လှိမ့်ဝင်တည်သုံးမိတ်ဆွေတစ်ယောက်နဲ့၂နှစ်ခွဲနေမှပြန်တွေ့တော့သူ့မိသားစုကတော်တော်လေးအဆင်ပြေနေပြီးအရင်ထရံအိမ်လေးနေရာမှာအာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင်ဆောက်နေတယ်လို့ပြောပါတယ်

သူ့လုပ်ငန်းကတအားလှိမ့်ဝင်သွားတာကိုအဲ့သူ့အိမ်ရှေ့အဝင်ဝမှာလှိမ့်ဝင်စဉ့်အရုပ်လေးကိုအိမ်ဘက်လှိမ့်ဝင်နေတဲ့ပုံချိတ်ထားတာတွေ့ရပါတယ်အိမ်ဧည့်ခန်းမှာတော့စဉ့်အိုးလေးတည်နေတဲ့ပုံကိုတင်ထားတာတွ့ရပါတယ်မေးကြည့်တော့လှိမ့်ဝင် တည်သုံးလေတဲ့စီးပွားဖြစ်တယ်

လုပ်ငန်းကောင်းတယ်တဲ့ဗျာကျွန်တော်တို့မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ်အရမ်းကိုရောင်းရတယ်အလှူပေးနေသလိုကိုရောင်းရတာသူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကိုလှိမ့်ဝင်နေတဲ့ပုံလေးတင်ထားတာတွေ့ရပါတယ်

သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာအဲဒါနဲ့လူမဝင်လုပ်ငန်းမကောင်းတဲ့သူနဲ့အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက်နှစ်ယောက်ကိုအဲဒီအရုပ်လေးနှစ်ခုကိုထားဖို့ပြောလိုက်တာသူတို့လည်းကျောက်ဆည်တပေါင်းပွဲနဲ့

ကြုံတော့စဉ့်ကူးကစဉ်အိုးသည်တွေလာတာနဲ့အဲဒီအရုပ်လေးကိုတစ်ရုပ်ကိုအိမ်ရှေမှာထားပြီးတစ်ရုပ်ကိုအိမ်ထဲမှာထားဖို့ပြောလိုက်တာအဲဒီ၃ယောက်ဟာ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ

အဲဒါနဲ့ပြင်ဦးလွင်ကဗေဒင်ဆရာဆရာဝင်းမော်အောင်အိမ်လာတော့အဲဒီယတြာအကြောင်းပြောပြလိုက်တာသူလည်းသဘောကျပြီးအဲဒါကိုအားလုံးသိအောင်ဖေ့ဘွတ်ပေါ်တင်ပေးပါလို့ပြောလို့တင်ပေးရာကနေလှိမ့်ဝင်တည်သုံးအိုးသည်တွေ

ရောင်းမလောက်ဖြစ်ကုန်တော့တာပါပဲဗျာလှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေဘယ်လိုဓာတ်ဆင်ရတာပါလဲအဲဒီလှိမ့်ဝင်တည်သုံးအရုပ်လေးတွေကဟိုအရင်လောကီပညာရှင်ဆန်းပညာရှင်တွေလုပ်သွားခဲ့တာပါပညှပ်သွားရာဓါတ်သက်ပါ

ဆိုသလိုလူအများသုံးစကားလှိမ့်ဝင်ဆိုတာကိုယူပြီးလှိမ့်ဝင်နေတဲ့အရုပ်ကလေး တွေကိုစီရင်ပေးသွားတာပါအဲဒီမှာစဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ကောင်လေး၂၄ပုံလေးပါစဉ့်အိုးကိုဘာလို့သုံးလဲတစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင်

လို့ရတာပဲလို့တွေးမိတော့စဉ့်အိုး၃၁ဆိုတာအောင်စေအေးစေ၁၃ကိုကက်ကင်းရိုက်သွားတယ်ထင်ပါတယ်လှိမ့်ဝင်ဆိုတာကတော့ဗျာလှမ့်ဝင်၄၄ရွှေလာလူလာလိုရာရလာဓါတ်ပေါ့လှိမ့်ဝင်ပြီးတော့ဘာလုပ်မလဲဆိုတော့တည်သုံးလေတစ်ရုပ်

လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကိုဘုရားတည်ကျောင်းတည်ဇရပ်တည်သာသနာတည်နိုင်တဲ့အထိသုံးနိုင်ဖို့လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ဓါတ်အရုပ်လေးတွေပါဘယ်လိုသုံးမလဲဘယ်လိုဆောင်မလဲဗျာသနချေရပါတယ်

အညံ့ခြေရပါတယ်ကိုယ့်စီးပွားအတွက်အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာကားနဲ့သယ်လားရင်အမျိုးသားအမျိုးသမီးကလေးလူကြီးကျော်ခွသွားတာမျိုးကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုးတွေရှိတတ်ပါတယ်အဲဒီလိုအညံ့

ဓါတ်တွေကင်းဖို့ဆားရည်ရေ၁ဂါလံကိုဆား၂ဇွန်းထည့်ပြီးကိုဇလုံထဲထည့်ပြီးလက်ဆယ်ချောင်းကဆေးဖြစ်စေဆိုပြီး၃ခါပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီးသနပ်ခါးသွေးသလိုလက်ယာရစ်မွှေပြီးပါးစပ်မှလည်းဉုမ်သနသနသန

အပေါင်းထောင်သောင်းကြေစရာကြေဆိုပြီး၃၇ခေါက်ရွတ်ပြီးမှအဲဒီအရုပ်များကို၎င်းရေနဲ့ဆေးပါပြီးမှ၎င်းအရုပ်များကိုရေမွှေး(နဝင်းရေ)ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့အိုးလှိမ့်ဝင်နေတဲ့ပုံအိုးကိုအိမ်ဘက်အတွင်းသို့ထားပြီးအိမ်ရှေ့

မှာထားလိုက်ပါတည်သုံးအိုးလေးကိုတော့အလုပ်စားပွဲအိပ်ခန်းစားပွဲအိမ်ထဲမှာထားထားလိုက်ထူးထူးခြားခြားအဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာဘယ်နေ့ဘယ်အချိန်မှာဆောင်တင်ထားရမလဲမိမိမွေးနေ့မနက်945မှာတင်ဆောင်

ထားပါလေလူမဝင်သောဆိုင်များတည်းခိုခန်းများဟိုတယ်များလူများလှိမ့်ဝင်လာပါလိမ့်မယ်အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မည်တစ်ပတ်လောက်လှိမ့်ဝင်နေပြီးနောက်ပိုင်းနည်းနည်းပါးသွားတာ

မျိုးဖြစ်ခဲ့ရင်တော့လှိမ့်ဝင်အရုပ်ကလေးကိုမျက်နှာသစ်ပေးလိုက်ပါပြီးတော့ရေမွှေးလေးဖြန်ပေးလိုက်ပါပြီးတော့လာထားလာထားဆိုပြီးလက်ခုတ်တီးပြီးပြောလိုက်ပါဝင်လာပါလိမ့်မယ်ဗျာပထမဆုံးဝင်သောငွေမှအနည်းအကျင်းကို

ဘုရားလှူလိုက်ပါပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေပထမဆုံးဝင်တဲ့ပိုက်ဆံကိုအနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲနောက်ပြီးလာဒ်တိတ်စေတဲ့အကြောင်းတရားတွေကိုရှောင်ပေးရပါတယ်အရင်ကရေးခဲ့ဖူးပါတယ်အခုပြန်ရေးပြလိုက်ရပါတယ်