ဆောင်းရာသီမှာရေချိုးနောက်ကျတက်သူတွေသတိပြုရမည့်အချက်များဆောင်းဥတုတွင်ဒက္ခိဏခေါ် တောင်ဝင်ရိုးစွန်းမှနေထွက်သည်ကမ္ဘာနှင့်ဝေးကွာလှသဖြင့်နေထွက်ချိန်နောက်ကျလှသည်။နေနှင့်ဝေးသဖြင့်တေဇောဓာတ်အရနည်းသည်
ထိုအခါတေဇောဓာတ်ကိုကြောက်ရွံ့သောအဖျားပိုးတို့ထကြွကြလေသည်။ရောဂါပိုးအတော်များများသည်နေရောင်ခြည်ကိုကြောက်ကြသည်။နေရောင်ခြည်တွင်သေကြသည်။ပူမှုအေးမှုတေဇောပြုသည်တေဇောယုတ်ကရောဂါ
ရသည်တေဇောသည်သက်စောင့်ဓာတ်ဖြစ်သည်။သင်နေထိုင်သောအိမ်သည်နံနက်ခင်းနေရောင်ခြည်မရရှိလျှင်သင်၏အိမ်သားများသည်မကြာခနဖျားနာကြလိမ့်မည်နေရောင်ခြည်ကသင့်အိမ်သို့မလာလျှင်သင်သည်နေရောင်ခြည်ရှိရာ
သို့သွားရပေလိမ့်မည်။မနက်ခင်းနေရောင်ခြည်ကိုနာရီဝက်ခန့်ခံယူလိုက်ယုံဖြင့် သင့်အတွက်တစ် နေ့တာလုံ လောက်သော တေဇောဓာတ်ကိုရရှိပြီးဖြစ်ပေသည်။ ငွေမကုန်သောဆေးတစ်ပါးမှာ နေရောင်ခြည်ပင်ဖြစ်ပေသည်။မနက်ခင်း
တွင် ရေကူးကန်စသည် တွင် နေရောင်ခြည်ခံ၍ ရေချိုးရခြင်းသည်အထူးကျန်းမာစေသည်။ဆောင်းတွင်မနက်(၁၁)နာရီခန့်အတွင်း ရေချိုးခြင်းသည်အကောင်းဆုံးဖြစ်သည်။ကျန်းမာသူလူငယ်များအတွက်မနက်စောစောကပင်ရေချိုး
နိုင်သော်လည်းအသက်ကြီးပိုင်းလူကြီးများမှာရေချိုဆင်ခြင်ရမည်နွကေိုး၊မိုးတစ်ဆယ့ဆောင်းတစ်ဆယ့်တစ်ဆိုသောစာချိုးအတိုင်းသာရေချိုးသင့်ည်နွေ၉မိုး၁၀ဆောင်း၁၁လူကြီးများအတွက်ရေချိုးချိန်ဖြစ်ကြသည်မိမိကိုယ်မိမိ
ကျန်းမာသည်ဟုညနေ(၆)နာရီအလုပ်မှပြန်လာပြီးရေချိုးသူလူငယ်ကုပ္မဏီဝန်ထမ်းတစ်ဦးမှာလွန်ခဲ့သောရက်ပိုင်းက ဖျားလာပြီးအနားမယူခွင့်မရသဖြင့်အလုပ်သွားခဲ့ပြီးနောက်ရက်တွင် ကိုဗစ်နိုင်တီးကူးစက်မှုခံရသည်ဟုသိရှိရသည်
သူ့အိမ်ရှိလူကြီးများမိသားစုများပါ နေအိမ်အပြင်ထွက်ခွင့်မရ စောင့်ကြည့်ခြင်းခံကြရသည်။ညနေဖက် နေဝင်ချိန်ရေချိုးခြင်းကိုရှေးဆရာကြီးများကကန့်ကွက်ကြသည်ကျန်းမာ ရေးအတွက်ခွင့်မပြုကြပေရေချိုးမှားသည်ဆိုခြင်းမှာ
ညနေနှင့်ညပိုင်းရေချိုးသူများတွင်အဖြစ်များသည်ကိုတွေ့ရသောကြောင့်ဖြစ် သည်ရေချိုးဆင်ခြင်ခြင်းသည်မမှားသောအရာဖြစ်သည်ညနေဖက်ရေမချိုးခြင်းသည်အကောင်းဆုံးဖြစ်မည်ထင်ပါသည်မလွဲမရှောင်သာ၍ချိုးရမည်ဆိုလျှင်
လည်းလျှင်မြန်စွာချိုးပါ။ ရေနွေးစပ်ပြီးချိုးပါ။ရေချိုးပြီးလျှင် တေဇောဓာတ်ရစေရန်ချင်းပြုပ်ရည်ပူပူလေး၊သို့မဟုတ်ချင်းတက်ကိုပါးပါးလှိးရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပြီးအုပ်ထားပြီးကော်ဖီတစ်ခွက်စာခန့်သောက်ပေးပါ
ရာသီဥတုဆိုးသောအချိန်အဖျားအနာထူသောအချိန်များတွင်ချင်း၊ထန်းလျက်ပြုပ်ရည်သို့မဝုတ်ကွမ်းရွက်ပြုပ်ရည်ကိုမိသားစုလိုက်သောက်သုံးခြင်းဖြင့်အဖျားရောဂါများကူးစက်ခြင်းဘေးမှကာကွယ်နိုင်ကြောင်းတင်ပြလိုက်ရပါသည်ကြည်လွင်မြင့်(မုဒြာ)