စိုက်ပျိုးနည်းအရပ်ဒေသကို လိုက်ပြီးစိုက်နည်း(၂)နည်းရှိပါတယ်အဲဒါတွေကတော့၁။တိုက်ရိုက်စိုက်နည်းနဲ့၂။ ရွှေ့ပြောင်းစိုက်နည်းတို့ဖြစ်ပါတယ်၁တိုက်ရိုက်စိုက်နည်းပျိုးခင်း၊ပျိုးဘောင်တွေနဲ့ ပျိုးမထောင်ဘဲ နှစ်သက်တဲ့

ထယ်ရေး၊ထွန်ရေးရရင်မျိုးစေ့တွေကို ညီညာစွာကြဲပက်စိုက်ပျိုးပါတစ်ဧကကို မျိုးစေ့(၁၀၀)ဂရမ်လိုအပ်ပါတယ်အပင်ပေါက်စုံရင်လိုချင်တဲ့အကွာအဝေးထားပြီးကျန်တဲ့အပင်တွေကို နှုတ်ပစ်ပါ။အများအားဖြင့်မုံရွာ၊

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဘုတလင်နဲ့ ညောင်ကန်တစ်ဝိုက်မှာစိုက်ပျိုးလေ့ရှိပါတယ်။၂။ ရွှေ့ပြောင်းစိုက်နည်းထယ်ရေးအသင့်ပြင်ထားတဲ့ မြေပေါ်မှာအသင့်ပျိုးထောင်ထားတဲ့ပျိုးပင်တွေပျိုးသက်(၃၀-၄၅) ရက်ရရင် ရွှေ့ပြောင်းစိုက်ပျိုးပါအပင်ပြုစုစောင့်ရှောက်ခြင်

ရွှေ့ပြောင်းစိုက်ပျိုးပြီး၃-၄ရက်ကြာရင်အပင်စတင်လန်းလာပါလိမ့်မယ်၁၀-၁၂ ရက်ကြာရင် ပေါင်းနှိမ်တာ၊ ရေသွင်းတာစလုပ်ပါကြားပေါင်းလိုက်တာ၊ မြေဆွပေးတာ၊ မြေသြဇာကျွေးတာတွေကို (၂)ပတ်တစ်ကြိမ်လုပ်ပါ

မြေသြဇာကျွေးခြင်းတစ်ဧကကို နွားချေးလှည်း(၁၀-၂၀)စီးထည့်ပါဓါတ်မြေသြဇာဆိုရင်ကီလို(၅၀)ရှိသော ကောမက်စွမ်းအား(၁)အိတ်နှင့် ကောမက်ဂျစ်ပဆန်(၂)အိတ် နှုန်းကို မြေပြင်တုန်းကထည့်ပြီး၊အပင်ကြီးထွားတဲ့ကာလ

တစ်လျှောက်မှာ ကောမက်ဂျီ၂၁(၂)အိတ် နှင့် ကောမက်ဗွီစူပါ(၂)အိတ်ကို ခွဲကျွေးရပါမယ်တစ်ဧကကို နှမ်းဖတ်မှုန့်ကီလို(၅၀၀) နှုန်းကိုငရုတ်ပင်ပတ်လည်ထည့်ပေးပါခူးဆွတ်ခြင်းရွှေ့ပြောင်းစိုက်ပြီး(၂)လအကြာမှာပန်းစတင်ပွင့်ပါတယ်

ပန်းပွင့်ပြီး(၂)ပတ်အကြာကစပြီးပထမအကြိမ်ခူးဆွတ်နိုင်ပါတယ်။ ရွှေ့စိုက်ပြီး(၃-၄)လအတွင်းဆွတ်ခူးနိုင်ပါတယ်အသီးတွေနီရဲလာရင် မြန်မြန်ဆွတ်ခူးပါမှည့်နေတဲ့အသီးတွေကိုပဲ ဆွတ်ခူးပါငရုတ်အသီးအမှည့်ကိုခူးတဲ့အခါမှာ

ကြက်တူရွေးနှုတ်သီးရောင်နဲ့ ကြေးညိုရောင်အတောင့်ကိုမခူးရပါဘူးကြက်တူရွေးနှုတ်သီးရောင်ဆိုတာကငရုတ်သီးဟာအစိမ်းတစ်ပိုင်း၊အနီတစ်ပိုင်းအဆင့်ကို ခေါ်တာဖြစ်ပြီးအဲဒီအဆင့်ကိုကျော်ရင်ကြေးညို ရောင်အဆင့်လို့ခေါ်ပါတယ်

အဲဒီအဆင့်(၂)ဆင့်ကို ကျော်မှသာငရုတ်သီးကိုခူးရပါမယ်ငရုတ်သီးစိမ်း ဈေးကွက်ရှိတယ်ဆိုရင်တော့ငရုတ်သီးစိမ်းတောင့်ကိုခူးနိုင်ပါတယ်မျိုးနဲ့ မြေကိုမူတည်ပြီး ဒေသမျိုးများမှာတစ်ဧကမှာငရုတ်သီးအခြောက်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပိဿာ၂၀၀-၃၀၀ထွက်နိုင်ပြီးငရုတ်သီးအစိမ်းနေနဲ့ပိဿာ၄၀၀-၁၀၀၀ထွက်နိုင်ပါတယ်စပ်မျိုးများသာမို၁၁၊ဒီမွန်မှာတစ်ဧကငရုတ်သီးအခြောက်ပိသာ၁၀၀၀-၁၅၀၀ထွက်နိုင်ပီး အစိမ်းပိသာ(၃၀၀၀-၄၅၀၀)ထွက်နိုင်ပါတယ်Via;ဒေါက်တာကိုကို(စိုက်ပျိုးရေး)