ဆိုင္ကယ္နဲ႔ကမၻာပတ္ခဲ့တဲ့ ျမန္မာ့ပထမဆုံးအမ်ိဳးသမီးအဘြားေဒၚတင္တင္စိန္ဆုံးသြားပါၿပီတဲ့။ဒီနိုင္ငံမွာကိုယ္ အေတြ႕ခ်င္ဆုံး idol ဟာ အဘြားေဒၚတင္တင္စိန္ပါပဲ။အဘြားေနထိုင္ရာ ပုဂံၿမိဳ့သစ္ကိုသြားၿပီးဂါရဝျပဳခ်င္ေပမယ့္အဘြားက်န္းမာေရအေျခအေနအရဧည့္ေတြလက္ခံဖို့အဆင္မေျပလို့မေတြ႕ခဲ့ရပါဘူး။

အခုအဘြားဆုံးၿပီဆိုေတာ့ဒီစာစုနဲ႔ပဲ ရည္မွန္းကန္ေတာ့လိုက္ပါတယ္။အဘြားေဒၚတင္တင္စိန္ဟာ အာရွမွာေရာ ျမန္မာနိုင္ငံမွာပါ ပထမဆုံး၊ဆိုင္ကယ္နဲ႔ကမၻာပတ္ခဲ့တဲ့အမ်ိဳးသမီးပါ။ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၆၀)ေက်ာ္ကအဘြားေဒၚတင္တင္စိန္နဲ႔ ခင္ပြန္းျဖစ္သူသစ္ေတာအေရးပိုင္ဦးဘတုတ္တို့ဟာဒုတိယကမၻာစစ္လက္က်န္BSA ဆိုင္ကယ္နဲ႔ႏွစ္ေယာက္သားတစ္ႏွစ္နီးပါးေလာက္ကမၻာပတ္ခဲ့ၾကပါတယ္။

၁၉၅၅-၁၉၅၆ခုႏွစ္-ဇနီးေမာင္ႏွံႏွစ္ေယာက္-နိုင္ငံ (၃၀)ေက်ာ္-မိုင္ေပါင္း (၅၀၀၀၀)ေက်ာ္-တစ္ႏွစ္နီးပါးသူတို့ခရီးစဥ္ဟာ စြန႔္စားခန္းအျပည့္ပါပဲ။ ဒီအေၾကာင္းေတြကို အဘြားကိုယ္တိုင္ေရးခဲ့တဲ့ “အာရွပထမဆုံး ျမန္မာျပည္မွ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ စြန႔္စားခရီးသြားႏွစ္ဦးဆိုတဲ့စာအုပ္မွာဖတ္ရွုနိုင္တာမို့အမ်ားႀကီးမေျပာေတာ့ပါဘူး။

သူတို့ခရီးစဥ္အတြင္းဥေရာပတစ္ခြင္ကနိုင္ငံေတြ၊ ၿဗိတိန္၊ ျပင္သစ္၊ ဆြစ္ဇာလန္၊ ဂ်ာမဦ၊ ေနာ္ေဝနိုင္ငံေတြအျပင္ အက္စကီးမိုးစ္ေတြနဲ႔အတူေရခဲအိမ္ေလးထဲတစ္ညပါအိပ္ခဲ့ဖူးေသးသတဲ့။လူရိုင္းေတြၾကားအသက္အႏၲရာယ္ၾကဳံခဲ့တာေတြလမ္းစရိတ္ ပိုက္ဆံျပတ္သြားတာေတြ၊ဆိုင္ကယ္ခ်ိဳ့ယြင္းတာေတြ၊လမ္းမွားတာေတြလည္းသူတို့ခရီးစဥ္အတြင္းၾကဳံခဲ့ရပါသတဲ့။

သရက္ၿမိဳ့ဇာတိ ျဖစ္တဲ့အဘြားေဒၚတင္တင္စိန္ဟာအထက္တန္းကို အမွတ္ေကာင္းေကာင္း၊ဂုဏ္ထူးေတြနဲ့ေအာင္ခဲ့ၿပီး သရက္ၿမိဳ့အလွမယ္ဘြဲ႕လည္းရရွိခဲ့သူျဖစ္ပါတယ္။ ပညာေရးေရာ ႐ုပ္ရည္ေရာ ျပည့္စုံတဲ့ အဘြားဟာ အေပ်ာ္တမ္းဓာတ္ပုံေတြရိုက္ေလ့ရွိသူသစ္ေတာဝန္ေထာက္ဦးဘတုတ္နဲ႔ အေၾကာင္းပါခဲ့တယ္။

အိမ္ေထာင္က်ၿပီးသမီးေလးတစ္ေယာက္ရမွ သမီးကို သူတို့မိဘေတြဆီခဏျပန္အပ္ၿပီးလင္မယားႏွစ္ေယာက္ သား တစ္ႏွစ္တာ ကမၻာပတ္ၾကသတဲ့ေလ။အဘြားတို့ဇနီးေမာင္ႏွံက အစတုန္းကေတာ့ ျမန္မာျပည္ပဲပတ္ဖို့စီစဥ္ရာက ကမၻာပါပတ္ျဖစ္သြားသတဲ့။ သူတို့ခရီးစဥ္ဟာ ကမၻာ့မီဒီယာေတြက အသိအမွတ္ျပဳရတဲ့ခရီးစဥ္လည္းျဖစ္ခဲ့ပါတယ္။

၁၉၃၇ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့အဘြားဟာ ကြယ္လြန္ခ်ိန္ ၂၀၂၀မွာေတာ့အသက္(၈၃)ႏွစ္ရွိခဲ့ပါၿပီ။ အဘြားကြယ္လြန္သြားေပမယ့္ အဘြားရဲ့ စြန႔္စားခန္းေတြ၊ အာဂသတၱိေတြ၊ခရီးစဥ္အေတြ႕အၾကဳံေတြကသမိုင္းတြင္က်န္ရစ္ခဲ့ဦးမွာပါ။အဘြားမကြယ္လြန္မီ သီလရွင္ဆရာေလးေဒၚဓမၼနႏၵအျဖစ္ တရားအားထုတ္ခဲ့တာေတြ၊အဘြားပိုင္တဲ့ဟိုတယ္ပါေရာင္းခ်ၿပီး

သာသနာျပဳလုပ္ငန္းေတြအတြက္လွူဒါန္းခဲ့တာေတြ၊ တိုင္းျပည္အက်ိဳးျပဳလုပ္ငန္း၊ပညာေရး၊ ဘာသာေရးေတြအတြက္ ကိုယ္တိုင္ပါဝင္ခဲ့တာေတြ၊ ကြယ္လြန္ၿပီး ႐ုပ္ကလာပ္ကိုေဆးပညာေလ့လာေရးအတြက္လွူဒါန္းခဲ့တာေတြေၾကာင့္ ေကာင္းမြန္ရာေရာက္မယ္ဆိုတာ ယုံၾကည္ပါတယ္သံသရာခရီးမွာ ၿငိမ္းခ်မ္းပါေစအဘြားအျမဲသတိရေနမွာပါ(ပုံမ်ားကို အဘြားေဒၚတင္တင္စိန္ရဲ့ Fb pageTin Tin Seinကမၻာလွည့္ကေန ကူးယူေဖာ္ျပပါတယ္)

ဆိုင်ကယ်နဲ့ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့ပထမဆုံးအမျိုးသမီးအဘွားဒေါ်တင်တင်စိန်ဆုံးသွားပါပြီတဲ့။ဒီနိုင်ငံမှာကိုယ် အတွေ့ချင်ဆုံး idol ဟာ အဘွားဒေါ်တင်တင်စိန်ပါပဲ။အဘွားနေထိုင်ရာ ပုဂံမြို့သစ်ကိုသွားပြီးဂါရဝပြုချင်ပေမယ့်အဘွားကျန်းမာရေအခြေအနေအရဧည့်တွေလက်ခံဖို့အဆင်မပြေလို့မတွေ့ခဲ့ရပါဘူး။

အခုအဘွားဆုံးပြီဆိုတော့ဒီစာစုနဲ့ပဲ ရည်မှန်းကန်တော့လိုက်ပါတယ်။အဘွားဒေါ်တင်တင်စိန်ဟာ အာရှမှာရော မြန်မာနိုင်ငံမှာပါ ပထမဆုံး၊ဆိုင်ကယ်နဲ့ကမ္ဘာပတ်ခဲ့တဲ့အမျိုးသမီးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း(၆၀)ကျော်ကအဘွားဒေါ်တင်တင်စိန်နဲ့ ခင်ပွန်းဖြစ်သူသစ်တောအရေးပိုင်ဦးဘတုတ်တို့ဟာဒုတိယကမ္ဘာစစ်လက်ကျန်BSA ဆိုင်ကယ်နဲ့နှစ်ယောက်သားတစ်နှစ်နီးပါးလောက်ကမ္ဘာပတ်ခဲ့ကြပါတယ်။

၁၉၅၅-၁၉၅၆ခုနှစ်-ဇနီးမောင်နှံနှစ်ယောက်-နိုင်ငံ (၃၀)ကျော်-မိုင်ပေါင်း (၅၀၀၀၀)ကျော်-တစ်နှစ်နီးပါးသူတို့ခရီးစဉ်ဟာ စွန့်စားခန်းအပြည့်ပါပဲ။ ဒီအကြောင်းတွေကို အဘွားကိုယ်တိုင်ရေးခဲ့တဲ့ “အာရှပထမဆုံး မြန်မာပြည်မှ မော်တော်ဆိုင်ကယ်ဖြင့် စွန့်စားခရီးသွားနှစ်ဦးဆိုတဲ့စာအုပ်မှာဖတ်ရှုနိုင်တာမို့အများကြီးမပြောတော့ပါဘူး။

သူတို့ခရီးစဉ်အတွင်းဥရောပတစ်ခွင်ကနိုင်ငံတွေ၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမဦ၊ နော်ဝေနိုင်ငံတွေအပြင် အက်စကီးမိုးစ်တွေနဲ့အတူရေခဲအိမ်လေးထဲတစ်ညပါအိပ်ခဲ့ဖူးသေးသတဲ့။လူရိုင်းတွေကြားအသက်အန္တရာယ်ကြုံခဲ့တာတွေလမ်းစရိတ် ပိုက်ဆံပြတ်သွားတာတွေ၊ဆိုင်ကယ်ချို့ယွင်းတာတွေ၊လမ်းမှားတာတွေလည်းသူတို့ခရီးစဉ်အတွင်းကြုံခဲ့ရပါသတဲ့။

သရက်မြို့ဇာတိ ဖြစ်တဲ့အဘွားဒေါ်တင်တင်စိန်ဟာအထက်တန်းကို အမှတ်ကောင်းကောင်း၊ဂုဏ်ထူးတွေနဲ့အောင်ခဲ့ပြီး သရက်မြို့အလှမယ်ဘွဲ့လည်းရရှိခဲ့သူဖြစ်ပါတယ်။ ပညာရေးရော ရုပ်ရည်ရော ပြည့်စုံတဲ့ အဘွားဟာ အပျော်တမ်းဓာတ်ပုံတွေရိုက်လေ့ရှိသူသစ်တောဝန်ထောက်ဦးဘတုတ်နဲ့ အကြောင်းပါခဲ့တယ်။

အိမ်ထောင်ကျပြီးသမီးလေးတစ်ယောက်ရမှ သမီးကို သူတို့မိဘတွေဆီခဏပြန်အပ်ပြီးလင်မယားနှစ်ယောက် သား တစ်နှစ်တာ ကမ္ဘာပတ်ကြသတဲ့လေ။အဘွားတို့ဇနီးမောင်နှံက အစတုန်းကတော့ မြန်မာပြည်ပဲပတ်ဖို့စီစဉ်ရာက ကမ္ဘာပါပတ်ဖြစ်သွားသတဲ့။ သူတို့ခရီးစဉ်ဟာ ကမ္ဘာ့မီဒီယာတွေက အသိအမှတ်ပြုရတဲ့ခရီးစဉ်လည်းဖြစ်ခဲ့ပါတယ်။

၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့အဘွားဟာ ကွယ်လွန်ချိန် ၂၀၂၀မှာတော့အသက်(၈၃)နှစ်ရှိခဲ့ပါပြီ။ အဘွားကွယ်လွန်သွားပေမယ့် အဘွားရဲ့ စွန့်စားခန်းတွေ၊ အာဂသတ္တိတွေ၊ခရီးစဉ်အတွေ့အကြုံတွေကသမိုင်းတွင်ကျန်ရစ်ခဲ့ဦးမှာပါ။အဘွားမကွယ်လွန်မီ သီလရှင်ဆရာလေးဒေါ်ဓမ္မနန္ဒအဖြစ် တရားအားထုတ်ခဲ့တာတွေ၊အဘွားပိုင်တဲ့ဟိုတယ်ပါရောင်းချပြီး

သာသနာပြုလုပ်ငန်းတွေအတွက်လှူဒါန်းခဲ့တာတွေ၊ တိုင်းပြည်အကျိုးပြုလုပ်ငန်း၊ပညာရေး၊ ဘာသာရေးတွေအတွက် ကိုယ်တိုင်ပါဝင်ခဲ့တာတွေ၊ ကွယ်လွန်ပြီး ရုပ်ကလာပ်ကိုဆေးပညာလေ့လာရေးအတွက်လှူဒါန်းခဲ့တာတွေကြောင့် ကောင်းမွန်ရာရောက်မယ်ဆိုတာ ယုံကြည်ပါတယ်သံသရာခရီးမှာ ငြိမ်းချမ်းပါစေအဘွားအမြဲသတိရနေမှာပါ(ပုံများကို အဘွားဒေါ်တင်တင်စိန်ရဲ့ Fb pageTin Tin Seinကမ္ဘာလှည့်ကနေ ကူးယူဖော်ပြပါတယ်)

LEAVE A REPLY

Please enter your comment!
Please enter your name here