ဂျပန်နိုင်ငံမှာပန်းကန်လုံးလေးတစ်လုံးကျကွဲသွားတဲ့အခါလွှင့်မပစ်ဘူးအကွဲအစအနလေးတွေအားလုံးကိုပြန်စုယူပြီးရွှေနဲ့ဂဟေပြန်ဆက်ပေးလိုက်တယ်အဲ့ဒီအခါကွဲသွားတဲ့ပန်းကန်လုံး

လေးဟာပိုပြီးလှပတဲ့ပန်းကန်လုံးလေးအဖြစ်နဲ့ပြန်လည်မွေးဖွားလာပါတယ်။ဘယ်အရာမျိုးပဲဖြစ်ဖြစ်ပျက်စီးမှုနဲ့ဒုက္ခတွေခံစားခဲ့ပြီးရင်ပိုပြီးလှလာတတ်တယ်လို့ဂျပန်လူမျိုးတွေက

ယုံကြည်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဏ်ရာတိုင်းရဲ့နောက်ကွယ်မှာသမိုင်းတွေရှိတယ်တဲ့အဲ့ဒီဒါဏ်ရာတွေကိုကုစားပြီးပိုမိုလှပတဲ့ဘဝအသစ်တစ်ခုအဖြစ်မွေးဖွားလာခြင်းကို

Kintsugiသို့ရွှေခရီးGolden Journeyလို့ခေါ်ပါတယ်ကျွန်တော်တို့ဘဝတွေဆိုတာလည်းဒါဏ်ရာဒါဏ်ချက်တွေနဲ့ချည်းပါပဲ။ပန်းကန်လုံးလေးတစ်လုံးလိုလည်းကွဲကြေခဲ့ဖူးပါ

တယ်။ကိုယ့်ဘဝကိုယ်ပြန်ကောက်ယူပြီးတည်ဆောက်ခဲ့ကြရတာပဲမဟုတ်လားအဲ့ဒီဒါဏ်ရာတွေကဘဝကိုရုပ်ဆိုးစေတယ်လို့မထင်မှတ်လိုက်ပါနဲ့။အနည်းဆုံးတော့ကျွန်တော်တို့ကျော်

ဖြတ်နိုင်ခဲ့တယ်ကွဲကြေသွားတဲ့ ပန်းကန်လုံးလေးကိုဆက်မသုံးချင်တော့လို့လွှင့်ပစ်လိုက်တာမျိုးဒါဏ်ရာတွေကိုလက်မခံချင်လို့အရှုံးပေးလိုက်လို့မရဘူးအက်ကွဲကြောင်းတွေရဲ့ကြား

ထဲရွှေနဲ့ပြန်ဆက်ပေးသလိုကျွန်တော်တို့လည်းဒါဏ်ရာတွေထဲကနေသင်ယူရမယ်ပြီးရင်တော့ရွှေရောင်အမာရွတ်တွေအတွေ့အကြုံတွေရှိတဲ့လူတစ်ယောက်အဖြစ်ပြန်ပြီးမွေးဖွားလာပါ

လိမ့်မယ်တစ်ယောက်နဲ့တစ်ယောက်ရလာမယ့်ဒါဏ်ရာတွေကမတူနိုင်ပါဘူးကိုယ်ရဲ့ဒါဏ်ရာတွေကိုကိုယ်တိုင်ရွေချပြီးကိုယ်ပိုင်အမာရွတ်လေးတွေအဖြစ်နဲ့ဂုဏ်ယူပြီးသိမ်းထားတတ်ရ

မယ်ဒါငါဖြတ်သန်းခဲ့ရတဲ့ငါ့ရဲ့အမှတ်တရတွေပဲဒီဒါဏ်ရာတွေကဒီကနေ့ငါဆိုတဲ့ဖြစ်တည်ခြင်းပဲလို့မှတ်ယူရမယ်ဒါဏ်ရာတွေတိုင်းမှာသမိုင်းရှိတယ်ဒါဏ်ရာတွေကြောင့်ကျရှုံးသွားရ

တာရှိသလိုဒါဏ်ရာတွေကြောင့်ပိုပြီးလှလာတဲ့အရာတွေလည်းရှိပါတယ်ဘဝမှာဘယ်လိုအခက်အခဲတွေနဲ့ပဲကြုံရပါစေဘယ်လိုဒါဏ်ရာမျိုးတွေပဲရလာခဲ့ပါစေကျွန်တော်တို့လျှောက်နေရတဲ့ရွှေခရီးရဲ့အစိတ်အပိုင်းတွေအဖြစ်တန်ဖိုးထားတတ်ကြပါစေCredit