စိတ်သာချအတည် ဝိဇ္ဇာမမည် လပြည့်နေ့ ဝိဇ္ဇာဝပြော အလှူတော် ဇင်ယောနီတစ်ခါကကျွန်ုပ်သည်စာအုပ်ဖြန်ချိရေးလုပ်သားတစ်ဦးအဖြစ်ပင်ပန်းဆင်းရဲစွာအသက်မွေးခဲ့ရဖူးလေ၏။ထိုအလုပ်မှာတစ်ပတ်လျှင်၆ရက်အလုပ်ဆင်းရ၏။
တနင်္ဂနွေ၁ရက်သာနားရ၏။ကျန်သောရက်များတွင်နံနက် ၉ နာရီခန့်မှစ၍ညနေ၅နာရီခန့်အထိတစ်နေကုန်ပြေးပြေးလွှားလွှားဖြင့်လုပ်ကိုင်ရသောအလုပ်မျိုးဖြစ်လေ၏။
စာအုပ်ဖြန့်ချိရေးအလုပ်ဟုဆိုရာ၌တာဝန်အဆင့်အမျိုးမျိုးရှိနေလေရာကျွန်ုပ်၏တာဝန်မှာအနိမ့်ဆုံး အလုပ်ကြမ်းကုန်ထမ်းသမားတစ်ဦး၏အဆင့်မျိုးသာလျှင်ဖြစ်ပြီးဝင်ငွေအားဖြင့်လည်းအနည်းဆုံးဖြစ်လေတော့၏
ကျွန်ုပ်သည်နံနက်၈နာရီခန့်တွင်ထမင်းစားလေ့ရှိ၏။များသောအားဖြင့်ဆန်နို့ဆီဘူး၁ဘူးခွဲခန့်ကိုချက်ပြီးထမင်းချက်သည့်အထဲတွင်ကြက်ဥတစ်လုံးကိုပါပစ်ထည့်ထားလိုက်ကာထမင်းနပ်လျှင်ကြက်ဥကိုအခွံခွာပြီးတစ်ဝက်ခြမ်းရလေ၏။
ပြီးလျှင်ထမင်း၌ဆီအနည်းငယ်ဆမ်း၊ဆားဖြူး၍နယ်ဖတ်ကာကြက်သွန်နီဥတစ်ဥကိုတဂျွမ်းဂျွမ်းကိုက်လျက်ကြက်ဥ ပြုတ်တစ်ခြမ်းဖြင့်စားလေတော့၏။ထိုထမင်းသည်ပင်ကျွန်ုပ်အဖို့ နံနက်စာနှင့်နေ့လယ်စာခွဲတမ်းအပြီးဖြစ်လေတော့၏။
ထမင်းစားပြီးသည်နှင့်ပေါက်ပြဲနေသောလွယ်အိတ်စုတ်ကလေးကိုလွယ်ကာဖနောင့် နှင့်ခြေမအောက်တွင်ပါး၍ပေါက်နေပြီဖြစ်သောဂျပန်ဖိနပ်စုတ်ကလေးကိုစီးလျက်အလုပ်သို့သွားရလေ၏။
ကျွန်ုပ်၏ဖိနပ်ကလေးမှာလည်းကိုယ်ထည်ကအပြာရောင်ဖြစ်သော်လည်းသဲကြိုးပြတ်သောအခါရရာသဲကြိုးအရောင်ကိုပြန်တပ် ရသောကြောင့်သဲကြိုးမှာအနီရောင်ဖြစ်နေလေ၏။ထိုစဉ်ကရန်ကုန်မြို့ကြီးတွင်ဘတ်စ်ကားခမှာ၁ကျပ်ဖြစ်၏။
ဘယ်ကနေဘယ်အထိ၁ကျပ်၊ဘယ်မှတ်တိုင်ကျော်လျှင် နောက်ထပ်၁ကျပ်ထပ်ပေးရမည်စသည်ဖြင့်ပေးရလေ၏။ကျွန်ုပ်၏အလုပ် ရှိနေသောနေရာမှာ ဘတ်စ်ကား ၁ ကျပ်ဖိုးခရီးကျော်ပြီး
နောက်ထပ် ၂ မှတ်တိုင်ခန့် သွား ရသေး၏။နေ့စဉ်နှင့်အမျှ ကျွန်ုပ်သည်ကားခ ၁ကျပ်ထပ်ကုန်မည်ကိုစိုးသောကြောင့် ၁ ကျပ်ဖိုး မှတ်တိုင် ပြည့်သည်နှင့် ကားပေါ်မှ ဆင်းကာ ၂ မှတ် တိုင်ခန့်ကို လမ်းလျှောက်ရမြဲဖြစ်ပါလေတော့၏။
ကျွန်ုပ်သည် စာအုပ်ဖြန့်သောရက်များဆိုလျှင်ရွှေတိဂုံဘုရားလမ်းမှစ၍ ရွှေဘုံသာလမ်း၊၂၉လမ်း၊လမ်း ၃၀၊၃၁လမ်း၊ ၃၂လမ်း၊၃၃လမ်း၊ပန်းဆိုးတန်းစသည်ဖြင့် ထိုစဉ်က စာအုပ်ဆိုင် များဖြင့် ကြက်ပျံမကျ စည်ကားခဲ့သော လမ်းများ
တစ် လျောက် စာအုပ်များ လိုက်ချပေးရလေ၏။ ထိုစဉ်က စာအုပ်များ ဖြန့်ရခြင်းမှာ ယနေ့ခေတ်ကဲ့သို့ လက် တစ်ဆွဲ နှစ်ဆွဲ ကလေး မဟုတ်ပါ။ဘိုင်းနင်းဟုခေါ် သော စာအုပ်ချုပ်သည့်နေရာ မှနေ၍ စာအုပ်များကို
လေးဘီး ကားများဖြင့် အလီ လီ အခေါက်ခေါက်တိုက် ပြီး ဆိုင်ပေါက်စေ့ လိုက်ချရခြင်း ဖြစ်လေ၏။ ကား ရပ်၍အဆင်ပြေသော တစ်နေရာတွင် ကားကိုရပ် ထားပြီး စာအုပ်များကို လူကထမ်းပြီး လိုက် ချရခြင်း ဖြစ်လေ၏။
စာအုပ်ဆိုင်များက၎င်းင်းတို့ယူထားသောအုပ် ရေ ၅၀၊ ၁၀၀၊ ၂၀၀စသဖြင့်ကိုဘောက်ချာလေးများ ပြန်ပေးလိုက်လေ၏။ များသောအားဖြင့် စာအုပ်များ ဖြန်ရာတွင် “အတင်”ဟု ပေးထားခဲ့ရသည်ကများလေ၏။
“အပြတ်”ဟူသော ဖြန့်ချိခြင်း မှာမူ ရှားလှ၏။နာမည်ကြီးသော စာရေးဆရာများ၊ မဂ်္ဂဇင်းများသာ “အပြတ်”ဖြန့်ရ၏။ အပြတ်ဆိုသည်မှာ ယူသလောက် အုပ်ရေကို လက်ငင်း ငွေချေလိုက်ရ သော စံနစ်ဖြစ်ပြီ
အတင်ဆိုသောစံနစ်မှာမူ အထက် ကဆိုခဲ့သည့်နှယ်ယူထားသောအုပ်ရေကို ဘောက်ချာလေးများ ပြန်ပေး လိုက်သောစံနစ် ဖြစ်လေတော့ ၏။ထိုသို့စာအုပ်ဖြန့်သောနေ့များတွင် နေပူ မိုးရွာ မရှောင် ပိုပြီး ပင်ပမ်းကြီးစွာ လုပ်ကိုင်ရလေ၏။
ထိုသို့ ရန်ကုန်မြို့လယ်တစ်ဝိုက်ဆိုင်များကိုတစ်နေကုန်လိုက်ဖြန့်ရသည့်အပြင်နယ်မြို့များသို့ပို့ရန်အတွက်လည်းဆာလာဖျင်အိတ် ဟုခေါ်သောအိတ်များအတွင်းသို့ စာအုပ်များကို စီထည့်ကာကြိုးဖြင့်အပ်ဖြင့်ချုပ်ပြီး
ကားဂိတ်များ၊ သင်္ဘောဆိပ်များသို့ လိုက်ပို့ရသေး၏။(ထိုစဉ်က စာအုပ်လောကတွင် ငွေမင်၊ အမည်းပိတ်၊ ကော်ကပ်၊ အဖြဲဟူသော ဝေါဟာရများ လည်း အထူး ခေတ်စားလေ၏။ စာအုပ်များ မဖြန့်ချိမီ စာပေစိစစ်ရေး ဌာန သို့
တင်ပြရလေရာ ၎င်းင်းဌာနက ဘယ်ကဗျာကို ဖြုတ်ပါ၊ ဘယ်အပိုဒ်ကိုခွင့်မပြု၊ ဘယ် ဆောင်းပါး တစ်ပုဒ်လုံး ဖြုတ်ရမည် စသည်ဖြင့် ညွှန်ကြား လာသည့် အတိုင်း ပုံနှိပ်ပြီး ထားသောစာအုပ် များတွင် ငွေရောင်မင်၊
မင်အမည်းတို့ဖြင့် တစ်မေ့ တမောထိုင် ပြီး ပိတ်ရခြင်း ၊စာရွက်များကို ဖြဲထုတ်ရ ခြင်း၊ စာရွက် နှစ်ရွက်ကို ပူး၍ ကော်ဖြင့်ကပ်ရခြင်းများ ပြုလုပ်ကြ ရလေ၏။အဖြဲခံရသော၊ ကော်ကပ်၍ အပိတ်ခံရသော စာမူ နှင့် တွဲပြီး
ပါသွားသောစာမူ (စိစစ်ရေးကဖြုတ်ခိုင်းခြင်းမဟုတ်သော်လည်း အပိတ်ခံရသောစာမူနှင့်ကံဆိုးပြီးအတွဲလိုက်ပါသွား သောစာမူကိုဆိုက်ကားစီးရသည်ဟုလည်း ခေါ်ခဲ့ကြလေ၏။)
ထိုသို့ကြုံလာလျှင်အချိန်အခက်အခဲကြောင့်ဘိုင်းနင်းခေါ်စာအုပ်ချုပ်လုပ်ငန်းမှ လုပ်သားများဖြင့်ပင်မလုံလောက်တော့ဘဲ ကျွန်ုပ်တို့လည်းဝိုင်းရ၀န်းရမြဲဖြစ်ပါလေတော့၏။စာအုပ်ဖြန့်ပြီးနောက်နေ့မှစ၍ ကျွန်ုပ်ပြုလုပ် ရသော
အလုပ်မှာ အထက်ကဆိုခဲ့သောစာအုပ်ဆိုင်များမှပေလိုက်သည့်ဘောက်ချာစာရွက်ကလေးများကို အထပ်လိုက်လွယ်အိတ်ထဲတွင်ထည့်လျက်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ခြေတိုမတတ်တစ်နေကုန်စာအုပ်ဖိုး များ
လိုက်တောင်းရသောအလုပ်ဖြစ်ပါလေတော့၏။အင်အားစိုက်ရသောအလုပ်မဟုတ် စေကာမူနံနက် ၉နာရီခန့်မှညနေစောင်းအထိတောက်လျှောက်တစ်လမ်းဝင်တစ်လမ်းထွက်တတောက်တောက် သွားနေရသောအလုပ်
ဖြစ်ပါလေ တော့၏။တောင်း၍ရလာသော စာအုပ်ဖိုးများကို အ လုပ်ရှင် ထံ စာရင်းနှင့်တစ်ကွ ပြန်အပ်ပြီးမှ အိမ်သို့ပြန် ရ၏။ထိုသည်မှာ နောက်ထပ် စာအုပ်အသစ်ထွက် သည့် ရက် အထိ နေ့စဉ်ပြုလုပ်ရခြင်း ဖြစ်လေ၏။
စာအုပ်အသစ်ထွက်ခါနီးတွင်မူစာအုပ်ဖိုးငွေလိုက်တောင်းခြင်းနှင့်အတူ ရောင်း၍မကုန်သောစာအုပ်များကိုပါ ပြန်သိမ်းရလေ၏။ဟိုဆိုင်က၅အုပ်၊ဒီဆိုင်ကအုပ်၂၀စသည်ဖြင့်ဆိုင်များစုလိုက်သောအခါဆန်တစ်အိတ်ခန့်ပမာဏ
စာအုပ်စည်းကြီးကိုပါ တောက်လျောက်ထမ်းနေ၊ သယ်နေရခြင်း ဖြစ်လေတော့၏။ကျွန်ုပ်သည်ညနေစောင်းများ၌ဗိုက်ပူဟုခေါ်သောဘတ်စ်ကားကြီးများကို ခြေနင်းခုံပေါ်မှတွယ်၍စီးကာအိမ်သို့ပြန်ရ၏။
တစ်နေ့ကုန်ဗိုက်ဆာနေသမျှမနက်ပိုင်းကချန်ထားခဲ့သောပုရွက်ဆိတ်တက်နေတတ်သည့်ထမင်းကျန်တစ်ဝက်၊ကြက်ဥ ပြုတ်တစ်ခြမ်းတို့ဖြင့် ညစာပွဲတော်ကို တည်ရလေ၏။
ကျွန်ုပ်သည် ဇွဲလုံ့လကြီးစွာဖြင့်ရေကုန်ရေခမ်းကြိုးစားနေသော်လည်းဘ၀မှာမပြောင်ရောင်လာသည့်အပြင်ပို၍ပို၍ပင် မွဲမှောင်လာနေခဲ့လေ၏။တစ်နေ့တွင်ကျွန်ုပ်သည်အိမ်မှနာရီဝက်ခန့်စောပြီး ထွက်လာကာ
ဆူးလေဘုရားသို့တက်သွားပြီးဘုရားရှိခိုးလေ၏။ ပြန်ဆင်းခါနီးတွင်အသက်၇၀နှစ်နီးပါးခန့်ရှိပြီဟုထင်ရသောယောဂီအညိုရောင်ဝတ်ဆင်ထားသည့်အဘွားကြီးတစ်ဦးသည်ကျွန်ုပ်အနီးသို့ရောက်လာပြီး
လူလေးရေအမေ့ကိုတစ်ခုကူညီပါကွယ်ဟုပြောလေရာကျွန်ုပ်ကလည်းဘာများကူညီရမှာပါလဲခင်ဗျပိုက်ဆံ အလှူခံမှာဆိုရင်တော့ ကျွန်တော်က တောင် ပြန်ပြီး အလှူခံရလိမ့်မယ်အမေရေ ကျွန်တော့်ဟာ ကျွန်တော်တောင်
ထမင်းက၀ချင်တာမဟုတ်ဘူးဟု ပြန်ပြောလိုက်မိလေ၏။အဘွားကြီးကသွားမရှိတော့သောပါးများခွက်ဝင်သည်အထိ ပြုံးလေ၏။ ထို့နောက်တွင်မှထမင်းက၀သွားမှာပါကွယ်။ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ဘုရားပေါ်မှာ
သီလရှင်ဆရာလေးတွေမတွေမိဘူးဖြစ်နေတယ်.ဟောဒါလေးတွေကို သီလရှင်လေးတွေဆီလှူပေးပါလားကွယ်။အမေက အခုအဓိဋ္ဌာန်ပုတီးအချိန်နဲ့ စိပ်ရမှာမို့ပါကွယ်ဟုပြောပြောဆိုဆို တစ်ထွာခန့်ပုလင်းလေး၃လုးနှင့်
ပရုတ်ဆီ၁ပုလင်းကို လှမ်း၍ပေးလေ၏။ကျွန်ုပ်လည်းဘုမသိဘမသိဖြင့်ယူထားလိုက်မိလေ၏။အဘွားကြီးသည်သူ၏လွယ်အိတ်အတွင်းမှပုတီးကြီးကိုတုန်ချိတုန်ချိလက်အစုံဖြင့်ထုတ်ယူနေရင်းမှဒီလိုကွယ်ဒီနေ့ကလပြည့်နေ့လေ။
လူလေမှတ်ထားလပြည့်နေ့ရောက်တိုင်းသင့်တော်ရာပုလင်းလေးတစ်လုံးထဲမှာဆန်ထည့်၊အဲသလိုပဲဆီတစ်ပုလင်း၊ ဆားတစ်ပုလင်းလည်းထည့်၊ပြီးတော့သင့်တော်ရာဆေးတစ်ပုလင်းနဲ့အတူအဲဒီပုလင်း၎လုံးကို
လင်ပန်းလေးတစ်ချပ်မှာတင်ပြီးအိမ်ကဘုရားမှာပဲလှူရတယ်ကွယ့်။၁လပြည့်တဲ့လပြည့်နေ့ရောက်ရင်ဘုရားဆီကပြန်စွန့်ပြီး သီလရှင်လေးတွေကိုလှူလိုက်ကွယ့်။ပုလင်းဆိုတာန၀င်းကွယ့်၊လင်ပန်းဆိုတာန၀င်းကွယ့်၊
လပြည့်ဆိုတာန၀င်းကွယ့်၊ ပြည့်ဝသောနိမိတ် ကွယ့်။ဆန်ဆီဆေးဆားဆိုတာတွေကလူ တွေရဲ့မရှိမဖြစ်အဓိကအခြေခံအရာတွေကွယ့်။အဲဒီကုသိုလ်လေးလစဉ်ပုံမှန်လုပ်ပေးငါ့သားထမင်းဝရုံမျှမကလိုအပ်နေတဲ့
သတ်္တဝါတွေကိုပါကယ်ပံ့နိုင်လာပါလိမ့်မယ် ဝိဇ်္ဇာဝပြောအလှူတော်ပေါ့ကွယ်ဟုလိုရင်တိုရှင်းပြော၍ဘုရားဝတ်ပြုကာပုတီးစိပ်နေပါလေတော့၏။ကျွန်ုပ်လည်းထိုအဘွားကြီးမှာကြားသည့်အတိုင်း
ဆန်ဆီဆေးဆားပုလင်းလေးများကို သီလ ရှင်လေး များအား လှူလိုက်၏။(မှတ်ချက်။။ သီလရှင်ကိုလှူရန် အခက်အခဲရှိသော် သင့်တော်သလို ပြန်လှူနိုင်ပါသည်)အချိန်အတိအကျပြုလုပ်လိုပါသော် လပြည့်နေ့ မနက် ၉ နာရီ
သို့မဟုတ်၉ နာရီ၄၅မိနစ်တွင်လှူနိုင်ပါသည်)မိမိကိုယ်တိုင်လည်းမှတ်မှတ်သားသားဂရုစိုက်လျက်လပြည့်နေ့တိုင်းထိုဝိဇ်္ဇာဝပြောအလှူကလေးကိုစဉ်ဆက်မပြတ်ပြုလုပ်ခဲ့သည်ဖြစ်ရာအလုပ်များပင်ပမ်းရကျိုးနပ်လာ
သည့်အပြင်ကံတရားအခွင့်အလမ်းကောင်းများလည်းဆင့်ကာဆင့်ကာပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။ကြက်ဥပြုတ်ကလေး တစ်လုံးကိုမနက်တစ်ခြမ်း၊ညတစ်ခြမ်းခွဲတမ်းချပြီးစားခဲ့ရသောကျွန်ုပ်သည်ယခုအခါသူဌေးကြီး
မဖြစ်သေးသော်လည်းယခုစာဖတ်နေသူမိတ်ဆွေများအနေနှင့်ကျွန်ုပ်ထံထမင်းလာစားကြမည်ဆိုပါလျှင်မူဧည့်ဝတ်ကျေပွန် ရန် အပမ်းမကြီးလှကြောင်းပါခင်ဗျားခရက်တစ်ဇငယော်နီ