စားဝတ်နေရေးအတွက်နဲ့အရင်ကလိုဇာတ်ကား ရိုက်စရာမလိုတော့ဘူးဆိုတဲ့သရုပ်ဆောင်နေဆန်းနယူးချစ်တီးဆိုတဲ့ ချစ်တီးထမင်းဆိုင် ဖွင့်ထားတဲ့သရုပ်ဆောင် နေဆန်းကတော့ ဈေးရောင်းနေ တဲ့အတွက်အရင်ကလိုစားဝတ်နေ ရေးကြောင့် ဇာတ်ကား ရိုက်စရာ မလိုတော့ဘူးလို့ ပြောပါတယ်
ကယ့်ဝမ်းနာ ကိုယ်သာ သိလေ။ အရင်ကကျနော် ထမင်းမရောင်း ခင်ကဆို သရုပ်ဆောင် လုပ်ပြီးတော့ဟိုးအရင်ကဆို မင်းသား လုပ်ရတယ်။ အခုဆိုရင် ဇာတ်ပို့ဇာတ်ရံ လုပ်ရတယ်။ ပရော်ဖက်ရှင်နယ် အနေနဲ့ လုပ်ခဲ့ရတယ်။ ကားရိုက်မှ ထမင်းစားရမှာလေ။ ကားကိုမရ ရအောင်ရိုက်ရအောင်လုပ်ရတယ်။
အခုနောက်ပိုင်းမာထမင်းဆိုင်လေး ဖွင့်လိုက်တော့ဟိုဘက်ကိုသိပ်အားမစိုက် ဖြစ်တော့ဘူးထမင်းစားဖို့ရာတွက် ကားမရိုက်ရ တော့ဘူး ဖြစ်သွားတာပေါ့။ လို့ နေဆန်းက ပြောပါတယ်။မင်းသား တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ ရာမှအသက်ရွယ်တစ်ခု ရောက်လာတဲ့အခါမှာတော့ ဇာတ်ပို့ဇာတ်ရံ တယောက်အဖြစ်နဲ့ အသက်မွေး ဝမ်းကြောင်း ပြုခဲ့ပြီး
ဇာတ် ကားတွေ နည်းပါးလာတဲ့ အချိန်မှာတော့မိသားစုစားဝတ်နေ ရေးအတွက်ကိုထမင်းဆိုင်ဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တကယ့်တကယ် ဒီလောကက ဇာတ်ပို့ ဇာတ်ရံတွေက ကားရိုက်ရှိမှ အဆင်ပြေမှာကို ကားရိုက် မရှိဘူးဆိုရင် တစ်ခုမဟုတ် တစ်ခု အသက်မွေး ဝမ်းကြောင်း အလုပ်ကို လုပ်ရတော့မှာပဲ။
အဲ့မှာမှ အလွယ်ဆုံး လုပ်လို့ရတာက ဈေးရောင်းတဲ့ အလုပ်ပဲလေကိုယ့်ဝမ်းနာကိုယ်သာသိလုပ်ရတော့မှာပဲ ကျနော်ကံကော င်း တာက ၂ နှစ်လောက် ကြိုပြီးတော့ လုပ်လိုက်မိလို့။ မလုပ်မိဘူးဆိုရင် တစ်ခုခုတော့ ဈေးက ရောင်းရမှာပဲ။ ပြောလည်း ကိုယ်မှ သူများတွေကိုမတရား လုပ်တာမှ မဟုတ်တာ လို့ ဦးနေဆန်းက ပြောပါတယ်။
ကိုဗစ် စဖြစ်တဲ့ အချိန်ကာလများမှာဆိုင်ကို ၁လခန့် ပိတ်လိုက်ရပြီး နောက်ပိုင်းမှာ တော့ပါဆယ်တွေအနေနဲ့ ရောင်းဖြစ်ပြီး အခုနောက်ပိုင်း မှာတော့ ပုံမှန်ပြန်ဖြစ် နေပြီလို့ ဆိုပါတယ်အခုကတော့ ကျနော့်ဆိုင်က မဆိုးပါဘူး။ ဟိုအရင် ပုံမှန်ရောင်းနေကျ ပုံစံအတိုင်း ပြန်ဖြစ်လာပါပြီ။ ကိုဗစ်ကာလ ဖြစ်တော့ ၁လကျော်လောက် ပိတ်လိုက်ရတယ်။
ပိတ်ပြီးတော့ ဝန်ထမ်းတွေက အသံတွေထွက်လာတော့ ပါဆယ်လေးပဲ ရောင်းလို့ရမယ် ဆိုတော့ ၁ လကျော်ပဲ ပိတ်လိုက်တယ်။ ၅ လပိုင်းမှာ ပါဆယ်လေးတွေ ပြန်ရောင်းတယ်။အစပိုင်းကတော့ သိပ်မရောင်းရဘူး ရှုံးတာပေါ့
ဝန်ထမ်း စရိတ်လေး ထိန်းမိရင် ပြီးတာပဲဆိုပြီး လုပ်နေရင်းနဲ့ Quarantine အော်ဒါလေးတွေ ရတယ်။မရှုံးတော့ဘူးပေါ့ လို့နေဆန်းက ပြောပါတယ်သရုပ်ဆောင် နေဆန်းကတော့နယူးချစ်တီးဆိုတဲ့ချစ်တီးထမင်းဆိုင်ကို တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်ရောင်းချနေတာ အခုဆိုရင် ၂ နှစ်ခန့်ရှိပြီပဲ ဖြစ်ပါတယ်။ခရစ်စတစ်ပါ