စီးပွားတတ်မည့် အိမ်ကိုယ်ယခု နေထိုင်နေတဲ့ အိမ်ဟာဘယ် အမျိုးအစားထဲပါနေလဲ ဆိုတာ လေ့လာ ဆန်းစစ်ကြည့် လိုက်ရအောင်
စီးပွားတတ်မည့်အိမ်ကိုယ်ယခုနေထိုင်နေတဲ့အိမ်ဟာဘယ်အမျိုးအစား ထဲပါနေလဲဆိုတာ လေ့လာဆန်းစစ်ကြည့်လိုက်ရအောင်။အိမ်၏ ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက်မြင့်မည်…ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါကကိုယ်နေသောအိမ်သည်အမိုးနိမ့်နေလျှင်အိမ်ပုခက် ဟုခေါ်သည် နေသောမိသားစုသည်စီးပွားတက်၏
ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်းကလဲအမိုးနိမ့်မည်ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည်
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအားသဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည်။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည်။ရေဆန်အိမ်ဟုခေါ်သည် ။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင်မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါကထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏ ။မကျန်းမမာဖြစ်တတ်၏။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏ ။ကိုယ့်အိမ်၏ ဘေးဘယ်ညာ အိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါကထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏
အလွန်စပ်စပ်စုစုနိူင်သောအိမ်နီးပါးချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထားပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏မေတ္တာဖြင့်ပြန်လည်မျှဝေသူKOMOEWIN