ဘာအပြစ်မှပြောစရာမရှိတဲ့ချောမွတ်နူးညံ့တဲ့အသားအရေကပျိုမေတိုင်းရဲ့အိပ်မက်ပါပဲဒါပေမဲ့စိုပြေတောက်ပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ကအချိန်တစ်ခု ရင်းနှီးပြီးဂရုစိုက်ပေးမှပိုင်ဆိုင်နိုင်မှာပါဒီတစ်ခေါက်ပြောပြမယ့်ထိန်းသိမ်းနည်းကတော့နည်းလမ်းအသစ်ပါဒါပေမဲ့ပါဝင်ပစ္စည်းတွေကတော့သင်အလွယ်တကူ
ရရှိနိုင်တဲ့ပစ္စည်းတွေပါပဲဒီတော့နည်းလမ်းကိုကြည့်လိုက်ရအောင်နော်၁။ဒိန်ချဉ်ဒိန်ချဉ်မှာပါဝင်တဲ့Lactic Acidကအရေးအကြောင်းတွေကိုသက်သာစေပါတယ်အသားအရေကိုတင်းရင်းစေပြီးချွေးပေါက်ကျဉ်းစေပါတယ်၂။သံပယိုရည်အနည်းငယ်သံပယိုရည်ကVitamin Cပါဝင်ပြီးအသားအရေပျက်စီး
ခြင်းကိုလျော့ကျစေပါတယ်ဒါ့အပြင်အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်သံပယိုရည်ကအဖော်မွန်ပါပဲ
ဒီနှစ်မျိုးကိုသေချာရောမွှေပေးရပါမယ်၃။နနွင်းမှုန့်နနွင်းမှုန့်ကဘတ်တီးရီးယား ပိုးသေစေပြီးဝက်ခြံတွေကိုတိုက်ထုတ်ပေးတဲ့သဘာဝပစ္စည်းတစ်မျိုးပါ
နနွင်းမှုန့်တစ်ဇွန်းကိုဒီအရောထဲထပ်ထည့်ပေးရပါမယ်၄။ခရမ်းချဉ်သီးအရည်ခရမ်းချဉ်သီးကိုလှီးပြီးနောက်နနွင်းမှုန့်၊ဒိန်ချဉ်နဲ့သံပယိုရည်အရောထဲညှစ်ချရပါမယ်ခရမ်းချဉ်သီးကဗီတာမင်စီကြွယ်ဝပြီးအသားအရေတောက်ပစေတဲ့သဘာဝအသီးတစ်မျိုးပါဒီပါဝင်ပစ္စည်းတွေကိုသေချာရောမွှေပေးရပါမယ်မျက်နှာပေါ်
ဒီအရောမလိမ်းခင်လှီးထားတဲ့ခရမ်းချဉ်သီးနဲ့မျက်နှာကိုပွတ်ပေးရပါမယ်ပွတ်ပြီးနောက်မွှေထားတဲ့အရောကိုမျက်နှာပေါ်လိမ်းနိုင်ပါပြီလိမ်းပြီးနောက်ခြောက်အောင်ထားပေးရပါမယ်ပြီးနောက်မှာတော့ရေအေးအေးနဲ့ဆေးချပြီးအစိုဓာတ်ထိန်းခရင်လိမ်းပေးရပါမယ်ဒီနည်းလမ်းကိုဝက်ခြံအမာရွတ်သက်သာဖို့နဲ့အသားအရေချောမွေ့ဖို့အတွက်အသုံးပြုနိုင်ပြီးတစ်ပတ်မှာနှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်