စက္ဆြဲစရာမလိုဘဲ ဆံပင္ကို ေျဖာင့္စင္းသြားေစမယ့္ သဘာဝေပါင္းတင္နည္း (၄)ခုဓာတုေဆးသံုးၿပီး၊ အပူေပးၿပီး ဆံပင္ေျဖာင့္ျခင္းက ပ်ိဳေမတို႔ဆံေကသာကိုေျခာက္ေသြ့ပ်က္စီးေစတဲ့အျပင္ ဆံသားကိုေျပာင္းသြားေစတာမ်ိဳး၊ ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ပါးသြားတာမ်ိဳးေတျြဖစ္ေစတာေၾကာင့္ ခဏခဏဆံပင္ေျဖာင့္လို႔မေကာင္းဘူးေနာ္။ ဒီေတာ့ ဓာတုေဆးမသံုး၊ ေျဖာင့္စက္မလိုဘဲ သဘာဝအတိုင္းဆံပင္ေလးေတြေျဖာင့္စင္းေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။
(၁) ၾကက္ဥအကာနဲ႔ဒိန္ခ်ဉ္ၾကက္ဥအကာတစ္လံုး၊ ဒိန္ခ်ဉ္ႏွစ္ဇြန္းတို႔ကိုေရာေမႊၿပီး ဆံပင္အရင္းကေနအဖ်ားထိလိမ္းေပးပါ။ နာရီဝက္ၾကာရင္ေရႏြေးေနြးေလးနဲ႔ျပန္ေဆးခ်ၿပီး ေခါင္းျပန္ေလ်ွာ္ေပးလိုက္ကာ သဘာဝအတိုင္းအေျခာက္ခံေပးလိုက္ပါ။ ေျခာက္သြားတဲ့အခါ ဘီးအစိပ္ေလးနဲ႔ၿဖီးေပးလိုက္ရံုနဲ႔ သဘာဝအတိုင္းေျဖာင့္စင္းတဲ့ဆံေကသာကိုရရိွပါလိမ့္မယ္။
(၂) ငွက္ေပ်ာသီးနဲ႔ပ်ားရည္ငွက္ေပ်ာသီးမွၫ့္တစ္လံုး၊ ပ်ားရည္တစ္ဇြန္းတို႔ကို သမေအာင္ေမႊလိုက္ၿပီး ဆံပင္အႏွံ႔လိမ္းေပးပါ။ မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီး ေရေအးနဲ႔ပဲေခါင္းေလ်ွာ္ေပးလိုက္ပါ။ သဘာဝအတိုင္းအေျခာက္ခံၿပီး ဘီးေလးနဲ႔ၿဖီးေပးလိုက္ရင္ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး အစိုဓာတ္လည္းျပၫ့္ဝလာပါလိမ့္မယ္။
(၃) အုန္းဆီနဲ႔ပ်ားရည္အုန္းဆီႏွစ္ဇြန္းနဲ႔ ပ်ားရည္ႏွစ္ဇြန္းဆတူေရာၿပီး ဆံပင္အရင္းကေနအဖ်ားထိရႊဲေနေအာင္လိမ္းေပးပါ။ နာရီဝက္ေလာက္ထားၿပီး ေရႏြေးေလးနဲ႔ေခါင္းေလ်ွာ္ေပးၿပီး သဘာဝအတိုင္းအေျခာက္ခံေပးလိုက္ပါ။ ဆံပင္သားေလးေတြ သိသိသာသာႏူးညံ့ၿပီးေျဖာင့္စင္းသြားတာကိုေတြ့ရပါလိမ့္မယ္။
(၄) အုန္းႏို႔နဲ႔လိမၼော္ရည္အုန္းႏို႔အနည္းငယ္ကို ခြက္ထဲထၫ့္ကာ လိမၼော္သီးတစ္လံုးကို အရည္ၫွစ္ထၫ့္လိုက္ပါ။ ရလာတဲ့ အရည္နဲ႔ဆံပင္အဖ်ားထိရႊဲေနေအာင္ေလာင္းခ်ေပးၿပီး ၁၅ မိနစ္ေလာက္ထားကာ ေရႏြေးေလးနဲ႔ေခါင္းေလ်ွာ္ေပးလိုက္ပါ။ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး လိမၼော္ရည္မွာ ပါဝင္တဲ့ဗီတာမင္ စီအစြမ္းေၾကာင့္ ဆံသားေလးေတြေခ်ာမြတ္ေတာက္ေျပာင္လာပါလိမ့္မယ္
စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းသွားစေမယ့် သဘာဝပေါင်းတင်နည်း (၄)ခုဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတြွေဖစ်စေတာကြောင့် ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်။ ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။
(၁) ကြက်ဥအကာနဲ့ဒိန်ချဉ်ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ။ နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေးလိုက်ကာ သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်။
(၂) ငှက်ပျောသီးနဲ့ပျားရည်ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းတို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။ သဘာဝအတိုင်းအခြောက်ခံပြီး ဘီးလေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။
(၃) အုန်းဆီနဲ့ပျားရည်အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ဆံပင်သားလေးတွေ သိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။
(၄) အုန်းနို့နဲ့လိမ္မော်ရည်အုန်းနို့အနည်းငယ်ကို ခွက်ထဲထည့်ကာ လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ရလာတဲ့ အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်