အခုကစပြီး ကြက်ဥ အခွံတွေ လုံးဝလွှင့်မပစ်တော့ဘူးဗျာ
ကြက်ဥခွံတွေကိုလွှင့်မပစ်နဲ့ဒီလိုအပင်တွေအတွက်အားဆေး လုပ်လို့ရပါတယ်ကြက်ဥခွံရှာလကာရည်အသီးအပွင့်အားဆေးအလွယ်တကူပြုလုပ်အသုံးပြုနည်းကိုမျှဝေပေးပါမယ်
ကြက်ဥရှာလကာရည်၏အကျိုးအာနိသင်အသီးအပွင့်များအောင်မြင်စေပြီးအသီးနုပုပ်ခြင်းကြွေကျခြင်းအရွက်နုများနူခြင်းလိပ်ခြင်းတို့ကိုကာကွယ်ပေးပါသည်အသီးများကိုအချိုဓာတ်ထူးကဲစွာတိုးစေပါသည်ထို့ကြောင့်သြဂဲနစ်တောင်သူ
များလက်စွဲထားသုံးစွဲသင့်သော သဘာဝပစ္စည်းစစ်စစ်ဖြစ်ပါသည်ကြက်ဥခွံအမှုန့်၁၀ကျပ်သားကိုရှာလကာရည်၁လီတာတွင်(၇)ရက်ကြာစိမ်ထားပါလေးဂါလံဆန့်ဆေးဖြန်းပုံးတစ်ပုံးတွင်ကြက်ဥရှာလကာရည်၂ဝဝစီစီထည့်၍ရေဖြင့်ရောစပ်
အသုံးပြုနိုင်ပါသည်အပင်များပွင့်ဖူးစအချိန်မှစတင်ပြီး၁ဝရက်လျှင်တစ်ကြိမ်ဖြန်းပက်နိုင်ပါသည်ထို့ကြောင့်တစ်ဧကလျှင်ကြက်ဥခွံ၁၀ကျပ်သားသို့မဟုတ်ကြက်ဥရှာလကာရည် တစ်လီတာခန့် သုံးစွဲရန်သာလိုအပ်ပါသည်သဘာဝကြက်ဥခွံ
မှာတော့ကယ်လ်စီယမ်ဓါတ်အများအပြားပါဝင်တဲ့အပြင်အပင်အတွက်လိုအပ်သောအခြားအာဟာရဓါတ်တွေဖြစ်တဲ့မက်ဂနီစီယမ်ဖော့စဖော့ရပ်ပိုတတ်စီယမ်တို့လည်းပါဝင်ပါသည်။ကြက်ဥခွံသည်အလွယ်တကူရရှိနိုင်ပြီးအိမ်တွင်
တောင်သူများကိုယ်တိုင်အလွယ်တကူ ဆေးရည်ပြုလုပ်နိုင်သည့်အပြင်ကုန်ကျစရိတ်လည်းသက်သာသောကြောင့်သြဂဲနစ်တောင်သူများလက်စွဲထားအသုံးပြုသင့်သောသဘာဝ အသီးအပွင့်အားဆေးတစ်မျိုးဖြစ်ပါသည်။စိုက်ပျိုးရေးနည်းပညာ