်ဒါပေမဲ့အဲဒီအချိန်မှာသူဟာပရိနိဗ္ဗာန်ပြုရတော့မယ့်အချိန်ဖြစ်နေတယ်အဲဒါကိုသိတော့ပြန်ရမယ့်ရဟန်းသံဃာတွေဟာကန္ဓာရခရီးကို

ဖြတ်ရမှာဖြစ်တဲ့အတွက်ဆွမ်းကွမ်းအခက်အခဲအတွက်ငိုကျွေးကြတယ်။အလာတုန်းကလည်းသူ့ဘုန်းကံကိုမှီပြီးလာခဲ့ရတာဆိုတော့ငိုကြတော့တာပဲအဲဒါကိုအဲဒီကိုယ်တော်က

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

သိတော့အရှင်ဘုရားတို့ဆွမ်းကွမ်းအတွက်မစိုးရိမ်ကြပါနဲ့ဘုရားတဲ့ရှေ့ဆုံးကကြွတဲ့ကိုယ်တော်ဟာတပည့်တော်ရဲ့ရေစစ်တော်နဲ့အရိုးတော်ကိုသာဆောင်ထားပါဆွမ်းကွမ်း

အတွက်ပြည့်စုံပါလိမ့်မယ်လို့မှာပြီးပရိနိဗ္ဗာန်ပြုသွားတယ်ကျန်တဲ့ကိုယ်တော်တွေလည်းသူမှာခဲ့တဲ့အတိုင်းပြုလုပ်ကြတဲ့အခါလမ်းမှာဆွမ်းကွမ်းအခက်အခဲမရှိဘဲပြန်ကြွလာနိုင်ခဲ့ကြ

တယ်တဲ့ကဲခွေးတစ်ကောင်ကိုအံကျွေးတာတောင်နိဗ္ဗာန်လည်းရတယ်အဲ့ဒီလောက်အထိလည်အကျိုးပေးခဲ့တယ်ဆိုတော့မိတ်ဆွေတို့လည်းတိရစ္ဆာန်လေးများကိုသဒ္ဒါတရားထက်သန်

စွာဂရုဏာပါပါနဲ့ကျွေးနိုင်မယ်ဆိုရင်နိဗ္ဗာန်ဆိုတာမခက်လှပါဘူးလို့ပြောချင်ပါတယ်မိတ်ဆွေတို့ရဲ့သာသနာတွင်းမှာရရှိနိုင်တဲ့ကုသိုလ်တွေမှန်သမျှကိုနိဗ္ဗာန်အထိအသုံးချနိုင်ကြပါစေတကယ်တော့နိဗ္ဗါန်ဆိုတာမိတ်ဆွေတို့ရဲ့သဒ္ဒါထက်သန်တဲ့စိတ်ကလေးကသာပို့ဆောင်ပေးတာပါcredit