မုန့်လက်ဆောင်းပြုလုပ်နည်းဒီတပတ်မှာတော့အတာသင်္ကြန်အချိန်အခါလဲဖြစ်တာကြောင့်စတုဒိသာကျွေးပြီးကုသိုလ်ယူဖို့အတွက်မုန့်လက်ဆောင်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရာသီဥတုကလဲပူပြင်းတဲ့အတွက်မုန့်လက်ဆောင်းက

သင်တော်တဲ့အစားအစားပဲဖြစ်ပါတယ်ထန်းလျက်နဲ့ပဲဖြစ်ဖြစ်အုန်းနို့နဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကိုအဆင်ပြေသလိုစားသုံးနိုင်ပါတယ်မုန့်လက်ဆောင်းအတွက်ပါဝင်သောပစ္စည်းမျာမုန့်လက်ဆောင်းဖတ်၁ပြည်ထန်းလျက်မုန့်လက်ဆောင်း

အတွက်ပါဝင်သောပစ္စည်းထန်းလျက်၄၀၀ဂရမ်လက်ဖက်ရည်ဇွန်းတဝက်အုန်းနို့မုန့်လက်ဆောင်းအတွက်ပါဝင်သောပစ္စည်းအုန်းသီး၁လုံးအရည်ညှစ်ထားပြီသားသကြား၂၀ကျပ်သားဆားလက်ဖက်ရည်ဇွန်းတဝက်မုန့်လက်ဆောင်း

ပြုလုပ်နည်းအရင်ဆုံးလုပ်ပြီးသားမုန့်လက်ဆောင်းဖတ်များကိုဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီးရေစိမ်ထားပေးပါအရင်ဆုံးအုန်းနို့မုန့်လက်ဆောင်းအတွက်ဒယ်ထဲသို့အုန်းနို့ရည်များထည့်ပြီးသကြား၂၀ကျပ်သားထည့်ပြီသကြားများအရည်

ပျော်အောင်အပူအနည်းငယ်ပေးပါပြီးနောက်ဆားအနည်းငယ်ထည့်ပြီအုန်းနို့ရည်များကိုပြန်အအေးခံထားပေးပါအုန်းနို့ရည်၁ဗူးခွဲ၆၀၀မီလီလီတာကိုရေ၁၀၀၀မီလီလီတာဖြင့်ဖျော်ထားပါသကြားကိုရေအနည်းငယ်ဖြင့်သကြားပျော်ရုံလေး

အပူပေးပါပန်းကန်လုံးထဲမှာမုန့်လက်ဆောင်းဖတ်ကောက်ညှင်းကျောက်ကျောသာကူပေါင်မုန့်ရေခဲတို့ထည့်ပီးသကြားရည်အုန်းနို့ရည်လေးဆမ်းပြီးရေခဲ၁တုံး၂တုံးလောက်ထည့်လိုက်မယ်ဆိုရင်တစ်မိသားစုလုံးအရသာရှိစွာစားနိုင်တဲ့ရွှေရင်အေးမုန့်လက်ဆောင်အေးအေးလေးရပါပြီ