ပူပူစပ္စပ္ငရုပ္သီးႏွင့္ ၄င္း၏ ေကာင္းက်ဳိးႏွင့္ ဆိုးက်ဳိးမ်ား

ကမၻာ့ဟင္းလ်ာေတာ္ေတာ္မ်ားမ်ားမွာ ငရုပ္သီးဟာ ပံုစံအမ်ဳိးမ်ဳိးနဲ႕ထည့္သြင္းခ်က္ျပဳတ္စားေသာက္တဲ့ အသီးတစ္မ်ဳိးပါ။ အထူးသျဖင့္ အာရွေဒသေတြမွာေပါ့။ ကဲ့ … သူ႕က ဘယ္ေလာက္ အစာအဟာရျဖစ္တယ္၊ ဘယ္ေလာက္ ေဘးထြက္ဆိုးက်ဳိးရွိတယ္ဆိုတာ ေလ့လာရေအာင္…။
ငရုပ္သီးရဲ႕ အစပ္အရသာနဲ႕ဆြဲေဆာင္မႈရွိတဲ့ အနံဟာ capsaicin လို႕ေခၚတဲ့ဓါတ္တစ္မ်ဳိးပါ၀င္ေနမႈေၾကာင့္ပါ။ ေနာက္ဆံုးစမ္းသပ္ေတြ႕ရွိခ်က္ေတြအရ အဲသည့္ဓါတ္ေပါင္းဟာ ကင္ဆာဆဲလ္ေတြကိုေသေစႏုိင္တယ္၊ ဘက္တီးရီးယားေတြကိုလည္း ေသေစႏုိင္တယ္၊ လူခႏၶာကိုယ္ထဲက LDL လို႕ေခၚတဲ့မေကာင္းတဲ့အဆီေတြကို ေျခဖ်က္ေပးတယ္၊ အနာက်က္တာျမန္ေစတယ္၊ ေသြးတြင္းအခ်ဳိဓါတ္ကိုထိန္းညွိေပးတယ္။ ဒီေလာက္အထိ အက်ဳိးျပဳပါတယ္။


ငရုပ္သီးမွာ Vitamin ( ဗီတာမင္ဓါတ္ )ပါ၀င္မႈကိုလည္းၾကည့္ပါဦး။ လတ္ဆက္တဲ့ ငရုပ္သီး 1 Kg ( တစ္ကီလိုဂရမ္) မွာ ဗီတာမင္ဆီ ( Vitamin C ) 144 မိုက္ခရိုဂရမ္ပါ၀င္ပါတယ္။ ဒါ့အျပင္ ပိုတက္စီယမ္ဓါတ္၊ မက္ဂနီစီယမ္ဓါတ္( သံဓါတ္ )လည္းပါ၀င္တဲ့အျပင္ ဘီတာမင္ ဘီ၀မ္း ( B1 )၊ ဘီဆစ္ ( B6 )လည္း ပါ၀င္ပါေသးတယ္။ ဗီတာမင္ဆိုတာ ခႏၶာကိုယ္ကမထြက္ပါဘူး။ ျပင္ပအစားအစာေတြကေနပဲ ရရွိႏုိင္တာပါ။ ဒီေတာ့ အႏွစ္ခ်ဳပ္ရင္ လူ႕ခႏၶာကိုယ္ ဇီ၀ကမၼျဖစ္စဥ္ကို ၾကက္သြန္ျဖဴလိုပဲ ငရုပ္သီးကလည္း မ်ားစြာအေထာ္ကအကူျပဳပါတယ္။
အဲ … သူ႕ရဲ႕ဆိုးက်ဳိးကေတာ့။ ကေလးသူငယ္ေတြစားသံုးဖို႕မသင့္ေတာ္ပါဘူး။ အစာအိမ္ေရာဂါရွိတဲ့လူဆို အစာအိမ္နံရံကို အပူေလာင္ေစပါတယ္။ ျမန္မာျပည္ေစ်းကြက္ရဲ႕ ငရုပ္သီးေျခာက္ေတြ၊ အမႈန္႕ေတြမွာ Aflatoxin လို႕ေခၚတဲ့ မိႈအဆိပ္ပါတာမို႕ အသဲကင္ဆာျဖစ္ေစႏုိင္ပါတယ္။ အငရုပ္သီးေျခာက္ေတြမွာပါတဲ့ မိႈဟာ ေရေဆးရုံ၊ ခ်က္ျပဳတ္ရုံနဲ႕ မေပ်ာက္ပါဘူး။ ဒါကို အိမ္ရွင္မမ်ား အထူးသတိထားရင္း အစားအစာေတြကို က်န္းမာေရးနဲ႕ညီညြတ္မွ်တေအာင္၊ အရသာရွိေအာင္ ခ်က္ျပဳတ္ၿပီး က်န္းမာတဲ့မိသားစုေလးေတြ ပုိင္ဆုိင္ႏုိင္ၾကပါေစ ….။

ပူပူစပ်စပ်ငရုပ်သီးနှင့် ၄င်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

ကမ္ဘာ့ဟင်းလျာတော်တော်များများမှာ ငရုပ်သီးဟာ ပုံစံအမျိုးမျိုးနဲ့ထည့်သွင်းချက်ပြုတ်စားသောက်တဲ့ အသီးတစ်မျိုးပါ။ အထူးသဖြင့် အာရှဒေသတွေမှာပေါ့။ ကဲ့ … သူ့က ဘယ်လောက် အစာအဟာရဖြစ်တယ်၊ ဘယ်လောက် ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာ လေ့လာရအောင်…။
ငရုပ်သီးရဲ့ အစပ်အရသာနဲ့ဆွဲဆောင်မှုရှိတဲ့ အနံဟာ capsaicin လို့ခေါ်တဲ့ဓါတ်တစ်မျိုးပါဝင်နေမှုကြောင့်ပါ။ နောက်ဆုံးစမ်းသပ်တွေ့ရှိချက်တွေအရ အဲသည့်ဓါတ်ပေါင်းဟာ ကင်ဆာဆဲလ်တွေကိုသေစေနိုင်တယ်၊ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တယ်၊ လူခန္ဓာကိုယ်ထဲက LDL လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေကို ခြေဖျက်ပေးတယ်၊ အနာကျက်တာမြန်စေတယ်၊ သွေးတွင်းအချိုဓါတ်ကိုထိန်းညှိပေးတယ်။ ဒီလောက်အထိ အကျိုးပြုပါတယ်။


ငရုပ်သီးမှာ Vitamin ( ဗီတာမင်ဓါတ် )ပါဝင်မှုကိုလည်းကြည့်ပါဦး။ လတ်ဆက်တဲ့ ငရုပ်သီး 1 Kg ( တစ်ကီလိုဂရမ်) မှာ ဗီတာမင်ဆီ ( Vitamin C ) 144 မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓါတ်၊ မက်ဂနီစီယမ်ဓါတ်( သံဓါတ် )လည်းပါဝင်တဲ့အပြင် ဘီတာမင် ဘီဝမ်း ( B1 )၊ ဘီဆစ် ( B6 )လည်း ပါဝင်ပါသေးတယ်။ ဗီတာမင်ဆိုတာ ခန္ဓာကိုယ်ကမထွက်ပါဘူး။ ပြင်ပအစားအစာတွေကနေပဲ ရရှိနိုင်တာပါ။ ဒီတော့ အနှစ်ချုပ်ရင် လူ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို ကြက်သွန်ဖြူလိုပဲ ငရုပ်သီးကလည်း များစွာအထော်ကအကူပြုပါတယ်။


အဲ … သူ့ရဲ့ဆိုးကျိုးကတော့။ ကလေးသူငယ်တွေစားသုံးဖို့မသင့်တော်ပါဘူး။ အစာအိမ်ရောဂါရှိတဲ့လူဆို အစာအိမ်နံရံကို အပူလောင်စေပါတယ်။ မြန်မာပြည်ဈေးကွက်ရဲ့ ငရုပ်သီးခြောက်တွေ၊ အမှုန့်တွေမှာ Aflatoxin လို့ခေါ်တဲ့ မှိုအဆိပ်ပါတာမို့ အသဲကင်ဆာဖြစ်စေနိုင်ပါတယ်။ အငရုပ်သီးခြောက်တွေမှာပါတဲ့ မှိုဟာ ရေဆေးရုံ၊ ချက်ပြုတ်ရုံနဲ့ မပျောက်ပါဘူး။ ဒါကို အိမ်ရှင်မများ အထူးသတိထားရင်း အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်၊ အရသာရှိအောင် ချက်ပြုတ်ပြီး ကျန်းမာတဲ့မိသားစုလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ….။

LEAVE A REPLY

Please enter your comment!
Please enter your name here