အပ်ပျောက်ရင်ဆင်နဲ့ရှာပါဒီရှေးစကားလေးကိုငယ်စဉ်ထဲကကြားဖူးနားဝရှိခဲ့တာကြာပါပြီသို့သော်ငြားအဲဒီစကားကိုအရင်တုန်းကတော့သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ဖူးပါတယ်အပ်ကလေးတစ်ချောင်းပျောက်တာများဆင်စီးပြီး
ရှာစရာလားဆိုတဲ့အတွေးထက်ပိုပြီးနက်နက်နဲနဲမတွေးမိမစဉ်းစားမိခဲ့ဘူးနောက်တစ်ဖြည်းဖြည်းနဲ့စာပေဗဟုသုတတွေဖတ်မှတ်လေ့လာရင်းနဲ့အမြင်မှန်ရသွားခဲ့ရပါတော့တယ်အပ်ပျောက်ရင်ဆင်နဲ့ရှာဆိုတဲ့ဝေါဟာရစကားလေးဟာ
အင်မတန်မှလေးနက်ပြီးအဓိပ်ပါယျပွည့ျဝတဲ့ပညာရှိသူတော်ကောင်တို့ရဲ့စကားဆိုတာမိမိရဲ့အသိဉာဏ်မှာပွင့်လင်းသွားပါတော့တယ်တစ်ကယ်တော့အပ်ဆိုတာကလူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့အဝတ်ချုပ်တဲ့အပ်ကို
ဆိုလိုတာမဟုတ်ပါဘူးပညာရှိတွေပြောတဲ့အပ်ကတော့လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ကြရတဲ့လူမှုကိစ္စတွေများစွာထဲကမိမိမှာပြောစရာကိစ္စရှိလာတဲ့အခါပြောအပ်မပြောအပ်သွားစရာကိစ္စကြုံလာတဲ့အခါမှာသွားအပ်မသွားအပ်
နေစရာကိစ္စများနဲ့ကြုံတဲ့အခါနေအပ်မနေအပ်မိမိတို့လိုအင်ဆန္ဒရဲ့ပါတ်သက်တဲ့အခါလိုအပ်မလိုအပ်အစရှိတဲ့လူမှုဝန်းကျင်မှာနေ့စဉ်ထိတွေ့ကြုံတွေ့နေရတဲ့အပ်ပေါင်းများစွာတွေပါတစ်ခါတရံမိမိတို့မှာလုပ်အပ်မလုပ်အပ်
သွားအပ်မသွားအပ်စသည်တွေကိုဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်အဲဒီလိုအခက်အခဲကြုံလာရင်တစ်နည်းအားဖြင့်အပ်ပျောက်နေရင်ခုနကပြောတဲ့ဆင်ဆိုတဲ့အရာနဲ့ရှာရပါမယ်တဲ့ဆင်ဆိုတာကလည်းဆင်ကောင်ကြီးကိုဆိုလိုတာမဟုတ်ပါဘူး
နည်းမှန်လမ်းမှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတောမှုလို့ခေါ်ရမယ့်ဆင်ခြင်တုံတရားကိုဆိုလိုတာပါအပ်ပျောက်နေရင်တစ်နည်းအားဖြင့်မိမိမှာလုပ်အပ်မလုပ်အပ်နဲ့ ပြောအပ်မပြောအပ်စသည်ဝေခွဲရခက်နေရင်ဆင်ခြင်တုံတရားလေးနဲ့စဉ်းစားဆုံးဖြတ်ပါ
ဆင်ခြင်တုံတရားကိုဖြစ်ပေါ်စေဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားကတော့သတိနဲ့ဉာဏ်ပညာပါအဲဒီတရား၂ပါးကသာမိမိတို့ရဲ့ပျောက်နေတဲ့အပ်ကို ရှာဖွေပေးနိုင်မှာပါဒါကြောင့်မို့ပျောက်နေတဲ့အပ်ကိုရှာဖွေဖို့မိမိတို့မှာဆင်ရှိဖို့
လိုပါတယ်နည်းမှန်လမ်းမှန်သမာသမတ်ကျကျစဉ်းစားတွေးခေါ်ချင့်ချိန်သုံးသပ်နိုင်မှုအခံရှိရပါမယ်အဲဒီနည်းမှန်လမ်းမှန်တွေးခေါ်သုံးသပ်နိုင်စွမ်းဆိုတဲ့အခံကိုရရှိဖို့ရာမှာမိမိတို့အနေနဲ့ကလျာဏမိတ်ဆွေသူတော်ကောင်းမိတ်ဆွေရှိရပါမယ်
ပညာရှိသူတော်ကောင်းဆရာများထံမှာကောင်းမြတ်တဲ့လေ့လာသင်ယူမှုတွေပြုလုပ်ရပါမယ်အဲဒီလိုလေ့လာသင်ယူနိုင်အောင်လည်းနည်းမှန်လမ်းမှန်တွေကိုလက်ဆင့်ကမ်းပြောပြဟောပြနိုင်တဲ့သူတော်ကောင်းပညာရှိတွေကို
ပေါင်းဖော်ဆည်းကပ်ရပါမယ်ပညာရှိသူတော်ကောင်းတွေနဲ့အဆွေခင်ပွန်းဖြစ်ရတာဟာမိမိတို့အတွက်မိမိတို့အတွက်ပစ္စုပ္ပါန်ဘဝမှာရောတမလွန်ဘဝတွေအထိကောင်းကျိုးချမ်းသာကိုဖြစ်စေပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်အဆွေခင်ပွန်းကောင်း
ရွိသူဟာမြင့်မြတ်တဲ့စရိုက်လက္ခဏာမြင့်မြတ်တဲ့အကျင့်သီလတွေဖြစ်ထွန်းစေရန်အတွက်ပြီးပြည့်စုံစေတယ်လို့သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တသုတ်မှာဟောကြားတော်မူခဲ့ပါတယ်ထို့ကြောင့်ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်း
တို့မှာလည်းကောင်းမွန်သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီးတစ်ခါတရံပျောက်နေတတ်တဲ့မိမိတို့အပ်ကိုဆင်စီးပြီးရှာဖွေတွေ့ရှိနိုင်ကြပါစေလို့တောင်းဆုပတၳနာအခါခါပြုလိုက်ပါကြောင်း