သင်္ဘောပင်စိုက်ပြီးအသားထူထူအစေ့နဲနဲပြွတ်ခဲနေအောင်သီးစေသောနည်းအစေ့ကိုတစ်ရက်နေလှန်းပြီးပျိုးပင်ဖောက်ပါအဲ့ဒီပျိုးပင်လေး(၇-ရက်)ပြည့်တဲ့အခါခွဲစိုက်မယ့်နေရာကို(၁)တွင်းဝတစ်ပေ၊အနက်တစ်ပေခွဲတူးပြီးတွင်းထဲကိုသစ်ရွက်
ခြောက်ဖြစ်စေကောက်ရိုးခြောက်ဖြစ်စေထည့်ပြီးမီးရှို့ပါနှစ်ကြိမ်ပြုလုပ်ရန်လိုအပ်ပါသည်ပြာကျပြီးတာနဲ့တွင်းထဲကိုရေအပြည့်လောင်းပြီးတစ်ညထားပါ(၂)အပင်စိုက်မယ့်တွင်းအောက်ခြေမှာထုံးမှုန့်ငါးဆယ်သားခန့်ဖြူးပြီးထုံးပေါ်မှာ
မြေဆွေးလက်ငါးသစ်ခန့်ထည့်ပါ။(၃)လ္ဘက်ရည်ဆိုင်တွေမှာစွန့်ပစ်စုပုံထားကြတဲ့နှပ်ပြီးသားအချိုခြောက်အဖတ်တွေကိုယူနွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီးတစ်နေလှန်းပါ။ပြီးလျှင်တွင်းထဲသို့တစ်ထွာခန့်ထပ်ဖြည့်ပါ
၎င်းအပေါ်မှထပ်မံ၍မြေဆွေးအပြည့်ထည့်လိုက်ပြီးပျိုးပင်ကိုစိုက်ပျိုးပါ။(၄)ပျိုးပင်(၂-ပေ)ခန့်ကြီးလာတဲ့အခါအပင်ရင်းပတ်လည်ကိုမီးဖိုကရတဲ့ပြာမှုန့်၊မီးသွေးမှုန့်တွေကိုအုံထားပေးပါ။နံနက်စောစောနှင့်နေဝင်ပြီးချိန်၌တစ်နေ့နှစ်ကြိမ်ရေမှန်မှန်
လောင်းရပါမယ်။မှတ်ချက်အဝါရောင်အသားရှိတဲ့သင်္ဘောသီးကိုအနီရောင်ဖြစ်စေချင်ရင်တော့အောက်ခြေမှာဖြူးထားတဲ့ထုံးမှုန့်ကိုမီးသွေးအမှုန့်နဲ့ဆတူရောစပ်ပြီးစိုက်ပါ
သေဘၤာပင္စိုက္ၿပီးအသားထူထူအေစ့နဲနဲႁပြတ္ခဲေနေအာင္သီးေစေသာနည္းအေစ့ကိုတစ္ရက္ေနလွန္းၿပီးပ်ိဳးပင္ေဖာက္ပါအဲ့ဒီပ်ိဳးပင္ေလး(၇-ရက္)ျပည့္တဲ့အခါခြဲစိုက္မယ့္ေနရာကို(၁)တြင္းဝတစ္ေပ၊အနက္တစ္ေပခြဲတူးၿပီးတြင္းထဲကိုသစ္႐ြက္
ေျခာက္ျဖစ္ေစေကာက္ ရိုးေျခာက္ျဖစ္ေစထည့္ၿပီးမီးရွို႔ပါႏွစ္ႀကိမ္ျပဳလုပ္ရန္လိုအပ္ပါသည္ျပာက်ၿပီးတာနဲ႕တြင္းထဲကိုေရအျပည့္ေလာင္းၿပီးတစ္ညထားပါ(၂)အပင္စိုက္မယ့္တြင္း ေအာက္ေျခမွာထုံးမႈန႔္ငါးဆယ္သားခန႔္ျဖဴးၿပီးထုံးေပၚ မွာ
ေျမ ေဆြးလက္ငါးသစ္ခန႔္ထည့္ပါ။(၃)လၻက္ရည္ဆိုင္ေတြမွာစြန႔္ပစ္စုပုံထားၾကတဲ့ႏွပ္ၿပီးသားအခ်ိဳေျခာက္အဖတ္ေတြကိုယူႏြားေခ်းေျခာက္ႏွင့္ဆတူ ေရာသမေမႊၿပီးတစ္ေနလွန္းပါ။ၿပီးလွ်င္တြင္းထဲသို႔တစ္ထြာခန႔္ထပ္ျဖည့္ပါ
၎အေပၚမွထပ္မံ၍ေျမေဆြးအျပည့္ထည့္လိုက္ၿပီးပ်ိဳးပင္ကိုစိုက္ပ်ိဳးပါ(၄)ပ်ိဳးပင္(၂-ေပ)ခန႔္ႀကီးလာတဲ့အခါအပင္ရင္းပတ္လည္ကို မီးဖိုကရတဲ့ျပာမႈန႔္၊မီးေသြးမႈန႔္ေတြကိုအုံထားေပးပါ။နံနက္ေစာေစာႏွင့္ေနဝင္ၿပီးခ်ိန္၌တစ္ေန႕ႏွစ္ႀကိမ္ေရမွန္မွန္
ေလာင္းရပါမယ္။မွတ္ခ်က္အဝါေရာင္အသားရွိတဲ့သေဘၤာသီးကိုအနီေရာင္ျဖစ္ေစခ်င္ရင္ေတာ့ေအာက္ ေျခမွာျဖဴးထားတဲ့ထုံးမႈန႔္ကိုမီးေသြးအမႈန႔္နဲ႕ဆတူေရာစပ္ၿပီးစိုက္ပါ။Credit