စက်ရေတွင်းတူရာ၌ရေရှိမရှိ၊ရေနည်းရေများခန့်မှန်သိရှိနိုင်ပုံလေးကိုဗဟုသုတအနေဖြင့်မျှဝေပေးပါမည်ရေရှိ/မရှိ၁။အရွက်အမြဲတမ်းရှိနေတတ်သောအုန်းနှဲပင်၊မယ်ဇလီပင်၊မြက်

စသည့်အပင်များစိုစိုပြေပြေလန်းလန်းဆန်းရှိနေပါကထိုနေရာတွင်ရေရှိသည်ဟုမှတ်ယူနိုင်၍ဖော်ပြပါလက္ခဏာများနှင့်ဆန့်ကျင်နေပါကရေမရှိဟုခန့်မှန်းသိနိုင်ပါသည်ရေချို/

ရေငန်၂အနီးအနားတွင်ရှိသောသစ်ပင်တို့သည်အပင်အမျိုးအစားခြင်းတူပါလျက်အခြားနေရာရှိသစ်ပင်မှအရွက်တို့ထက်အနာအဆာများ၍အစိုဓာတ်ခြောက်ခန်းလျင်ရေငန်ဟုခန့်မှန်း

နိုင်ပြီး၊သစ်ပင်မှသစ်ရွက်များစိုပြေစိန်းလန်းနေပါကရေချိုဟုခန့်မှန်းသိရှိနိုင်ပါသည်ရေတိမ်/ရေနက်၃။အနီးအနားတွင်ရှိသောသစ်ပင်တို့သည်အပင်ချင်းတူပါလျက်အဆစ်တို

နေသည်ကိုတွေ့ရပါကရေတိမ်ရေနည်းသည်ဟုခန့်မှန်းသိရှိနိုင်ပါသည်သစ်ပင်မှအဆစ်ရှည်နေပါကရေနက်ရေဝေးသောသဘောဟုခန့်မှန်းသိရှိနိုင်၏ကျောက်ဆောင်ရှိမ

ရှိ၄အနီးအနားတဝိုက်ရှိသစ်ပင်ကြီးသစ်ပင်ငယ်တို့သည်ကြုံလှီပုကျစ်၍တွန့်လိမ်ကွေ့ကောက်နေပါကအောက်
၌ကျောက်ဆောင်ရှိကြောင်းခန့်မှန်းသိရှိနိုင်ပါသည်သစ်ပင်

ကြီးသစ်ပင်ငယ်များဖြောင့်တန်းအနေထားတွေ့ရပါကကျောက်ဆောင်မရှိဟုခန့်မှန်းသိရှိနိုင်ပါသည်ရေချိုရေငန်၅ရေတွင်းတူးမည့်နေရာရှိသစ်ပင်တို့သည်တစ်ခြမ်းကအနာ

ဆာကင်း၍တစ်ခြမ်းကချောမွေ့နေလျင်ရေငန်-ရေချိုတစ်ခြမ်းစီရောစပ်နေသောနေရာဟုခန့်မှန်းသိရှိနိုင်သည်တနည်စမ်းသပ်ပုံမှာ)ချိုး(ဂျိုး)ကပ်နေသောထမင်းအိုးကို

စလောင်းဖုံးဖွင့်လျက် မြေကြီးကိုတွင်းတူးပြီးမြေတွင်းထဲတွင်အိုးကိုတစ်ညသိပ်ပါ၊နောက်တစ်နေ့အိုးကိုဖော်ကြည့်သောအခါထမင်းအိုးဖင်မှချိုး(ဂျိုး)သည်ရေနူး၍ကွာကျနေလျင်

ရေတိမ်ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီးအနည်းငယ်သာစို၍ချိုး(ဂျိုး)ကွာမကျလျင်ကရေဝေးရေနက်သည်ဟုခန့်မှန်သိနိုင်ပါသည်ထမင်းချိုး(ဂျိုး)ကိုစားကြည့်ပါကငန်နေလျင်ရေငန်ဟုခန့်မှန်းသိရှိနိုင်ပြီးချိုနေပါကရေချိုဟုခန့်မှန်းသိရှိနိုင်ပါcredit