






စနေသားသမီးများထီပေါက်ကံအကျိုးပေးအထူးဟောဤရက်များတွင်စနေသားသမီးများသည်ဘဝ၏အောင်မြင်ဆုံးအချိန်ကိုရောက်ခါနီးမှရှေ့တိုးရခက်နောက်ဆုတ်ရခက်ဖြစ်တတ်သည်။

ဟိုယောင်ယောင်ဒီယောင်ယောင်ဖြင့်အချိန်များကုန်စေမည်ကြီးမားသောဒုခမဟုတ်သော်ငြားလည်းစိတ်နှောင့်ယှက်မှုများကြုံရမည်။အလုပ်တခုကိုပြီးစီးသည်ထိလုပ်မှအကျိုးရှိမည်။တစ်ပိုင်းတစ်စမထားပါနှင့်။

နာမည်ဆိုးထွက်တတ်သည်လက်အောက်ငယ်သားများသတိထားပါ။မမျော်လင့်ပဲအကြီးအကျယ်ငွေဝင်ကိန်းရှိသည်။စက်ပစည်းကြီးကြီးဝင်တတ်သည်။မတူညီသောအလုပ်တခုတွင်အောင်မြင်မှုအထူးရရှိမည်။

စက်ပစည်းအဝင်ကောင်းသည်။သို့သော်မိသားစုအိမ်တွင်းရေးပြသနာများရင်ဆိုင်ဖြေရှင်းရတတ်သည်။မည်သည့်ကိစ္စတွင်မဆိုစိတ်ကိုတည်ငြိမ်အောင်ထားပြီးဆောင်ရွက်ပါကအောင်မြင်မှုရရှိမည်။

စီးပွားရေးနှင့်ပတ်သက်၍အနုပညာလုပ်ငန်းဖျော်ဖြေရေးလုပ်ငန်းရေထွက်ပစ္စည်းစသည်တို့ဖြင့်အကျိုးပြုမည်။ပညာရေးနှင့်ပတ်သက်၍ထူးချွန်မည်။

ဘွဲ့ဒီဂရီတင်မကပဲဘဝတွက်အရေးပါသောအသက်မွေးဝမ်းကျောင်းပညာများသင်ယူရရှိမည်။အကျိုးပေးသောဂဏန်းမှာ (၁ ၇ ၉)ဖြစ်ပါတယ်။အကျိုးပေးအရောင်မှာအဝါရောင်ဖြစ်ပါတယ်။

ဤရက်များတွင်ကံပွင့်ကံတက်စေရန်အတွက်ပြုလုပ်ရမည့်ယတြာမှာအဝါရောင်ဆောင်ပီးလျှင်အိမ်ရှိဘုရားစင်တွင်မေမြို့ပန်း(၁၀) ပွင့်လှူ၍လိုရာဆုတောင်းပါ။ဆရာဟိန်းမင်ဈာန်ဖုန်း၀၉၄၂၅၈၃၄၇၇၂

LEAVE A REPLY

Please enter your comment!
Please enter your name here