စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင်အိုးနဲ့စိုက်မှာလား၊မြေမှာချပြီးစိုက်မှာလားရွေးပါ။အိုးနဲ့စိုက်မယ်ဆိုရင်လည်းအိုးကရေမဝပ်အောင်အောက်ခြေမှာအပေါက်လေးတွေပါတဲ့အိုးနဲ့

စိုက်ပါမြေမှာစိုက်မယ်ဆိုရင်လည်းရေမဝပ်နိုင်တဲ့နေရာမှာစိုက်ပါစံပယ်ပင်လေးတွေဟာနေရောင်ကြိုက်ပါတယ်အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာစိုက်ပါစံပယ်ပင်

လေးတွေကိုတစ်နေ့တစ်ကြိမ်ရေလောင်းပါရေလောင်းတဲ့အခါမှာအောက်ခြေမြေကြီးကိုပဲလောင်းပါသစ်ရွက်လေးတွေကိုရေမစိုပါစေနဲ့စံပယ်ရွက်လေးတွေကိုရေစိုသွားရင်နေရောင်နဲ့

ထိတဲ့အခါမှာအရွက်လေးတွေပုပ်သွားတတ်ပါတယ်စံပယ်မျိုးစိတ်အများစုကနွယ်တက်တတ်ပါတယ်စံပယ်ပင်နားမှာတိုင်လေးဖြစ်ဖြစ်စင်လေးဖြစ်ဖြစ်ထားပေးပါစံပယ်ပွင့်လေး

တွေအမြဲတမ်းဝေနေစေချင်ရင်တစ်လတစ်ခါလောက်တော့မြေသြဇာသုံးပေးပါပျိုးပင်ဆိုင်လေးတွေမှာစံပယ်ပင်အတွက်မြေသြဇာဝယ်နိုင်ပါတယ်စံပယ်ပင်လေးတွေကိုကိုင်းညှပ်ပေး

ပါမခူးဖြစ်တဲ့အပွင့်ခြောက်တွေအရွက်ခြောက်တွေကိုင်းခြောက်တွေကိုကတ်ကြေးနဲ့ညှပ်ပါသတိထားရမွာကပန်းပွင့်နေချိန်မှာကိုင်းမညှပ်ပါနဲ့ပန်းပွင့်နှုန်းလျော့သွားတတ်လို့ပါ

အပြင်မှာရာသီဥတုအရမ်းအေးလွန်းရင်စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါမြေမှာစိုက်ထားတယ်ဆိုရင်အပင်ခြေနားတဝိုက်ကိုကောက်ရိုးလေးတွေပုံထားပေးပါရာသီဥတုပူလွန်းရင်

လည်းစံပယ်ပင်လေးတွေပူပြီးခြောက်မသွားအောင်ရေမကြာခဏလောင်းပေးပါသင့်စံပယ်ပင်လေးတွေအပွင့်မပွင့်တာကြာပြီအရွက်ကြမ်းတွေပဲထွက်နေတယ်ဆိုရင်မြေကြီး

ကိုnitrogenလေးထည့်ပေးပါပြီးရင်အပေါ်ကပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီရဲ့လားပြန်စစ်ပါစံပယ်ပန်းလေးတွေကိုခူးရင်ကတ်ကြေးထက်ထက်နဲ့ညှပ်ပြီးခူးပါလက်နဲ့မချိုးပါနဲ့မ

ဆိတ်ပါနဲ့ခူးပြီးသားစံပယ်ပွင့်လေးတွေကိုကြာရှည်လတ်ဆတ်နေချင်ရင်ရိုးတံလေးကိုရေထဲစိမ်ထားပါစံပယ်ဖူးလေးတွေကိုသုံးပြီးကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့JasmineTea လေးလုပ်သောက်လို့ရပါတယ်credit