စားအုန်းဆီတစ်ပိသာ၃၆၆၅ကျပ်ဖြင့် ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်အတွင်း၉၀၀၀ဝန်းကျင်ထိ ပေးဝယ်နေရစားအုန်းဆီရည်ညွှန်းဈေးနှုန်းများလျှော့ချသတ်မှတ်နေသော်လည်း ဈေးကွက်အတွင်းစားအုန်းဆီ
ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပြည်သူအများစုထံမှသိရသည်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက် အောက်ရှိစားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှယခုအပတ်အတွက်
စားသုံးဆီရည်ညွှန်းဈေးကိုတစ်ပိသာလျင်၃၆၆၅ကျပ်ဖြင့်သတ်မှတ်ထားခြင်း ဖြစ်သည်ဆီဈေးလားဘယ်မှာသွားကျတာလဲအခု၉၀၀၀နားကပ်နေပြီမနေ့ကဝယ်တာ တစ်ပိသာကို၈၆၀၀ ပေးရတယ်ဟု ရွှေပြည်သာမြို့နယ်အတွင်းမှ
ပြည်သူတစ်ဦးကပြောသည်ယင်းသို့သတ်မှတ်ထားသော်လည်း မြေပြင်ဈေးကွက်အတွင်း၌စားသုံးဆီ ဈေးနှုန်းအဆမတန်မြင့်တက်နေပြီးတစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးဆိုင်များပင်လျင်တစ်ပိသာ၇၅၀၀ ကျပ်ပေးဝယ်နေရ
သည့်အတွက် ပြန်လည်ရောင်းချသည့်အခါ၈၀၀၀ကျော်မှ၉၀၀၀ဝန်းကျင်အထိမြို့နယ်နှင့်ရပ်ကွက်အလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကြကြောင်းသိရသည်ဝယ်ဈေးက၇၅၀၀ ပြန်ရောင်းတာတော့၉၀၀၀ ပြန်ရောင်းတယ်ဟု
ရွှေပြည်သာမြို့နယ်အတွင်းရှိကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကဇူလိုင်လ(၁၈)ရက်မှ(၂၄)ရက်အထိတစ်ပိသာ၃၆၅၀
ကျပ်နှုန်းဖြင့် ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်ပြီးရပ်ကွက်အချို့တွင်ဆီကုန်သည်အသင်းများမှလိုက်လံရောင်းချပေးမှုများလည်းရှိသည်ဇူလိုင်လ(၁၇)ရက်မှ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်
စားသုံးဆီတင်သွင်းသောကုမ္ပဏီများမှရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့တွင် အဆိုပါရည်ညွှန်းဈေးအတိုင်းလိုက်လံရောင်းချပေးမှုများလည်းရှိသည်စားအုန်းဆီရည်ညန်းဈေးနှုန်သတ်မှတ်ပေးခြင်းမှာကမ္ဘာ့ဈေးနန်းဖြစ်ပေါ်
ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်ရေးကိုထိန်းကျောင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်းအဆိုပါအသင်းကဆိုသည်ဇူလိုင်လ(၁၇)ရက်မှစတင်ပြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်း
ရှင်များအသင်းအပါအဝင်စားသုံးဆီတင်သွင်းသောကုမ္ပဏီများမှလှိုင်သာယာ၊အင်းစိန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊သာကေတ၊လှည်းကူး၊ မှော်ဘီ၊ဒဂုံအရှေ့၊ဒဂုံ မြောက်၊စမ်းချောင်းနှင့်လှိုင်မြို့နယ်တို့တွင် မော်တော်ယာဉ်များဖြင့်လိုက်လံရောင်းချပေးနေကြောင်း သိရသည်လက်ရှိတွင်
ပြည်တွင်း၌နိုင်ငံခြားငွေကန်ဒေါ်လာဈေးအဆမတန်မြင့်တက်နေမှုကြောင့်အခြေခံစားသောက်ကုန်ကုန်ဈေးနှုန်းများတရိပ်ရိပ်ဖြင့် မြင့်တက်လာနေရာ ပြည်သူလူထုအ နေဖြင့်စားဝတ်နေရေးအခက်အခဲများပိုမိုကြုံတွေ့လာနိုင်ကြောင်းသုံးသပ်မှုများလည်းရှိနေသည်စားအုန်းဆီဈေနှုန်းနှင့်
ပတ်သက်၍လည်း ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သို လှောင်ခြင်းများ ပြုလုပ်ပါကဥပဒေအရထိထိရောက်ရောက်အရေးယူသွားမည်ဟုနစကက ပြောဆိုထားသော်လည်း ဈေးနှုန်းများသိသာစွာကျဆင်းသွားသည်ကိုမတွေ့ရှိရသေးပေ