အိမ်ရှင်မများအတွက်အနီးကပ်ရန်သူ(သို့)ဆန်ပိုးအိမ်ရှင်မတွေကြုံတွေ့ရလေ့ရှိတဲ့စိတ်ရှုပ်စရာတစ်ခုကတော့ဆန်ပိုးတက်တဲ့ကိစ္စပါပဲ။ထမင်းတစ်ခါချက်ဖို့အရေးထမင်းချက်တဲ့

နေရာမရောက်လိုက်ဘဲဆန်ပိုးဖယ်နေရတာနဲ့တင်အချိန်ကုန်သွားတတ်တာမျိုးပေါ့ဒါကြောင့်ဒီနေ့တော့ဆန်ပိုးနဲ့ပတ်သက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာလေးတွေကိုအိမ်ရှင်မ

တွေအတွက် အသုံးဝင်အောင်ပြောပြပေးလိုက်ပါတယ်နော် ဆန်ပိုးဘယ်ကစဆန်ရဲ့သဘာဝအရကြာရှည်သိုလှောင်ထားရင်ပိုးတက်လေ့ရှိပါတယ်ကြိတ်သားပေါ်မှာလည်းမူတည်ပြီး

တော့လည်းစက်ရုံကထွက်လာတဲ့ကြိတ်သားကောင်းရင်ကောင်းသလို(၃)လအထိအထားခံတာမျိုးလည်းရှိပါတယ်ကြိတ်သားသိပ်မကောင်းတဲ့ဆန်မျိုးကျတော့(၁)လလောက်

အထိပဲအထားခံတာမျိုးလည်းရှိတတ်ပါတယ်ဆန်ပိုးတက်ပြီဆိုရင်ပထမအဆင့်မှာဆန်ပိုးအမတွေကဆန်စေ့တွေကိုဖောက်ပြီးဥဥပါတယ်ဆန်ပိုးတစ်ကောင်ရဲ့သက်တမ်းက

ပျမ်းမျှ၂၇ရက်မို့ဆန်ပိုးအမတစ်ကောင်ဟာသူ့သက်တမ်းအတွင်းအကြမ်းဖျဉ်းအားဖြင့်ဥပေါင်း၃၀၀ကျော်ဥပါတယ်ဥကတစ်ဆင့်ဆန်ပိုးတွေပေါက်ဖွားလာပါတယ်ဒုတိယအဆင့်

မှာဆန်ပိုးအကောင်တွေပိုကြီးလာပြီးပေါက်ပွားနှုန်းလည်းပိုမြန်လာပါတယ်ဒီအဆင့်အထိဆန်ပိုးတွေကိုဖယ်ရှားပြီးဆန်အကောင်းကိုပြန်ရွေးလို့ရနိုင်ပါသေးတယ်တတိယအဆင့်

ရောက်သွားရင်တော့ဆန်တွေကလက်နဲ့ဖြစ်လိုက်ရင်ကိုကြေမွသွားတာမျိုးဘယ်လိုမှကိုချက်လို့မရတော့တာမျိုးဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲအဲဒီတော့ဆန်ပိုးမတက်အောင်

ဆန်ကိုဆန်အိတ်ထဲမှာပဲသိုလှောင်ထားမယ်ဆိုရင်ဆန်ပိုးမတက်ခင်အိတ်သားအရင်တက်လေ့ရှိပါတယ်အိတ်သားတက်တယ်ဆိုတာဆန်ကမဖွေးတော့ဘဲညိုညစ်ညစ်ဖြစ်လာတာမျိုး

ပေါ့ဒါကြောင့်ဆန်ကို အိတ်အစားလေလုံတဲ့ဆန်အိုး၊ဆန်ပုံးတို့နဲ့သိုလှောင်သင့်ပါတယ်ကြက်သွန်နီ၊ငြုပ်သီးခြောက်၊မီးသွေးတို့ကိုဆန်အိုးထဲရောထည့်ထားရင်လည်းဆန်ပိုးတက်ခြင်းကို

သက်သာစေနိုင်ပါတယ်။ဆန်ပိုးဖယ်ရှားနည်းဆန်ပိုးမတက်အောင်နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားကဆန်ပိုးတက်လာပြီဆိုရင်တော့အောက်ပါနည်း(၅)နည်းနဲ့လည်းဖြေရှင်းနိုင်ပါ

သေးတယ်1ဆန်ကိုနေပူပူထဲမှာ၁၅မိနစ်လောက်ပြထားလိုက်ပါပြီးရင်စကောဝိုင်းထဲထည့်ပြီးဆန်ပြာလိုက်ရင်အလယ်မှာ ဆန်ပိုးတွေ စုလာပါလိမ့်မယ်။2ဆန်ထည့်ထားတဲ့အိတ်အိုး

ပုံးတို့ကိုဖွင့်ပြီးတော့ဆန်ပေါ်မှာအဝတ်စအဖြူလေးအုပ်ပေးထားလိုက်ပါခဏကြာရင်အဝတ်စပေါ်ကိုဆန်ပိုးတွေတက်လာပါလိ့မ်မယ်အဝတ်ကိုရေမစိုအောင်တော့သတိပြုဖို့လို

ပါတယ်3ဆန်ကိုရေခဲသေတ္တာထဲသုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသားဖြစ်ပါလိမ့်မယ်4-Don’t keep for too longအကြာကြီးသိမ်းဆည်း

မထားပါနဲ့ဆန်တွေကိုနှစ်ရှည်လများစွာသိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်5-Don’t store the rice in a wooden containerသစ်သားပုံးတွေထဲမှာ

ဆန်များကိုထည့်သွင်းမသိုလှောင်ထားပါနဲ့သစ်သားပုံးတွေထဲမှာဆန်များထည့်သွင်းထားပါကပိုးထိုးမြန်စေပါတယ်တကယ်လို့ဆန်ထဲကပိုးကောင်တွေကိုရှင်းထုတ်ချင်ပါကဆန်ထဲသို့

ငြုပ်သီးအခြောက်တောင့်များထည့်သွင်းထားလိုက်ပါကဆန်ပိုးများကင်းရှင်းသွားပါလိမ့်မည်တကယ်လို့ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါကကရဝေးရွက်Bay leavesများကိုဆန်အတွင်းသို့ရောနှော၍ထည့်ထားလိုက်ပါကပိုးထိုးခြင်းရန်မှကင်းဝေးစေပါတယ်