ကိုယ်တိုင်လုပ်စားလို့လည်းရ၊တပိုင်တနိုင်စီးပွားဖြစ်လုပ်လို့လည်းရ၊ဖရုံယိုပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်ကျောက်ဖရုံယိုလုပ်နည်းပါဝင်အစ္စည်းများအတော်လေးရင့်သော ကျောက်ဖရုံသီးကီလိုဝက်၃၂ကျပ်သားခွဲခန့်ထုချေထားသော

ကျောက်ချဉ်alumလက်ဖက်ရည်ဇွန်း၁ဇွန်းခန်ကွမ်းစားထုံးlimestoneorChunaorChoonaလက်ဖက်ရည်ဇွန်း၁ဇွန်းခန်ရေ10cups2500mlသကြား2cup500mlသံပုရာရည်လက်ဖက်ရည်ဇွန်း၁ဇွန်းခွဲပြင်ဆင်

ပြုလုပ်နည်းရေ5cups(1250 ml)ထဲထုံးနှင့်ကျောက် ချဉ်ထည့်ကာထုံးများပျော်အောင်ဖျော်ထားပါ။လှီးပြီးသည့် ကျောက်ဖရုံသီးများကိုဖျော်ထားသည့်ထုံး၊ကျောက်ချဉ်ရည်ထဲထည့်ကာအဖုံးဖုံးပြီး၆နာရီခန့်ထားပါ။ထိုအတောအတွင်း

ရေပေါ် ပေါ်နေသည့်ကျောက်ဖရုံသီးဖတ်များအတွက်၃၊၄ခါအပေါ်အောက်လှန်ပြီးမွှေပေးပါ၆နာရီခန့်စိမ်ထားပြီးနောက်ထုံးများပြောင်စင်သွားအောင်ရေဆေးရေစစ်ထားပါရေစစ်ပြီးနောက်ပွက်ပွက်ဆူနေသောရေ5cups1250mlထဲထဲ့

ပြီးအိုးအဖုံးမဖုံးပဲhigh heatဖြင့်၃မိနစ်တည်ထားပါရေပြန်ဆူလာလျှင်အနည်းငယ်မွှေပေးပါပြီးလျှင်ချက်ချင်းရေအေးဖြင့်လုံးဝအေးသွားသည်အထိဆေးကာ၊ရေကုန်အောင်စစ်ပြီးနောက်အနည်းငယ်ခြောက်သွားအောင်papertowelသို့

စက္ကူပေါ်၁နာရီခန့်ဖြန့်ထားပေးပါ၁နာရီခန့်ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီးနှင့်သကြားကိုဇလုံထဲထည့်ပြီးနှံ့သွားအောင်ခပ်ဖွဖွမွှေကာအဖုံးဖုံးပြီးသကြားရည်များဖရုံသီးထဲစိမ့်ဝင်အောင်တစ်ညအိပ်ထားပါ(ရေလုံးဝမထည့်ရပါ

နောက်တစ်နေ့မနက်တွင် ပျော်နေသောသကြားရည်နှင့်သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီးကြည်ကြည်လေးများကို တွေ့ရမှာဖြစ်ပါတယ်။ဖရုံသီးဖတ်များကိုမကပ်သည့်အိုးထဲထည့်ကာmedium high heat ဖြင့်မိနစ်၂၀ခန့်တည်ထားပါသံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။

သကြားရည်များပူပြီးအနည်းငယ်စပွက်လာလျှင်အိုးကပ်ပြီးမတူးအောင်မကြာခဏမွှေပေးဖို့လိုပါတယ်မိနစ်၂၀ခန့်(သို့)သကြားရည်များ ကော်ရည်ကဲ့သို့ပျစ်လာသည်နှင့်medium low heatသို့လျှော့ကာတတ်နိုင်သမျှတစ်အိုးလုံး နှံ့အောင် ခြစ်ပြီးအဆက်မပြတ်မွှေပေးပါ

သကြား နှင့် ကျောက်ဖရုံသီးများအိုးဖြင့်ကပ်ကာတူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်၃မိနစ်ခန့်ကြာလျှင်သို့သကြားအတုံးအခဲများစဖြစ်လာလျှင်သကြားကခပ်ထန့်ထန့်အနေအထားပါ

low heatသို့လျှော့ကာ၂မိနစ်ခန့်အဆက်မပြတ်မွှေပေးပါ(မွှေရတာလွယ်ကူမြန်ဆန်စေရန်spatulaကိုပြောင်းသုံးထားပါတယ်သကြားများခပ်ထန့်ထန့်ဖြစ်မနေတော့ပဲလုံးဝခြောက်သွားလျှင်ဆက်ပြီးမပူနေစေရန်ဒယ်အိုးမှဖယ်ပြီးလင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍အအေးခံထားပါ

အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့်သကြားရည်ဝနေသော ကျောက်ဖရုံယိုလေးအရသာရှိစွာသုံးဆောင်နိုင်ပါပြီအပိုထွက်လာတဲ့သကြားတွေဘာလုပ်ရမှာလည်းမသိဖြစ်နေရင်တော့ကျောက်ဖရုံယိုနဲ့ ရောပြီးသိမ်းထားတယ်လို့ရပါတယ်နော်