ဆားနှင့်တူသောမိန်းမဆရာဝန်ခင်ဗျားဘာအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပါသလဲကျွန်တော်ဘဏ်စာရေးတစ်ယောက်ပါဆရာဝန်ခင်ဗျားမိန်းမရောသူအလုပ်အကိုင်မရှိပါဘူးသူက

အိမ်ရှင်မတစ်ယောက်ပါဆရာဝန်အိမ်မှာမနက်စာကိုဘယ်သူလုပ်ပါသလဲမိန်းမလုပ်ပါတယ်သူအလုပ်အကိုင်မရှိတော့သူလုပ်ပါတယ်ဆရာဝန်ခင်ဗျားမိန်းမဘယ်အချိန်လောက်ထပြီး

မနက်စာပြင်ဆင်တတ်သလဲမနက်၆နာရီလောက်ပါဧည့်ခန်းတွေသန့်ရှင်းရေးလုပ်ပြီးမှသူမနက်စာလုပ်လေ့ရှိပါတယ်ဆရာဝန်ခင်ဗျားကလေးတွေဘယ်လိုကျောင်းသွားသလဲ

ကျွန်တော့်မိန်းမသွားပို့ပါတယ်သူကအလုပ်အကိုင်မရှိတော့သူပဲပို့ပါတယ်ဆရာဝန်ကလေးကျောင်းပို့ပြီးနောက်သူဘာလုပ်သလဲဈေးသွားပါတယ်ဈေးဝယ်ပြန်ပြီးထမင်းဟင်းချက်

အဝတ်လျှော်ပါတယ်သူကအလုပ်အကိုင်မရှိဘူးလေဆရာဝန်ညအလုပ်ဆင်းလို့အိမ်ပြန်ရောက်ရင်ခင်ဗျားဘာလုပ်သလဲအိမ်ပြန်ရောက်ရင်ကျွန်တော်နားပါတယ်တစ်နေကုန်ပင်ပန်း

ထားတာကိုးဗျာဆရာဝန်အဲဒီအချိန်မှာခင်ဗျားမိန်းမဘာလုပ်နေလဲတစ်အိမ်သားလုံးညစာစားဖို့အတွက်သူပြင်ဆင်နေပါတယ်ကလေးတွေကိုထမင်းကျွေးတယ်ပြီးရင်အိုးခွက်

ပန်းကန်ဆေးတယ်မီးဖိုဆောင်သန့်ရှင်းရေးလုပ်ပြီးကလေးတွေအိမ်စာလုပ်တာကိုစောင့်ကြည့်တယ်ပြီးရင်ကလေးတွေအိပ်ဖို့သိပ်ပါတယ်ဒါဟာအိမ်ရှင်မအလုပ်အကိုင်မှီခိုဆိုတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မိန်းမတစ်ယောက်ရဲ့တစ်နေ့တာအလုပ်ပါဒါကိုအလုပ်အကိုင်မရှိဘူး(မှီခို)လို့ပြောရက်သလားကျွန်မကအိမ်ရှင်မတစ်ဦးပါကျွန်မရဲ့အလုပ်ကတစ်နေ့၂၄နာရီတစ်ပတ်7ရက်ဖြစ်ပြီး

ပိတ်ရက်မရှိပါကျွန်မကမိခင်တစ်ဦးဆိုလည်းဟုတ်တယ်ကျွန်မကဇနီးတစ်ဦးလည်းဖြစ်တယ်ကျွန်မကသမီးတစ်ယောက်လည်းဖြစ်တယ်ကျွန်မကချွေးမတစ်ယောက်လည်း

ဖြစ်တယ်ကျွန်မကနှိုးစက်နာရီဆိုလည်းဟုတ်တယ်ကျွန်မကစားဖိုးမှူတစ်ယောက်ဆိုလည်းဟုတ်တယ်ကျွန်မကအခိုင်းအစေတစ်ယောက်ဆိုလည်းဟုတ်တယ်ကျွန်မကကလေးထိန်း

လည်းဟုတ်တယ်ကျွန်မကဆရာမလည်းဖြစ်တယ်ကျွန်မကသူနာပြုဆိုလည်းဟုတ်တယ်ကျွန်မကစက်ကျူရယ်ပါတနာဆိုလည်းဟုတ်တယ်ကျွန်မကအိမ်စောင့်လည်းဟုတ်တယ်

ကျွန်မကတောက်တိုမယ်ရလည်းဟုတ်တယ်ကျွန်မအကြံပေးလည်းဟုတ်တယ်ကျွန်မမှာနားရက်တွေခွင့်တင်တာတွေမရှိပါဘူးကျွန်မမှာနှစ်တစ်နှစ်ပိတ်ရက်တွေဆိုတာမရှိပါဘူး

ကျွန်မအလုပ်နေ့ရယ်ညရယ်လို့ခွဲလို့မရပါဘူးအဲဒီအတွက်ရတဲ့အကျိုးအမြတ်ကနေ့တိုင်းအိမ်မှာနေပြီးဘာလုပ်နေသလည်းဆိုတဲ့မေးခွန်းကြီးဖြစ်နေတယ်မိန်းမဆိုတာထမင်းစားစားပွဲ

ပေါ်ကဆားနဲ့တူတယ်သူ့အရေးပါမှုကိုလူတွေသိပ်ဂရုမစိုက်မိကြပါဘူးဒါပေမယ့်သူလျော့နေရင်အစားအစာတွေကအရသာမဲ့သွားတတ်သလိုပါပဲနော်သင့်ဘေးကမိခင်မိန်းမချွေးမသမီးအစ်မတွေကိုကျေးဇူးတင်စကားတစ်ခွန်းလောက်ပြောပေးဖို့မမေ့ပါနဲ့ရှင်