သင့်အိမ်ကဆန်ဆေးရည်တွေကိုအကျိုးရှိမဲ့နေရာတစ်ခုခုမှာမသုံးစွဲဘဲသွန်ပစ်နေခြင်းမျိုးလုံးဝမလုပ်ပါနှင့်ဆန်ဆေးရေရဲ့အစွမ်းအံ့မခန်းအသုံးဝင်ပုံစရိတ်နည်းဖို့ဒီလိုအစပြုပါသင့်အိမ်ကဆန်ဆေးရည်တွေကိုအကျိုးရှိမဲ့နေရာတစ်ခုခုမှာ

မသုံးစွဲဘဲသွန်ပစ်နေခြင်းမျိုးလုံးဝမလုပ်ပါနှင့်အထူးသဖြင့်သင်ဟာစိုက်ပျိုးရေးနဲ့ပါတ်သက်ဆက်နွယ်နေသူတစ်ဦးဖြစ်နေတယ်ဆိုရင်ပိုလို့တောင်ဆင်ခြင်သင့်ပါတယ်ဆန်ဆေးရည်မှာဘာတွေပါသလဲဆိုရင်သက်ရှိများကိုအကျိုးပြုနိုင်သော

ဓါတ်အဟာရတွေမြောက်များစွာပါဝင်နေပါတယ်လို့သာအလွယ်မှတ်လိုက်ကြပါစို့။အိုမင်းရင့်ရော်ခြင်းကိုဟန့်တားစေနိုင်ခြင်းမဖြစ်မနေကျိုးရမဲ့သွားတွေကိုခိုင်ခန့်စေနိုင်ခြင်းနှင့်ဖြူသွားတဲ့ဆံပင်တွေတဖန်ပြန်ပြီးမဲနက်လာစေနိူင်ခြင်း

ဆိုတဲ့အထိအစွမ်းအာနိသင်မျိုးတွေဆန်ဆေးရည်မှာရှိနေပါတယ်စိုက်ပျိုးရေးနဲ့ပါတ်သက်သည်များကိုအဓိကထားတင်ရမယ်ဆိုရင်အပင်များနဲ့ပါတ်သက်ရင်လဲများပြားလှစွာသောအကျိုးများကိုဖြစ်ထွန်းစေပါတယ်အထွေအထူးစီမံနေစရာ

မလိုပါဘူးဆန်ဆေးရည်ကိုအချဉ်ဖေါက်ပြီးသုံးစွဲယုံသာဖြစ်ပါတယ်အရင်ဦးဆုံးဆေးတဲ့ဆန်ဆေးရည်ကိုရေသန့်ဗူးအလွှတ်ထဲမှာထည့်အဖုံးကိုမလုံ့တလုံထားအေးခြောက်မှာ၇ရက်ထားလိုက်ပြီးရင်ပိတ်စပါးပါးဖြင့်စစ်ယူလိုက်ပါထိုအရည်ကို

၆လခန့်အထိအေးခြောက်မှာသိမ်းဆည်းပြီးအသုံးပြုခဲ့ဖူးပါတယ်ပြုလုပ်သိမ်းဆည်းသူရဲ့သန့်ရှင်းမှုရာသီဥတုအပူအအေးပေါ်မူတည်ပြီးအထားခံတဲ့ရက်ကွာခြားသွားနိုင်ပါတယ်အရာရာတိုင်းမှာအကန့်အသတ်ဆိုတာရှိစမြဲမဟုတ်လားဖြစ်ပြီး

တိုင်းပျက်နေရတဲ့လောကကြီးမှာဖြစ်ခြင်းပျက်ခြင်းသဘောတရားနဲ့ဆန်ကျင့်နေသောကြာလေကောင်းလေဆိုတဲ့သတ်မှတ်ချက်မျိုးနဲ့နဖူးတွေ့ဒူးတွေ့ဆုံတွေ့ခဲ့ရင်ခြင့်ချိန်ပြီးသာဆုံးဖြတ်ပါလို့ပြောလိုပါတယ်ကြုံလို့နောက်တစ်ခုတဆက်တည်း

တင်ပြပေးခြင်တာကဘယ်နှစ်ရက်ထားရင်ဘာဓါတ်ဘာဓါတ်တွေပါဝင်နေမယ်နောက်ထပ်ဘယ်နှစ်ရက်ထပ်ထားလိုက်ရင်တော့ဘာဓါတ်၊ဘာဓါတ်တွေထပ်တိုးလာမယ်ဆိုတာမျိုးကိုလဲကြားဖူးခဲ့ပါတယ်ဘာမှထပ်ထည့်ပေးတာလဲမဟုတ်ဘဲ

ရက်ကာလတစ်ခုထပ်တိုးလိုက်ယုံနဲ့ဓါတ်တွေထပ်တိုးလာမယ်ဆိုတာကိုလဲစဉ်းစားပေါ့လို့သတိပေးပါရစေဤကဲ့သို့ကိစ္စရပ်များကိုယုံကြည်စွာဝေငှပေးသူများထပ်ဆင့်ပြီးဖြန့်ဝေပေးသူများကိုတိုက်ခိုက်လိုခြင်းစိတ်လုံးဝမရှိပါ

လွှတ်လပ်စွာကွဲလွှဲ့နိုင်ပါတယ်။ကျနော့်မိတ်ဆွေများကိုအနည်းဆုံးတစ်ခါလောက်တော့စဉ်းစားပါလို့သတိပေးယုံသက်သက်ပါယုံကြည်ခြင်းမယုံကြည်ခြင်းကတစ်ဦးတစ်ယောက်ခြင်းစီနဲ့သာသက်ဆိုင်ပါတယ်လွှတ်လပ်စွာကွဲလွှဲခွင့်ရှိကြတယ်မဟုတ်လား

ကဲဆန်ဆေးရည်မှာကယ်လ်စီယမ်၊သံကာဗိုဟိုက်ဒရိတ်နှင့်စပါးအတွက်မရှိမဖြစ်လိုအပ်သောစီလီကာဓါတ်ဗီတာမင်ဓါတ်၊ကစီဓါတ်နှင့်အပင်အတွက်အကျိုးဖြစ်ထွန်းစေသောအခြားဓါတ်ပေါင်းမြောက်များစွာလည်းပါဝင်နေပါတယ်ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့်

အချို့အချို့သောမှို၊ပိုး၊ပျ၊စုပ်စားပိုးတို့ကိုနိမ်နင်းနိုင်စွမ်းရှိပါတယ်အပင်များကိုပက်ဖျန်းပေးလျှင်ကျန်းမာသန်စွမ်းစေနိုင်ပါတယ်အပင်မစိုက်ပျိုးမှီစိုက်ကျင်းထဲကိုပက်ဖျန်းပေးခြင်းဖြင့်အချို့သောမြေအောင်းပိုးများရန်ကိုတားဆီးနိမ်နင်းနိုင်ပါတယ်