ငါးခြောက်ကိုအငန်ဓာတ်နည်းအောင်အရသာရွိရွိစားသုံးနိုင်အောင်ဖုတ်နည်းငါးခြောက်ဖုတ်မယ်ဆိုရင်အရင်ဆုံးဆားရည်ထဲငါးခြောက်ကိုနာရီဝက်လောက်စိမ်ထားပါပြီးမှရေ၃ထပ်လောက်ဆေးပြီးရင်ဖုတ်လို့ရပါပြီ

ဆားရည်စိမ်ခြင်းကငါးခြောက်ရဲ့အငံဓာတ်ကိုနည်းသွားအောင်စုပ်ယူသလိုငါးခြောက်လှန်းတဲ့အခါအခုသုံးနေကြတဲ့ယင်မနားဆေးရဲ့အန္တရာယ်ကလည်းနည်းသွားပါတယ်။ရေဇလုံလေးတစ်လုံးငါးခြောက်ထုမယ့်

စဉ့်နှီတုံးနားအသင့်ထားထားပေးပါငါးခြောက်ကိုကြွပ်ကြွပ်မကြိုက်ပဲပျော့ပျော့လေးစားချင်ရင်တော့ဆီထည့်ထားတဲ့ပန်းကန်လေးလဲအဆင်သင့်လုပ်ထားပါငါးခြောက်ကိုစပြီးဖုတ်လို့မီးအပူနဲ့တွေ့ရင်ငါးခြောက်သားလေးစပြီး

ပျော့ပျောင်းလာပါလိမ့်မယ်။အဲ့ဒီအချိန်ငါးခြောက်ကိုပြန်ဆယ်ပြီးဖွဖွလေးအသားပွလာအောင်ထုပြီးမှပြန်ဖုတ်ပါငါးခြောက်ကကျက်လာပြီးတူးစပြုလာရင်အသင့်ထားထားတဲ့ရေဇလုံထဲထည့်ပြီချက်ချင်းပြန်ဆယ်ပေးပါ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မီးလေးခဏပြန်ပြပြီးဖွဖွလေးထုပါထုထားတဲ့ငါးခြောက်ကိုချက်ချင်းအပူဓာတ်မကုန်ခင်ဆီစိမ်ပါဒါဆိုရင်တော့ငါးခြောက်ပျော့ပျော့ပျောင်းပျောင်းလေးရပါပြီသက်ကြီးရွယ်အိုမိဘတွေလဲအဆင်ပြေပြေဝါးလို့ရပါတယ်

ကြွပ်တာကြိုက်ရင်တော့ထုလိုက်ဆီစိမ်လိုက်မလုပ်ပဲထုထားတဲ့ငါးခြောက်တွေကိုအေးသွားမှဆီစိမ်ပါ။ဒါဆိုရင်တော့ငါးခြောက်ကြွပ်ကြွပ်လေးရပါပြီ။ခရက်တစ်ပါသင့်အတွက်ကျေနပ်စေမဲ့ပိုစ်ဆိုရင်ရှဲပေးပါ