စုန္းစုတ္တယ္လို႔ေျပာၾကတဲ့အေရျပားေပၚမွာအညိဳအမည္းကြက္ေတြေပၚရတဲ့အေၾကာင္းအရင္းမ်ားတခါတေလဘာမွတိုက္မိခိုက္မိတာမရွိဘဲနဲ႔အေရျပားေပၚမွာအညိဳအမည္းကြက္ေတြေပၚလာရင္ဘာေၾကာင့္လဲ၊ ဘယ္လိုေပ်ာက္ေအာင္လုပ္ရမလဲ

စဥ္းစားရခက္ေနတာမ်ိဳးျဖစ္ရပါတယ္။ဒီလိုအညိဳကြက္ေတြျဖစ္ရတာအေၾကာင္းရင္းတခ်ိဳ႕ေၾကာင့္ျဖစ္ႏိုင္ၿပီးသင့္ရဲက်န္းမာေရးအေျခအေနနဲ႔လည္းတိုက္႐ိုက္ပတ္သက္ေနပါတယ္။ဒီေတာ့အေရျပားေပၚမွာအညိဳအမည္းကြက္ေတြေပၚရတဲ့အေၾကာင္း

ရင္းနဲ႔သင့္ရဲက်န္းမာေရးအေျခအေနကိုသိရဖို႔ဖတ္ၾကည့္လိုက္ပါဦးေနာ္၁အေလးခ်ိန္မ်ားတဲ့ပစၥည္းေတြမျခင္းေၾကာင့္တခါ တရံအရမ္းေလးတဲ့ပစၥည္းေတြမလိုက္တဲ့အခါမ်ိဳးမွာခႏၶာကိုယ္ထဲကဆံခ်ည္မွ်င္ေသြးေၾကာေလးေတြ ျပတ္သြားၿပီး

အေရျပားေပၚမွာအညိဳအမည္းကြက္ေတြျဖစ္လာရျခင္းျဖစ္ပါတယ္။သင့္ခႏၶာကိုယ္ကခံႏိုင္တာထက္ပိုတဲ့အလုပ္ေတြလုပ္မိသြားၿပီဆိုတဲ့အဓိပၸါယ္ျဖစ္တာေၾကာင့္ေနာက္ဆိုဒီလိုေလးပင္တာေတြမ,တဲ့အခါ ဆင္ျခင္လိုက္ပါ။

(၂) ေဆးတစ္မ်ိဳးမ်ိဳးေသာက္ျခင္းေၾကာင့္သံဓာတ္အားျဖည့္ေဆး၊အေရာင္ေလ်ာ့ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ထားတာေၾကာင့္လည္းဒီလိုအညိဳကြက္ေတြျဖစ္တတ္ပါတယ္သင့္အေနနဲ႔ ေဆးေသာက္ထားတဲ့ေန႔ေတြမွာအဲ့ဒီလို

အညိဳအမည္းကြက္ေတြျဖစ္လာတယ္လို႔သတိထားမိတယ္ဆိုရင္ေတာ့ခႏၶာကိုယ္အတြင္းပိုင္းေသြးေၾကာေတြမွာေသြးယိုစီးမႈေတြျဖစ္ေနႏိုင္တာေၾကာင့္ဆရာဝန္နဲ႔ေသခ်ာျပသၿပီးစစ္ေဆးသင့္ပါတယ္။(၃)ေသြးေရာဂါတစ္ခုခုေၾကာင့္အေရျပားေပၚ

ကအညိဳအမည္းကြက္ေတြ ဟာေသြးေရာဂါတစ္ခုခုေၾကာင့္ျဖစ္တယ္ဆိုရင္အဲ့ဒီအညိဳအမည္းကြက္ေတြေပၚ လာတဲ့အခ်ိန္မွာေျခေထာက္ေရာင္ရမ္းနာက်င္တာ၊သြားဖုံးေသြးယိုတာ၊ႏွာေခါင္းေသြးထြက္တာနဲ႔အေရျပားအေပၚလႊာမွာေသြးေၾကာ

ျပတ္ရာေလးေတြေတြ႕ေနရၿပီဆိုရင္ေတာ့ေသြးကင္ဆာလိုေရာဂါမ်ိဳးေၾကာင့္ျဖစ္ေနႏိုင္တာမို႔ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။(၄)အာဟာရဓာတ္လိုအပ္ေနျခင္းေၾကာင့္ခႏၶာကိုယ္ထဲမွာဗီတာမင္ဓာတ္တစ္မ်ိဳးမ်ိဳးခ်ိဳ႕တဲ့ေနတဲ့ အခ်ိန္မွာလည္း

အေရျပားေပၚမွာအညိဳအမည္းကြက္ေတြျဖစ္လာတတ္ပါတယ္။ဗီတာမင္၊အာဟာရဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္လာတဲ့အညိဳအမည္းကြက္ေတြကေတာ့ထိလိုက္ရင္နာက်င္မႈမရွိပါဘူး။ဒီအေျခအေနဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ထဲမွာဗီတာမင္B12

ဗီတာမင္ေကနဲ႔ဗီတာမင္စီအဓိကလိုအပ္ေနတာပါ။(၅)ေဟာ္မုန္းမညီမွ်မႈေၾကာင့္ခႏၶာကိုယ္ထဲမွာေဟာ္မုန္းပမာဏမညီမွ်ျခင္းေၾကာင့္လည္းအေရျပားေပၚမွာအညိဳကြက္ေတြျဖစ္ႏိုင္ ပါတယ္။အထူးသျဖင့္အမ်ိဳးသမီးေတြမွာအီစထ႐ိုဂ်င္ေဟာ္မုန္း

နည္းေနမယ္ဆိုရင္ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြကိုအားနည္းေစၿပီးျပတ္ထြက္တဲ့အထိျဖစ္ေစႏိုင္ပါတယ္။(၆)အေရျပားတစ္သွ်ဴးေတြအားနည္းျခင္းေၾကာင့္အသက္ႀကီးလာတဲ့အခ်ိန္မွာအေရျပားတစ္သွ်ဴးေတြကအားနည္းလာၿပီ

းက်ဳံ႕ဆန႔္ႏိုင္စြမ္းလည္းနည္းလာပါတယ္။အဲ့ဒီအခါအေရျပားေအာက္မွာရွိတဲ့ေသြးေၾကာေလးေတြလည္းအားနည္းလာၿပီးျပတ္လြယ္လာတာေၾကာင့္အဲ့ဒီေနရာေတြမွာအညိဳကြက္ေတြျဖစ္လာပါတယ္။(၇)ဆီးခ်ိဳေရာဂါေၾကာင့္အေရျပားေပၚက

အညိဳအမည္းကြက္ေတြဟာဆီးခ်ိဳေရာဂါရဲ႕ေရွ႕ေျပးလကၡဏာျဖစ္ေနႏိုင္ပါတယ္။ေသြးထဲမွာသၾကားဓာတ္ မ်ားေနတဲ့အခါေသြးလွည့္ပတ္မႈကိုကေမာက္ကမျဖစ္ေစႏိုင္ၿပီးအေရျပားေပၚမွာအညိဳအမည္းကြက္ေတြလြယ္လြယ္ျဖစ္ေစႏိုင္ပါတယ္။

တခါတေလထိခိုက္မႈကမျပင္းထန္ေပမယ့္အညိဳကြက္ကအႀကီးႀကီးေပၚေနတာမ်ိဳး၊ အနာမက်က္လြယ္တာမ်ိဳး၊အေရျပားေပၚမွာအျဖဴေရာင္အကြက္ေလးေတြျဖစ္တာမ်ိဳးနဲ႔မ်က္စိမႈန္တာေတြတၿပိဳင္တည္းျဖစ္ေနရင္ေတာ့ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်မ်ားေနတာေၾကာင့္ဆရာဝန္နဲ႔ျပသင့္ပါၿပီ။Credit

စုန်းစုတ်တယ်လို့ပြောကြတဲ့အရေပြားပေါ်မှာအညိုအမည်းကွက်တွေပေါ်ရတဲ့အကြောင်းအရင်းများတခါတလေဘာမှတို က်မိခိုက်မိတာမရှိဘဲနဲ့အရေပြားပေါ်မှာအညိုအမည်းကွက်တွေပေါ်လာရင်ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်

လုပ်ရမလဲစဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ဒီလိုအညိုကွက်တွေဖြစ်ရတာ အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီးသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်းတိုက်ရိုက်ပတ်သက်နေပါတယ်။ဒီတော့အရေပြားပေါ်မှာအညိုအမည်းကွက်တွေပေါ်ရ

တဲ့အကြောင်းရင်းနဲ့သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ဖတ်ကြည့်လိုက်ပါဦးနော်။(၁အလေးချိန်များတဲ့ပစ္စည်းတွေ မခြင်းကြောင့်တခါတရံအရမ်းလေးတဲ့ပစ္စည်းတွေမလိုက်တဲ့အခါမျိုးမှာခန္ဓာကိုယ်ထဲကဆံချည်မျှင်သွေးကြောလေးတွေ

ပြတ်သွားပြီးအရေပြားပေါ်မှာအညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။သင့်ခန္ဓာကိုယ်ကခံနိုင်တာထက်ပိုတဲ့အလုပ်တွေလုပ်မိသွားပြီဆိုတဲ့အဓိပ္ပါယ်ဖြစ်တာကြောင့်နောက်ဆိုဒီလိုလေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်သံဓာတ်အားဖြည့်ဆေး၊အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်းဒီလိုအညိုကွက်တွေဖြစ်တတ်ပါတယ်။သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ

အဲ့ဒီလိုအညိုအမည်းကွက်တွေဖြစ်လာတယ်လို့သတိထားမိတယ်ဆိုရင်တော့ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာသွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့သေချာပြသပြီးစစ်ဆေးသင့်ပါတယ်။(၃)သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်ကအညိုအမည်းကွက်တွေ ဟာသွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင်အဲ့ဒီအညိုအမည်းကွက်တွေပေါ် လာတဲ့အချိန်မှာခြေထောက်ရောင်ရမ်းနာကျင်တာ၊သွားဖုံးသွေးယိုတာ၊နှာခေါင်းသွေးထွက်တာနဲ့အရေပြားအပေါ်လွှာမှာ

သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့သွေးကင်ဆာလိုရောဂါမျိုးကြောင့်ဖြစ်နေနိုင်တာမို့ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။(၄)အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်ခန္ဓာကိုယ်ထဲမှာဗီတာမင်ဓာတ်တစ်မျိုးမျိုးချို့တဲ့နေတဲ့ အချိန်မှာ

လည်းအရေပြားပေါ်မှာအညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။ဗီတာမင်၊အာဟာရဓာတ်ချို့တဲ့မှုကြောင့်ဖြစ်လာတဲ့အညိုအမည်းကွက်တွေကတော့ထိလိုက်ရင်နာကျင်မှုမရှိပါဘူး။ဒီအခြေအနေဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ

ဗီတာမင်B12ဗီတာမင်ကေနဲ့ဗီတာမင်စီအဓိကလိုအပ်နေတာပါ။၅ဟော်မုန်းမညီမျှမှုကြောင့်ခန္ဓာကိုယ်ထဲမှာဟော်မုန်းပမာဏမညီမျှခြင်းကြောင့်လည်းအရေပြားပေါ်မှာအညိုကွက်တွေဖြစ်နိုင် ပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမှာ

အီစထရိုဂျင်ဟော်မုန်းနည်းနေမယ်ဆိုရင်ဆံချည်မျှင်သွေးကြောလေးတွေကိုအားနည်းစေပြီးပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။(၆)အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်အသက်ကြီးလာတဲ့အချိန်မှာအရေပြားတစ်သျှူးတွေက

အားနည်းလာပြီးကျုံ့ဆန့်နိုင်စွမ်းလည်းနည်းလာပါတယ်။အဲ့ဒီအခါအရေပြားအောက်မှာရှိတဲ့သွေးကြောလေးတွေလည်းအားနည်းလာပြီးပြတ်လွယ်လာတာကြောင့်အဲ့ဒီနေရာတွေမှာအညိုကွက်တွေဖြစ်လာပါတယ်။(၇)ဆီးချိုရောဂါကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးထဲမှာသကြားဓာတ် များနေတဲ့အခါသွေးလှည့်ပတ်မှုကိုကမောက်ကမဖြစ်စေနိုင်ပြီးအရေပြားပေါ်မှာအညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေ

နိုင်ပါတယ်။တခါတလေထိခိုက်မှုကမပြင်းထန်ပေမယ့်အညိုကွက်ကအကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊အရေပြားပေါ်မှာအဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့မျက်စိမှုန်တာတွေတပြိုင်တည်းဖြစ်နေရင်တော့ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့်ဆရာဝန်နဲ့ပြသင့်ပါပြီ။Credit

LEAVE A REPLY

Please enter your comment!
Please enter your name here