ဆရာမကြီးဒေါ်သဇင်ထွန်း ပြောတဲ့ဝင်ငွေကောင်းပြီးချမ်းသာစေမယ့် “၅၀တန် ရေလုံငွေထုပ်”ယတြာလုပ်နည်းမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံလို့ဆိုပေမယ့်ဘာသာခြားတွေအပြင်နတ်ကိုး ကွယ်သူ ဗေဒင်၊ယတြာယုံကြည်သူတွေလည်း
အများအပြားရှိနေပါတယ်။ဒီလို ကွဲပြားတဲ့ယုံကြည်ကိုးကွယ်မှုတွေအပေါ်မှာတော့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ဖို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မိမိမကိုးကွယ်မယုံကြည်ယုံနဲ့သူတစ်ပါးရဲ့
ကိုးကွယ်ယုံကြည်မှုကိုမထိခိုက်ပါစေနဲ့နော်။အခုတင်ပြပေးမှာကတော့ ဗေဒင်ယတြာအကြောင်းပဲ ဖြစ်ပါတယ်ဒီအကြောင်းကိုတော့ ငွေလဘ်ရွှင်ပြီး ငွေဝင်ကျန်းမာ ပြည့်ဝစွာချမ်းသာ စေမယ့်နည်းလမ်းလေးကိုဆရာမကြီး
ဒေါ်သဇင်ထွန်းကမျှဝေပေးထားတာပါ။ကျွန်တော်တို့အနေနဲ့လုပ်သလောက်အကျိုးမခံစားရဘူးရသလောက်ပြန်ကုန်နေတယ်။ လာဘ်လာဘ ပိတ်နေတယ် အရောင်းအဝယ်မကောင်းဘူးဆိုသူတွေအနေနဲ့ ငွေ၅၀ကျပ်န်(သို့)၅၀၀(သို့)၅၀၀၀ကျပ်
တန်ကပလက်စတစ်အိတ်နဲ့ထည့်ပြီးပိတ်၊ နောက်တစ်အိတ်နဲ့ ရေအနည်းငယ်ထည့်ပြီးသားရေကွင်းနဲ့ ပိတ်လိုက်ပါတဲ့။ဒါကိုလုပ်ရမယ့်အချိန်ကတော့နံနက်၅နာရီ၄၅မိနစ်တိတိမှာ ငွေထားတဲ့နေရာ ငွေကောင်တာ ငွေသေတ္တာ
ပေါ်မှာထားပေးတာနဲ့သိသိသာသာအကျိုးထူးလိမ့်မယ်လို့ ဆိုပါတယ် ရေကိုတော့တစ်ပတ်တစ်ခါလောက်သတိထားပြီးလဲပေးရမယ်လို့လည်းဆရာမကြီးကမှာကြားထားပါသေးတယ်။
မိတ်ဆွေများအားလုံးစိတ်ရွှင်လဘ်ဝင်ပြီးကျန်းမာချမ်းသာကြပါစေမူရင်းရေးသားသူအားလေးစားစွာဖြင့်Credit ပေးပါသည်