၁၉သိန်းခန့်အထိ ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေးဒေါ်လာဈေး၊ကမ္ဘာရွှေဈေးတို့နဲ့အတူ ပြည်တွင်းရွှေဈေးလိုက်ပါမြင့်တက်ခဲ့ရာဇန်နဝါရီ၂၀ရက်ဒီနေ့မနက်ပိုင်းမှာအကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို၁၈သိန်း၈သောင်း

၅ ထောင်ထိ ဈေးမြင့်တက်ခဲ့ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာတတိယပတ်ကစပြီးအလှုပ်အခတ်များခဲ့တဲ့ကမ္ဘာ့ရွှေဈေးဟာဒီနေ့နံနက်ပိုင်းမှာတစ်အောင်စကို၁၈၃၉ ဒေါ်လာထိ မြင့်တက်ခဲ့ပြီးကမ္ဘာ့ရွှေ၁တအောင်စကိုမနေ့ကအမေရိကန်ဒေါ်လာ

၁၈၁၂ဒေါ်လာသာရှိခဲ့တာဖြစ်ပြီးတစ်ရက်အတွင်း၁တအောင်စကို ဒေါ်လာ၃၀နီးပါးမြင့်တက်ခဲ့တာဖြစ်ပါတယ်ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးပြောပြချက်အရအရင်က မြန်မာကျပ်ငွေကိုမယုံကြည်လို့ ရွှေကိုအလုအယက်ဝယ်ယူ

စုဆောင်းကြရာကနေ ဈေးအဆမတန်မြင့်တက်ခဲ့တာဖြစ်ပေမဲ့အခုအခါမှာတော့ ရွှေဈေးကွက်ထဲမှာအရောင်းအဝယ်ပါးနေပြီး ဒေါ်လာဈေးအတက်ကြောင့်သာ ရွှေဈေးကလိုက်တက်ရတာ ဖြစ်တယ်လို့ဆိုပါတယ်ဗဟိုဘဏ်ကဇန်နဝါရီလ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အတွင်း၅ကြိမ်မြောက်အဖြစ်နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်အမေရိကန်ဒေါ်လာ၁၅သန်းအားယနေ့ဇန်နဝါရီ၂၀ရက်တွင် လေလံအတွက်ပျှမ်းမျှငွေလဲလှယ်နှုန်းမှာအမေရိကန်၁ ဒေါ်လာလျှင်၁၇၇၈ကျပ်ဖြင့် ရောင်းချပေးခဲ့ပါတယ်

ကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်းဒီနေ့ဇန်နဝါရီ၂၀ရက်မှာဘဏ်ပေါက်ဈေး၁၇၈၆ကျပ်ဖြစ်ပေမယ့် ပြင်ပဈေးကွက်မှာတော့ကျပ်၁၉၇၀ကနေ၂၀၀၀ကြားအရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းသိရပါတယ်