နောက်မှနောင်တမရရအောင်ဒါလေးကိုတော့ဖတ်ဖြစ်အောင်ဖတ်သွားပါစီးပွားရေးမှာသိပ်အားကျရတဲ့သူတယောက်ရှိတယ်သူပြောဖူးတဲ့စကားတစ်ခုလူတစ်ယောက်ကတစ်လဝင်ငွေ၁သိန်းရတယ်ဆိုပါတော့တစ်လကို၅သောင်း
သုံးတယ်သူတစ်လဝင်ငွေ၅သောင်းပဲရတော့တဲ့အခါဘာလုပ်မလဲတဲ့ကိုယ်ထင်ခဲ့တာအသုံးစရိတ်ကိုတဝက်လျှော့သုံးမယ်ပေါ့သူရယ်တယ်အဲ့လိုတွေးရင်သူဌေးမဖြစ်တော့ဘူးတစ်လကို၅သောင်းအသုံးစားရိတ်ရှိနေရင်ငါအမြဲဒီလိုသုံး
နိုင်အောင်ဘယ်လိုရှာရမလဲတွေးရတယ်လျှော့သုံးဖို့ထက်တိုးရှာနိုင်အောင်လုပ်လေတဲ့စောစောကပြောတော့ဝင်ငွေကတဝက်ကျသွားတာဆိုလို့ပြန်မေးတော့သူထပ်ရယ်တယ်ဒီစီးပွားကငွေဝင်နည်းရင်အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်းကြံစည်နေရမှာပဲလေလူဆိုတာမွေးစကနေသေသည်အထိပြေးလမ်းပေါ်မှာပြေးနေသလိုပဲပူလောင်လိုက်တာမညည်းနဲ့အေးချမ်းချင်တရားရိပ်ခိုလိုက်တဲ့အဲ့ဒီလူဟာအသက်၂၃နှစ်မှာစက်လှေအစီး၈၀ပိုင်တဲ့
Companyရဲ့Directorဖြစ်နေပြီသူငယ်ငယ်ကသူ့မိသားစုကစက်လှေ၁ စီးထဲနဲ့ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေသူ့ဘဝမှာရုပ်ရှင်ရုံလဲမသိဘူးပန်းခြံလဲမသိဘူး အချစ်ကိုလဲဦးစားမပေးခဲ့ဘူးအလုပ်ချိန်ချစ်သူကိုသတိရမိရင်တောင်
မင်းကြောင့်ငါအာရုံစိုက်မရဖြစ်တယ်ကွဆိုပြီးလှမ်းဆဲတတ်တဲ့သူမျိုးသူ့မှာလူငယ်ဘဝလဲဆုံးရှုံးတယ်ပျော်စရာဆိုတာမရှိသလောက်ပဲဒီလိုနေရတာပျော်ရဲ့လားဘဝကဘာအဓိပ္ပါယ်ရှိမလဲကိုယ်မေးတော့အနည်းဆုံးတော့ကိုယ့်ညီတွေ
ကိုနိုင်ငံခြားမှာကျောင်းထားနိုင်တယ်ဆင်းရဲသူတွေကိုပေးနိုင်လှူနိုင်တယ်မကျန်းမာတဲ့အခါကုနိုင်တယ်ဆွေမျိုးတွေကိုထောက်ပံ့နိုင်တယ်တစ်နေ့သားသမီးရှိလာရင်ပြည့်စုံမှုပေးနိုင်တယ်လေငွေမရှိပဲငယ်ဘဝကိုပေါ့ပေါ့ပါးပါးပျော်နေခဲ့မယ်ဆို
အတ္တကြီးရာကျတာပေါ့တဲ့ဘဝမှာတခုပဲရမယ်အောင်မြင်မှုလားအေးချမ်းမှုလားနှစ်ခုလုံးလိုချင်လို့တော့မရဘူးကြာလာလေသဘောပေါက်လာလေပဲထမင်းကြမ်းကိုယပ်ခပ်စားရတာပြဿနာမဟုတ်ပေမယ့်ကိုယ်ချစ်တဲ့သူတွေမပြည့်မစုံ
ဖြစ်တာထိုင်ကြည့်ရတဲ့အခါတော့အတော့်ကိုနာကျင်ရတယ်သူများစားရင်ကျွေးချင်တယ်သူများဝတ်ရင်ဆင်ချင်တယ်သူများပေးရင်ကိုယ်လဲပေးချင်တယ်ဒါဟာလောဘဆိုရင်ဟုတ်တယ်ကျနော်သိပ်လောဘကြီးတာ