ရေသန့်တစ်ခွက်နဲ့တူတဲ့မိန်းမရေသန့်တစ်ခွက်နဲ့တူတဲ့ဖြူစင်တဲ့မိန်းမတွေဟာလစ်လျူရူခံရတာများပါတယ်။ရေသန့်ဟာ အရသာကင်းမဲ့ပြီးအရောင်အဆင်းမရှိတတ်ပါဘူး။ရေဟာဖြူစင်ပါတယ်။မစင်ကြယ်တဲ့အရာတွေကိုတောင်စင်ကြယ်
အောင်ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်ဒါပေမယ့်ရေသန့်တစ်ခွက်နဲ့တူတဲ့မိန်းမတွေရဲ့တန်ဖိုးကိုနားမလည်ကြပါဘူးအရောင်အဆင်းအနံ့အရသာတွေနဲ့ပြည့်စုံနေတဲ့အချိုရည်လိုမိန်းမတွေကြတော့ဂရုစိုက်ခံရတာများပါတယ်သူတို့ရဲ့
အရောင်အသွေးနဲ့အရသာဟာလူတွေကိုစွဲဆောင်မှုတစ်ခုတော့ပေးပါလိမ့်မယ်ဒါပေမယ့်ဒီအချိုရည်တွေသောက်သုံးပြီးတဲ့အခါမှာပါးစပ်ချဉ်တတ်ကြတာကိုတော့သောက်သုံးဖူးသွားတဲ့သူတိုင်းသိကြပါတယ်အမြဲလိုလိုမရှိမဖြစ်ရေကို
သောက်သုံးရပြီးရေဟာမရှိမဖြစ်ဆိုတာလည်းသိကြပါတယ်ဒါပေမယ့်လွယ်လွယ်နဲ့ရနေတဲ့ရေတစ်ခွက်ကိုတော့တန်ဖိုးမထားတတ်ကြပါဘူးမိန်းမကောင်းမိန်းမမြတ်တွေကလဲရေသန့်တစ်ခွက်နဲ့တူပါတယ်အရောင်အဆင်းမရှိပေမယ့်လူတိုင်း
အတွက်တန်ဖိုးရှိပါတယ်ပေါ့ပျက်ပျက်အပေါစားဆန်တဲ့မိန်းမတွေကတော့အချိုရည်လိုပါပဲသူ့တို့ပင်ကိုယ်အရည်အချင်းမရှိပဲအရောင်အရသာနဲ့သာဆွဲဆောင်ပါလိမ့်မယ်တန်ဖိုးတော့မရှိပါဘူးသင့်လက်ထဲမှာရောရေသန့်တစ်ခွက်ရှိနေပီလားရေတစ်ခွက်လက်၀ယ်ပိုင်ဆိုင်ရနေပြီဆိုလည်းသင်တန်ဖိုးထားပါ